မီနူး

Sciatica (ခါးကြောညပ်ခြင်း)( December, 2022)

ခါးကြောညပ်ခြင်း(Sciatica)

ခါးကြောညပ်တယ်ဆိုတာ ကျောရိုးဆစ်ကနေထွက်လာတဲ့ အာရုံကြောတစ်ခုဖြစ်တဲ့ Sciatic nerve ဒဏ်ဖြစ်တာပါ။

အာရုံကြောက နောက်ကျောဘက်ကနေ တင်ပဆုံရိုး၊တင်ပါးတို့ကိုဖြတ်ပြီး ပေါင်အနောက်၊ခြေသလုံးအနောက်အထိဆင်းတာပါ။ Sciatic nerve ထိခိုက်မိပါက သူသွားရာလမ်းကြောင်းတစ်လျှောက်လုံးနာကျဥ်မှုခံစားရပါလိမ့်မယ်။

ဘယ်လိုလဏ္ခဏာတွေရှိမလဲ?

အာရုံကြောလမ်းကြောင်းတစ်လျှောက် သိပ်မပြင်းထန်ဘဲ နည်းနည်းနာတာကနေ အရမ်းစူးစူးပြီးနာတာအထိဖြစ်နိုင်ပါတယ်။ တစ်ခါတစ်ရံ ဓာတ်လိုက်မိသလိုလည်း ဖြစ်တတ်ပါတယ်။

ချောင်းဆိုးရင်၊ နှာချေရင်၊ မတ်တပ်အကြာကြီးရပ်ပြီးရင် နာတာပိုဆိုးတတ်ပါတယ်။

ခြေသလုံးနဲ့ ခြေဖဝါးမှာ ထုံခြင်း၊ ရောင်ခြင်း၊ကြွက်သားအားနည်းခြင်းများလည်းဖြစ်နိုင်ပါတယ်။

(ခြေထောက်တစ်ဖက်ကနာနေပြီး ကျန်တစ်ဖက်က ထုံနေတာလည်းဖြစ်နိုင်ပါတယ်)

တခြားလက္ခဏာတွေကတော့…
– ခါးနောက်မှနာနေခြင်း
– ခြေထောက်မမြှောက်နိုင်ခြင်း
– လမ်းလျှောက်ရခက်ခြင်း
– မတ်တပ်မရပ်နိုင်ခြင်းတို့ ဖြစ်တတ်ပါတယ်။

အများအားဖြင့်တော့ ခါးကြောညပ်တာက တစ်ဘက်တည်းမှာပဲ ဖြစ်တတ်တာပါ။ အာရုံကြောဘယ်နေရာထိခိုက်မိတယ်ပေါ်မူတည်ပြီး ခြေဖဝါး၊ခြေချောင်းလေးတွေအထိပါနာတတ်ပါတယ်။

ဘယ်လိုလက္ခဏာတွေပြရင်သတိထားရမလဲ?

တစ်ချို့လူတွေက ကုသမှုတောင်မလိုဘဲ သူ့ဘာသာပျောက်ပြီး ၊ တစ်ချို့က အောက်ဖော်ပြပါလက္ခဏာတွေဆက်ပြတတ်ပါတယ်

• ဖျားပြီးနောက်ကျောနာနေခြင်း

• ကျောရိုး(သို့)နောက်ကျောနေရာတွင်နီပြီးရောင်နေခြင်း

• ခြေထောက်မကြွနိုင်ခြင်း

• ပေါင်၊တင်ပဆုံနား၊တင်ပါးထုံနေခြင်း

• ဆီးသွားချိန်တွင်ပူစပ်စပ်ကဲ့သို့ခံစားရခြင်း

• ဆီးသွားလျှင်သွေးပါခြင်း

• မခံမရပ်နိုင်အောင်နာခြင်း

• ဆီး၊ဝမ်းမထိန်းနိုင်ခြင်း

***အထက်ပါလက္ခဏာတွေပြနေရင်တော့ဆရာဝန်နဲ့ဆွေးနွေးပြသသင့်ပါတယ်***

ဘာလို့ခါးကြောညပ်တာလဲ? အာရုံကြောကိုဘယ်လိုထိခိုက်မိစေတာလဲ?

– ခါးဆစ်အရိုးနုအဝိုင်းလေးကျွံပြီး အာရုံကြောကိုဖိမိတာ

– အရိုးအတတ်ထွက်ပြီး ဖိမိတာ

– အကျိတ်၊ကင်ဆာတို့က ဖိမိတာ

– ခါးဆစ်ရိုးလမ်းကြောင်း ကျဥ်းလာတာ

– ကိုယ်ဝန်ဆောင်နေချိန် ကြီးထွားလာတဲ့သားအိမ်ကအာရုံကြောကို ဖိမိနိုင်တာ

– တင်ပဆုံနဲ့တင်ပါးနားကကြွက်သားတွေ လှုပ်ရှားမှုများပြီး Sciatic nerve ကိုထိခိုက်မိတာ

တခြားဘယ်သူတွေရောအာရုံကြော ညပ်နိုင်ချေရှိသလဲ?

• အသက်ကြီးသူများ ( အရိုးအတတ်ထွက်ခြင်း၊ ခါးရိုးဆစ်လမ်းကြောင်းကျဥ်းခြင်းပိုဖြစ်နိုင် )

• အဝလွန်သူများ

• ဆီးချိုရောဂါရှိသူများ

• ဆီးချိုကြောင့် အာရုံကြောပျက်ဆီးသူများ

• ဒေါက်ဖိနပ် စီးတာများသူများ

• အလေးအပင်မကြာခဏ မရသူများ

• အထိုင်များသူများ (ဥပမာ-ကားမောင်းသူများ၊ ထိုင်တဲ့ပုံစံမမှန်သူများ)

• အရမ်းမာလွန်း၊အရမ်းပျော့လွန်းသောအိပ်ရာ၊မွေ့ရာနှင့်အိပ်သောသူများ

• ဆေးလိပ်သောက်သူများ

ခါးကြောညပ်တာကိုဘယ်လိုကုသကြမလဲ?

– မိမိဘာသာအိမ်မှာပဲအနာသက်သာအောင် ရေခဲဝတ်လေး (သို့) ရေနွေးဝတ်ကပ်ပေးပါ

– အကိုက်အခဲပျောက်ဆေးသောက်လို့ရပါတယ် ( ဥပမာ-ပါရာစီတမောလ် )

– အကြောလျော့လေကျင့်ခန်းကို ညင်ညင်သာသာလုပ်ပေးလို့ရပါတယ်

*** ဒီနည်းလမ်းတွေနဲ့မှ အနာမသက်သာလာဘူး ပိုဆိုးလာတယ်ဆိုရင်တော့ ဆရာဝန်နဲ့ပြန်ပြသပါ ***

ခါးကြောမညပ်အောင်ဘယ်လိုကာကွယ်ကြမလဲ?

• လေ့ကျင့်ခန်းပုံမှန်လုပ်ပေးပါ။

• ထိုင်တဲ့အခါပုံစံတကျထိုင်ပါ။
( ဥပမာ-ခါးမတ်မတ်ထိုင်ပါ )

• အထိုင်အထ၊ ပစ္စည်းမတာ၊ ကုန်းပြီးပစ္စည်းယူတာ ကောက်တာ စတဲ့ခန္ဓာကိုယ်လှုပ်ရှားမှုတွေကိုသတိထားပြီး ပုံစံတကျလှုပ်ရှားပါ။
( ခါးကို မကုန်းုန်းဘဲ ဒူးကွေး ဒူးညွှတ်ပြီး မပါ )

• ခါးလိမ်ပြီးလှုပ်ရှားတာမျိုး၊ အလေးမတာမျိုး ရှောင်ကြဥ်ပါ။

Reference ????
https://www. mayoclinic .com
https://www. webmd .com
https://www. nhs .com

❤️ NUG, MOH တယ်လီကျန်းမာ ၊ လူတိုင်းအတွက်ပါ ❤️

???? တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှ အခမဲ့တိုင်ပင်ဆွေးနွေးနိုင်ပါသည်
*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက်( https://m.me/telehealthmm )ကို နှိပ်ပါ
( နေ့စဉ် မနက် ၈နာရီမှ ည၁၀နာရီအထိ )

#nugmoh#telehealth#telemedicine
#teleconsultation#တယ်လီကျန်းမာ
#sciatica#ခါးကြောညပ်ခြင်

Ministry of Health,

National Unity Government.

Published on: 14 December 2022
Last Updated: 14 December 2022

ဆက်စပ်ရာ ကျန်းမာရေးဆောင်းပါးများ

အိမ်လေးတစ်လုံးနဲ့ တူတဲ့သူ (A Person Like a Home)

‎🏡 အိမ်လေးတစ်လုံးနဲ့ တူတဲ့သူ (A Person Like a Home)‎‎လူ့ဘဝဆိုတာ ခရီးရှည်ကြီးတစ်ခုပါ။ ဒီခရီးလမ်းမှာ ကျွန်တော်တို့အားလုံးဟာ ခရီးသွားတွေသာ ဖြစ်ကြပါတယ်။ နေပူကျဲကျဲ လမ်းမတွေထက်မှာ လျှောက်လှမ်းရတဲ့အခါရှိသလို မိုးသည်းထန်စွာ ရွာသွန်းတဲ့ မုန်တိုင်းတွေကြား ဖြတ်သန်းရတဲ့ အခါတွေလည်း ရှိပါတယ်။‎ဒီလို ပင်ပန်းနွမ်းနယ်လာတဲ့အခါ လူတိုင်း...

အချဉ်ဖောက်ထားသောအစားအစာများ

‎အစားအစာတွေကို တစ်ခေတ်ဆန်းသစ်စေတဲ့ နည်းလမ်းအမျိုးမျိုးရှိတဲ့အနက် တစ်မျိုးကတော့ အချဉ်ဖောက်ထားတာလို့ဆိုရင် မမှားပါဘူး။ ‎သူတို့ရဲ့ အရသာဟာ ချိုချဉ်ငန်ခါးလို သာမန်အရသာမျိုးမဟုတ်ဘဲ တစ်မျိုးလေး ထူးဆန်းနေတတ်ပါတယ်။‎ဒီလိုအချဥ်ဖောက်ထားတာတွေက ‎ကျန်းမာရေးအတွက်လည်း အကျိုးပြုနေတတ်ပါတယ်။ ဘာလို့လဲဆိုတော့ အူလမ်းကြောင်းထဲမှာ အကျိုးပြုပိုးကောင်လေးတွေကို များပြား၊ ပွားများလာစေပြီး အူလမ်းကြောင်းရဲ့ကိုယ်ခံအားကို ကောင်းစေလို့ပါ။ အဲဒီကနေတစ်ဆင့် တစ်ကိုယ်လုံးရဲ့ ကိုယ်ခံအားကိုလည်း...

Dr Harry နှင့် လည်ပင်းသွေးကြောဒဏ်ရာ

Helloကျွန်တော် Dr Harry ပါ။ တိုက်ပွဲတွေက ဆက်တိုက်ဖြစ်ပြီး ခွဲခန်းမှာ ရဲဘော်တွေ ရော၊ စစ်ရှောင်တွေရော လက်မလည်အောင် ရှုပ်ရှက်ခတ်နေတာနဲ့ စာရေးဖို့ကို ဘယ်လိုမှအာရုံစိုက်လို့မရ ဖြစ်နေတာနဲ့ မရေးဖြစ်တာ ကြာသွားပြန်ပြီ။ လူနာမျိုးစုံ၊ ဒဏ်ရာမျိုးစုံ၊ အဖြစ်အပျက်မျိုးစုံနဲ့ စာရေးမယ်ဆို ရေးစရာတွေက အများကြီးပေမယ့် အချိန်လေးရတုန်း အိပ်ချင်တာနဲ့၊ ပင်ပန်းတာနဲ့၊...

ပြောင်းလဲခြင်းကို အလှပဆုံး လက်ခံတတ်ဖို့‎

‎ကျွန်မတို့ဟာ မိခင်ရဲ့ဝမ်းကနေ မွေးဖွားလာချိန်ကစပြီး ဒီကနေ့အထိ ပြောင်းလဲခြင်းများစွာကို ဖြတ်သန်းခဲ့ကြရပါတယ်။ တချို့သော ပြောင်းလဲမှုတွေက သိမ်မွေ့လွန်းတာကြောင့် ကိုယ်တိုင်တောင် သတိမထားမိဘဲ သဘာဝကျကျ ဖြတ်ကျော်နိုင်ခဲ့ကြပါတယ်။ ‎ဥပမာ - ကလေးဘဝကနေ လူငယ်ဘဝကို ကူးပြောင်းတာမျိုး၊ ကျောင်းသားဘဝကနေ လုပ်ငန်းခွင်ထဲ ရောက်သွားတာမျိုးတွေပေါ့။ ဒီလို အဆင့်ဆင့်ပြောင်းလဲတာတွေက တဖြည်းဖြည်းချင်း ဖြစ်ပေါ်လာတာမို့...