မီနူး

CoQ10 ကြောင်းသိကောင်းစရာ ( December, 2022)

CoQ10 အကြောင်းသိကောင်းစရာ

????CoQ10 ( Coenzyme Q10 ) ဆိုတာ ခန္ဓာကိုယ်ထဲမှာ သဘာဝအတိုင်းရှိတဲ့ အာဟာရဓာတ်တစ်မျိုးပါ။ နေ့စဉ်စားသုံးနေတဲ့ အစားအစာအများစုမှာလည်း CoQ10 ပါဝင်ပါတယ်။ Antioxidant အနေနဲ့လည်း လုပ်ဆောင်လို့ ဆဲလ်တွေကို ပြန်လည်ပြုပြင်တဲ့နေရာမှာလည်း အရေးပါပါတယ်။

????CoQ10 ဟာ ပုံမှန်ကျန်းမာရေးကောင်းသူတွေမှာ ခန္ဓာကိုယ်တွင်း လုံလောက်တဲ့ပမာဏရှိပေမယ့် အသက်ကြီးတဲ့သူတွေနဲ့ အချို့သောရောဂါရှိသူတွေမှာတော့ CoQ10 ကို ဖြည့်စွက်အားဆေးအနေနဲ့ သောက်သုံးပေးတာဟာ ပိုပြီးအကျိုးကျေးဇူးများတာတွေ့ရပါတယ်။ CoQ10 ရဲ့ အကျိုးကျေးဇူးတွေကတော့…

* သွေးပေါင်ချိန်ကိုအနည်းငယ်ကျစေခြင်း

* နှလုံးပျက်စီးမှုကို ကာကွယ်ပေးပြီး နှလုံးရောဂါကြောင့် သေဆုံးနှုန်းကို နည်းစေခြင်း

* Statin အဆီကျဆေးသောက်သုံးသူများတွင် ဘေးထွက်ဆိုးကျိုးများခံစားရမှုကို လျော့နည်းစေခြင်း

* အယ်လ်ဇိုင်းမားရောဂါဖြစ်နှုန်းကို နှေးစေခြင်း

* ခေါင်းတစ်ခြမ်းကိုက်ခြင်းကို သက်သာစေခြင်း

* သုတ်ပိုးအရေအတွက်ကောင်းမွန်စေခြင်းနှင့်

* ကင်ဆာ၊ HIV နှင့် အချို့သောရောဂါများ ကောင်းကျိုးအနည်းငယ်ရှိခြင်းတို့ ဖြစ်ပါတယ်။

????CoQ10 ဖြည့်စွက်အားဆေးကို ဘယ်လိုသောက်သုံးသင့်သလဲ?

CoQ10 ဖြည့်စွက်ဆေးကို တစ်နေ့လျှင် 100mg မှ 200mg ထိ သောက်သုံးပေးနိုင်ပါတယ်။ အရွယ်​ရောက်ပြီးလူကြီးပိုင်းတွေမှာတော့ 1200mg သောက်သုံးနိုင်တယ်လို့ ဆိုပါတယ်။ အကောင်းဆုံးကတော့ ဆရာဝန်နဲ့တိုင်ပင်ပြီး ဆေးဘူးအညွှန်းပါ ပမာဏအတိုင်း သောက်သုံးသင့်ပါတယ်။

????ပုံမှန်အစားအစာတွေကနေရော CoQ10 ကိုရနိုင်သလား?

အစားအစာတွေမှာ သဘာဝအတိုင်းပါဝင်တဲ့ CoQ10 ပမာဏက နည်းပါတယ်။ CoQ10 ပါဝင်မှုများတဲ့ အစားစာတွေကတော့ တူနာငါး၊ ဆောလ်မွန်ငါး၊ ဆာဒင်းငါး၊ အသားအမျိုးမျိုးနဲ့ ဟင်းသီးဟင်းရွက်ဆီတို့ပဲ ဖြစ်ပါတယ်။

????CoQ10 ဖြည့်စွက်ဆေးသောက်သုံးတော့မယ်ဆိုရင် ဘာတွေကို သတိထားရမလဲ?

* ဝမ်းလျှောခြင်း၊ ရင်ပူခြင်း၊ ခေါင်းမူး ခေါင်းကိုက်ခြင်းစတဲ့ ဘေးထွက်ဆိုးကျိုးတွေ ခံစားရနိုင်ပါတယ်။

* နှလုံးပျက်စီးနေသူများ၊ ဆီးချိုသွေးချိုနှင့် အသည်းရောဂါစတဲ့ နာတာရှည်ရောဂါရှိသူတွေမှာ CoQ10 ဖြည့်စွက်ဆေးကို ဆရာဝန်နဲ့တိုင်ပင်ပြီးမှသာ သောက်သုံးသင့်ပါတယ်။

* သွေးကျဲဆေးနှင့် သိုင်းရွိုက်ဆေးသောက်သုံးနေသူတွေ၊ ကင်ဆာဆေးသွင်းနေသူတွေမှာဆိုလျှင်လည်း CoQ10 မမှီဝဲခင် ဆရာဝန်နဲ့ဆွေးနွေးသင့်ပါတယ်။

* ကလေးငယ်များ၊ ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မိခင်တွေဟာ CoQ10 ဖြည့်စွက်ဆေးကို မသောက်သုံးသင့်ပါဘူး။

Reference:????
https://www.webmd.com/…/supplement-guide-coenzymeq10-coq10

❤️ NUG, MOH တယ်လီကျန်းမာ ၊ လူတိုင်းအတွက်ပါ ❤️

???? တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှ အခမဲ့တိုင်ပင်ဆွေးနွေးနိုင်ပါသည်
*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက်( https://m.me/telehealthmm )ကို နှိပ်ပါ
( နေ့စဉ်မနက် ၈နာရီမှ ည၁၀နာရီအထိ )

#nugmoh#telehealth#telemedicine
#teleconsultation#တယ်လီကျန်းမာ
#CoQ10#CoenzymeQ

Ministry of Health,

National Unity Government.

Published on: 1 December 2022
Last Updated: 1 December 2022

ဆက်စပ်ရာ ကျန်းမာရေးဆောင်းပါးများ

အိမ်လေးတစ်လုံးနဲ့ တူတဲ့သူ (A Person Like a Home)

‎🏡 အိမ်လေးတစ်လုံးနဲ့ တူတဲ့သူ (A Person Like a Home)‎‎လူ့ဘဝဆိုတာ ခရီးရှည်ကြီးတစ်ခုပါ။ ဒီခရီးလမ်းမှာ ကျွန်တော်တို့အားလုံးဟာ ခရီးသွားတွေသာ ဖြစ်ကြပါတယ်။ နေပူကျဲကျဲ လမ်းမတွေထက်မှာ လျှောက်လှမ်းရတဲ့အခါရှိသလို မိုးသည်းထန်စွာ ရွာသွန်းတဲ့ မုန်တိုင်းတွေကြား ဖြတ်သန်းရတဲ့ အခါတွေလည်း ရှိပါတယ်။‎ဒီလို ပင်ပန်းနွမ်းနယ်လာတဲ့အခါ လူတိုင်း...

အချဉ်ဖောက်ထားသောအစားအစာများ

‎အစားအစာတွေကို တစ်ခေတ်ဆန်းသစ်စေတဲ့ နည်းလမ်းအမျိုးမျိုးရှိတဲ့အနက် တစ်မျိုးကတော့ အချဉ်ဖောက်ထားတာလို့ဆိုရင် မမှားပါဘူး။ ‎သူတို့ရဲ့ အရသာဟာ ချိုချဉ်ငန်ခါးလို သာမန်အရသာမျိုးမဟုတ်ဘဲ တစ်မျိုးလေး ထူးဆန်းနေတတ်ပါတယ်။‎ဒီလိုအချဥ်ဖောက်ထားတာတွေက ‎ကျန်းမာရေးအတွက်လည်း အကျိုးပြုနေတတ်ပါတယ်။ ဘာလို့လဲဆိုတော့ အူလမ်းကြောင်းထဲမှာ အကျိုးပြုပိုးကောင်လေးတွေကို များပြား၊ ပွားများလာစေပြီး အူလမ်းကြောင်းရဲ့ကိုယ်ခံအားကို ကောင်းစေလို့ပါ။ အဲဒီကနေတစ်ဆင့် တစ်ကိုယ်လုံးရဲ့ ကိုယ်ခံအားကိုလည်း...

Dr Harry နှင့် လည်ပင်းသွေးကြောဒဏ်ရာ

Helloကျွန်တော် Dr Harry ပါ။ တိုက်ပွဲတွေက ဆက်တိုက်ဖြစ်ပြီး ခွဲခန်းမှာ ရဲဘော်တွေ ရော၊ စစ်ရှောင်တွေရော လက်မလည်အောင် ရှုပ်ရှက်ခတ်နေတာနဲ့ စာရေးဖို့ကို ဘယ်လိုမှအာရုံစိုက်လို့မရ ဖြစ်နေတာနဲ့ မရေးဖြစ်တာ ကြာသွားပြန်ပြီ။ လူနာမျိုးစုံ၊ ဒဏ်ရာမျိုးစုံ၊ အဖြစ်အပျက်မျိုးစုံနဲ့ စာရေးမယ်ဆို ရေးစရာတွေက အများကြီးပေမယ့် အချိန်လေးရတုန်း အိပ်ချင်တာနဲ့၊ ပင်ပန်းတာနဲ့၊...

ပြောင်းလဲခြင်းကို အလှပဆုံး လက်ခံတတ်ဖို့‎

‎ကျွန်မတို့ဟာ မိခင်ရဲ့ဝမ်းကနေ မွေးဖွားလာချိန်ကစပြီး ဒီကနေ့အထိ ပြောင်းလဲခြင်းများစွာကို ဖြတ်သန်းခဲ့ကြရပါတယ်။ တချို့သော ပြောင်းလဲမှုတွေက သိမ်မွေ့လွန်းတာကြောင့် ကိုယ်တိုင်တောင် သတိမထားမိဘဲ သဘာဝကျကျ ဖြတ်ကျော်နိုင်ခဲ့ကြပါတယ်။ ‎ဥပမာ - ကလေးဘဝကနေ လူငယ်ဘဝကို ကူးပြောင်းတာမျိုး၊ ကျောင်းသားဘဝကနေ လုပ်ငန်းခွင်ထဲ ရောက်သွားတာမျိုးတွေပေါ့။ ဒီလို အဆင့်ဆင့်ပြောင်းလဲတာတွေက တဖြည်းဖြည်းချင်း ဖြစ်ပေါ်လာတာမို့...