မီနူး

Heel Spur (ခြေဖနောင့်အတက်ထွက်ခြင်း) (December, 2022)

ခြေဖနောင့်အတက်ထွက်ခြင်း(Heel Spur)

ခြေဖနောင့်အတက်ထွက်တယ်ဆိုတာခြေဖဝါးအရိုးအောက်မှာ ကယ်လ်ဆီယမ်လေးတွေစုပြီး အရိုးအတက်လေးထွက်လာတာပါ။ အရိုးအတက်ကလက်မဝက်လောက်အထိရှည်ထွက်နိုင်ပါတယ်။

လက္ခဏာများတွေအနေနဲ့ ​ခြေဖနောင့်အောက်နဲ့အနောက်မှာ…

– နာခြင်း

– ရောင်ခြင်း

– ခြေဖမိုးဖောင်းလာခြင်း

– နာ၊ရောင်နေသောနေရာပူနေခြင်း

– ခြေဖဝါးတစ်ခုလုံးနာနေခြင်း

– ဖနောင့်အနောက်(သို့)အောက်တွင်အတက်ကလေးစမ်းမိခြင်းတို့ ဖြစ်နိုင်ပါတယ်။

ခြေဖနောင့်အတက်က တစ်ခါတစ်ရံမှာ လက္ခဏာမပြဘဲလည်းရှိနေတတ်ပါတယ်။ ခြေဖနောင့်ခဏခဏနာနေရင် မပေါ့ဆသင့်ပါဘူး။ ဆရာဝန်နဲ့တိုင်ပင်ပြီးX ray ရိုက်ရင်တော့ မြင်ရနိုင်ပါတယ်။

“ ခြေဖနောင့်အတက်ထွက်စေသောအချက်များ”

ခြေဖနောင့်အတက်ထွက်တာက ခဏနဲ့ချက်ချင်းထဖြစ်တဲ့အခြေအနေမဟုတ်ပါဘူး။ ရေရှည်ကြွက်သားနဲ့အရွတ်တွေ ဒဏ်ပိခြင်း၊ ဒဏ်ရာရခြင်း၊ ခြေဖနောင့်ရိုး (Calcaneus)ကိုပါဒဏ်ပိလာခြင်း၊ ထိခိုက်မိခြင်းတို့ကြောင့်ဖြစ်လာတာပါ။

– မျက်နှာကြမ်းကြမ်းပေါ်မှာလမ်းလျှောက်ခြင်း၊ပြေးခြင်း၊ခုန်ခြင်း(အဖြစ်များဆုံးအကြောင်းရင်း)

– အဆစ်အမြစ်ရောင်ရောဂါရှိခြင်း

– ခြေဖနောင့်ပွန်းခြင်း

– ကိုယ်အလေးချိန်များခြင်း

– ကိုယ်နဲ့မတော်တဲ့ရှူးဖိနပ်တွေ၊သက်တောင့်သက်သာမဖြစ်တဲ့ဖိနပ်တွေ အမြဲဝတ်ဆင်မိခြင်း

– လမ်းလျောက်ပုံ မမှန်ခြင်း(တစ်ချို့ လေဖြတ်လူနာများ လမ်းလျှောက်ရာတွင် ခြေဖနောင့်ကိုအားစိုက်၍ လျောက်ရခြင်း)

– ဖိနပ်အရမ်းပါးတာတို့ကြောင့်လည်း ဖြစ်နိုင်ပါတယ်။

*ခြေဖဝါးအရွတ်မြှေးရောင်ရမ်းခြင်း (Plantar fasciitis)ဖြစ်တဲ့သူတော်တော်များများက ဖနောင့်အတက်ထွက်တတ်ပါတယ်။ အရင်ဆုံးနာပြီးလက္ခဏာပြတတ်ပါတယ်။ *

ခြေဖဝါးအရွတ်မြှေးရောင်ပြီးဖနောင့်အတက်ထွက်တတ်သူတွေကတော့…

– အသက်ကြီးသူများ

– ဆီးချိုရောဂါရှိသူများ

– ခြေဖဝါးပုံမမှန်ခြင်း(ပြားနေခြင်း၊အရမ်းခုံးနေခြင်း)တို့ပဲ ဖြစ်ပါတယ်။

ဘယ်လိုကုသနိုင်မလဲ?

အိမ်မှာဆိုရင် အနားယူပေးတာဟာ အနာသက်သာစေတဲ့​အပြင်အ​ခြေအနေပါပိုမဆိုးစေနိုင်ပါဘူး

ရေခဲကပ်ပေးပါ။ တစ်ခါကပ်ရင် (၁၅)မိနစ်စီ အရောင်ကျ၊ အနာကျအောင်ကပ်နိုင်ပါတယ်။

အနာသက်သာ၊ အရောင်လျော့စေတဲ့လိမ်းဆေး(ဥပမာ Diclofenac gel) လိမ်းပေးလို့ရပါတယ်။

အရမ်းနာနေရင်ဆရာဝန်ညွှန်ကြားသလိုအကိုက်အခဲပျောက်ဆေးသောက်နိုင်ပါတယ်။

အကြောလျှော့လေ့ကျင့်ခန်းတွေလုပ်ပေးပါ။

ကိုယ်အလေးချိန်လျော့ချခြင်းကလည်း အရိုးပေါ်ဝန်နည်းစေလို့ နာတာပါသက်သာစေနိုင်ပါတယ်။

ဖိနပ်ကိုကူရှင်ခံစီးပါ။

မသက်သာပဲပြင်းထန်တဲ့လူနာတွေမှာဆိုရင်တော့ အရောင်ကျဆေးထိုးခြင်းနဲ့ ခွဲစိတ်တာအထိ လုပ်ကြရပါတယ်။

ဘယ်လိုကာကွယ်ကြမလဲ?

လမ်းလျောက်ခြင်း၊ ပြေးခြင်းလိုလှုပ်ရှားများတွေ ကြာကြာလုပ်ပြီးရင် အနားယူပေးပါ။ ဖြေဖဝါးကိုဒဏ်မပိပါစေနဲ့။ နာလာပြီးဆိုလျှင်ရေခဲကပ်၊အနားယူခြင်းပြုလုပ်ပြီး ကောင်းသွားမှပြန်လှုပ်ရှားပေးပါ။

ကိုယ်အလေးချိန်ထိန်းပေးပါ
( ခြေဖဝါးတင်မက ဒူးအရိုးအဆစ်များ အတွက်လည်းဝန်လျော့စေပါတယ် )

သက်တောင့်သက်သာဖြစ်စေသော ဖိနပ်စီးပေးခြင်းဖြင့် ခြေဖနောင့်အတက်မထွက်အောင် ကာကွယ်နိုင်ပါတယ်။

Reference
https://www.webmd.com
https://www.healthline.com

❤️ NUG, MOH တယ်လီကျန်းမာ ၊ လူတိုင်းအတွက်ပါ ❤️

???? တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှ အခမဲ့တိုင်ပင်ဆွေးနွေးနိုင်ပါသည်
*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက်( https://m.me/telehealthmm )ကို နှိပ်ပါ
( နေ့စဉ် မနက် ၈နာရီမှ ည၁၀နာရီအထိ )

#nugmoh#telehealth#telemedicine
#teleconsultation#တယ်လီကျန်းမာ
#heel#spur#ခြေဖနောင့်အတက်ထွက်ခြင်း

Ministry of Health,

National Unity Government.

Published on: 6 December 2022
Last Updated: 6 December 2022

ဆက်စပ်ရာ ကျန်းမာရေးဆောင်းပါးများ

အိမ်လေးတစ်လုံးနဲ့ တူတဲ့သူ (A Person Like a Home)

‎🏡 အိမ်လေးတစ်လုံးနဲ့ တူတဲ့သူ (A Person Like a Home)‎‎လူ့ဘဝဆိုတာ ခရီးရှည်ကြီးတစ်ခုပါ။ ဒီခရီးလမ်းမှာ ကျွန်တော်တို့အားလုံးဟာ ခရီးသွားတွေသာ ဖြစ်ကြပါတယ်။ နေပူကျဲကျဲ လမ်းမတွေထက်မှာ လျှောက်လှမ်းရတဲ့အခါရှိသလို မိုးသည်းထန်စွာ ရွာသွန်းတဲ့ မုန်တိုင်းတွေကြား ဖြတ်သန်းရတဲ့ အခါတွေလည်း ရှိပါတယ်။‎ဒီလို ပင်ပန်းနွမ်းနယ်လာတဲ့အခါ လူတိုင်း...

အချဉ်ဖောက်ထားသောအစားအစာများ

‎အစားအစာတွေကို တစ်ခေတ်ဆန်းသစ်စေတဲ့ နည်းလမ်းအမျိုးမျိုးရှိတဲ့အနက် တစ်မျိုးကတော့ အချဉ်ဖောက်ထားတာလို့ဆိုရင် မမှားပါဘူး။ ‎သူတို့ရဲ့ အရသာဟာ ချိုချဉ်ငန်ခါးလို သာမန်အရသာမျိုးမဟုတ်ဘဲ တစ်မျိုးလေး ထူးဆန်းနေတတ်ပါတယ်။‎ဒီလိုအချဥ်ဖောက်ထားတာတွေက ‎ကျန်းမာရေးအတွက်လည်း အကျိုးပြုနေတတ်ပါတယ်။ ဘာလို့လဲဆိုတော့ အူလမ်းကြောင်းထဲမှာ အကျိုးပြုပိုးကောင်လေးတွေကို များပြား၊ ပွားများလာစေပြီး အူလမ်းကြောင်းရဲ့ကိုယ်ခံအားကို ကောင်းစေလို့ပါ။ အဲဒီကနေတစ်ဆင့် တစ်ကိုယ်လုံးရဲ့ ကိုယ်ခံအားကိုလည်း...

Dr Harry နှင့် လည်ပင်းသွေးကြောဒဏ်ရာ

Helloကျွန်တော် Dr Harry ပါ။ တိုက်ပွဲတွေက ဆက်တိုက်ဖြစ်ပြီး ခွဲခန်းမှာ ရဲဘော်တွေ ရော၊ စစ်ရှောင်တွေရော လက်မလည်အောင် ရှုပ်ရှက်ခတ်နေတာနဲ့ စာရေးဖို့ကို ဘယ်လိုမှအာရုံစိုက်လို့မရ ဖြစ်နေတာနဲ့ မရေးဖြစ်တာ ကြာသွားပြန်ပြီ။ လူနာမျိုးစုံ၊ ဒဏ်ရာမျိုးစုံ၊ အဖြစ်အပျက်မျိုးစုံနဲ့ စာရေးမယ်ဆို ရေးစရာတွေက အများကြီးပေမယ့် အချိန်လေးရတုန်း အိပ်ချင်တာနဲ့၊ ပင်ပန်းတာနဲ့၊...

ပြောင်းလဲခြင်းကို အလှပဆုံး လက်ခံတတ်ဖို့‎

‎ကျွန်မတို့ဟာ မိခင်ရဲ့ဝမ်းကနေ မွေးဖွားလာချိန်ကစပြီး ဒီကနေ့အထိ ပြောင်းလဲခြင်းများစွာကို ဖြတ်သန်းခဲ့ကြရပါတယ်။ တချို့သော ပြောင်းလဲမှုတွေက သိမ်မွေ့လွန်းတာကြောင့် ကိုယ်တိုင်တောင် သတိမထားမိဘဲ သဘာဝကျကျ ဖြတ်ကျော်နိုင်ခဲ့ကြပါတယ်။ ‎ဥပမာ - ကလေးဘဝကနေ လူငယ်ဘဝကို ကူးပြောင်းတာမျိုး၊ ကျောင်းသားဘဝကနေ လုပ်ငန်းခွင်ထဲ ရောက်သွားတာမျိုးတွေပေါ့။ ဒီလို အဆင့်ဆင့်ပြောင်းလဲတာတွေက တဖြည်းဖြည်းချင်း ဖြစ်ပေါ်လာတာမို့...