မီနူး

Fistula in Ano (ဂရင်ဂျီနာ) (November, 2022)

ဂရင်ဂျီနာ (Fistula in ano)

❓ဂရင်ဂျီနာဆိုတာဘာလဲ

ဂရင်ဂျီနာဆိုတာ စအိုအနားတစ်ဝိုက်ကအရေပြားနဲ့ စအိုလမ်းကြောင်းဆက်ပြီး မူမမှန်တဲ့လမ်းကြောင်းအနာဖြစ်နေတာကို ခေါ်တာပါ။ စအိုဘေးနားမှာအပေါက်လေးတစ်ပေါက် (သို့) အပေါက်များတွေ့ရတတ်ပါတယ်။

????ဂရင်ဂျီနာဖြစ်စေသောအကြောင်းရင်း…

– စအိုလမ်းကြောင်းတွင်ပြည်တည်ပြီး ပြည်တည်နာကိုမကုဘဲထားခြင်း။(အဖြစ်များဆုံးအကြောင်းရင်း)

– စအို (သို့) စအိုတစ်ဝိုက် ခွဲစိတ်ခြင်း၏နောက်ဆက်တွဲဆိုးကျိုး

– တီဘီရောဂါရှိသူများ

– Crohn’s disease ရှိသူများ

– လိင်မှတစ်ဆင့်ကူးစက်သော ရောဂါရှိသူများတွင်လည်း တွေ့ရတတ်သည်။

????ရောဂါလက္ခဏာများ

– စအိုနားတစ်ဝိုက် နာခြင်း၊ နီခြင်း၊ ရောင်ခြင်း

– စအိုနားတွင် ထိုးပြီးနာနေသကဲ့သို့ အဆက်မပြတ်နာနေခြင်း

– သွေးထွက်ခြင်း

– စအိုနားအပေါက်မှ အနံ့ဆိုးထွက်သောအရည်များထွက်ခြင်း (သို့) ပြည်ထွက်ခြင်း

– ဆီးသွား၊ ဝမ်းသွားလျှင်နာခြင်း

– ဝမ်းမနိုင်ခြင်း

– ဖျားခြင်း

– ရေရှည်ဝမ်းလျှောခြင်း

** ပြည်တည်နာဖြစ်လိုက်၊ ပြန်ပျောက်လိုက်နှင့်သွေးစုနာကဲ့သို့လည်းလက္ခဏာပြတတ်၍ ခဏခဏဖြစ်လျှင်ဆရာဝန်နှင့်ပြသသင့်သည် **

❗️ရှောင်ကြဥ်ရမယ့်အချက်များ

– ဆေးမြီးတိုများနှင့် တခြားမသင့်တော်သောမီးဖိုချောင်သုံးအမှုန့်များ(ဥပမာ- နနွင်း)မအုံရ

– အပေါက်ထဲသို့ မည်သည့်ပစ္စည်းမှမထည့်ရပါ

ဂရင်ဂျီနာမှာ….

(၁) ရိုးရိုးလမ်းကြောင်းရှိသောအနာ (စအိုနှင့်ဆက်ထားသောလမ်းကြောင်းမှာ ဖင်ပေါက်ဝနှင့်နီး) နှင့်

(၂) ပိုရှုပ်ထွေးသောလမ်းကြောင်းရှိသောအနာ (လမ်းကြောင်းလည်းရှုပ်ထွေး၊ စအိုနှင့်ဆက်ထားသောလမ်းကြောင်းမှာလည်း ဖင်ပေါက်ဝနှင့်ဝေး)ဆိုပြီး ရှိပါတယ်။

ရိုးရိုးလမ်းကြောင်းရှိသောအနာ(Simple low type)ဟာ အဖြစ်များပြီး ဆရာဝန်နှင့်သေချာမကုဘဲ အနာသန့်ရှင်းရေးဂရုမစိုက်ခြင်း၊ မလိုလားအပ်သောဆေးများအုံခြင်းတို့ကြောင့် ရှုပ်ထွေးသောလမ်းကြောင်းရှိတဲ့အနာ(Complex high type)သို့ကူးသွားနိုင်ပြီး ကုသမှုလည်း ပိုမိုခက်ခဲသွားနိုင်ပါတယ်။ တီဘီရောဂါ၊ ကင်ဆာရောဂါနဲ့ Crohn’s disease ရှိတဲ့သူတွေမှာရှုပ်ထွေးသောဂရင်ဂျီနာ ဖြစ်တတ်ပါတယ်။

❓ဂရင်ဂျီနာကိုဘယ်လိုကုသမလဲ

ဂရင်ဂျီနာက ခွဲစိတ်ကုသမှပဲပျောက်ကင်းနိုင်တာပါ။

ရိုးရိုးဂရင်ဂျီနာ(Simple)ဖြစ်ပါက ခွဲစိတ်ကုသလျှင်၉၀% ကျော်ပျောက်ပြီး ပိုရှုပ်ထွေးသောဂရင်ဂျီနာ(complex)ဖြစ်ပါက ပျောက်ဖို့၇၀% လို့အကြမ်းဖျင်းယူဆကြပါတယ်။

❓အိမ်မှာဘယ်လိုသက်သာအောင်လုပ်မလဲ

– အိမ်တွင်းကုထုံးများဖြင့်ပျောက်အောင်မကုနိုင်၊ခံစားရသောလက္ခဏာများ သက်သာအောင်သာလုပ်နိုင်ပါတယ်​။

– ဝမ်းချုပ်စေသောအစားအစာမစားပါနှင့်။ အမျှင်ဓာတ်ပါဝင်မှုများသောအစာ များများစားပေးပါ။

– ရေများများသောက်ပါ။
(ဂျင်းလက်ဖက်ရည်၊အသီးဖျော်ရည်များလည်းသောက်နိုင်သည်)

– အိမ်သာတက်ပြီး ပြောင်စင်အောင်ဆေးပါ။(အနာပေါက်အပါအဝင်)

– အနာမှပြည်ယိုနေပါက သေးခံ၊ ဝမ်းခံအဝတ်(သို့) ဘောင်းဘီ သုံးနိုင်ပါတယ်

– တစ်နေရာတည်းတွင် အကြာကြီးမထိုင်ပါနှင့်

– ဆီး၊ ဝမ်း မအောင့်ရ

– နာခြင်း၊ ရောင်ခြင်းသက်သာစေရန် ရေနွေးနွေးလေးထဲထိုင်ပြီး တစ်နေ့ သုံး လေးကြိမ် စိမ်နိုင်ပါတယ်။

– ထိုင်တဲ့အခါ အောက်ဘက်မှာ အပျော့ဖက်လုံး (သို့) ခေါင်းအုံးခံပေးပါ။
(မာသောမျက်နှာမြင်တွင် မထိုင်ပါနှင့်)

– ဝမ်းအရမ်းချုပ်တတ်ပါကဝမ်းပျော့ဆေးသောက်နိုင်ပါတယ်

– ဆရာဝန်ညွှန်ကြားထားသောလိမ်းဆေးရှိလျှင်လည်းလိမ်းနိုင်ပါတယ်

အရေးကြီးသည်မှာ ရောဂါဖြစ်လာလျှင်ဖြစ်သင့်သည်ထက်ပိုဆိုးမသွားရန် (မလိုအပ်ဘဲ ဘေးထွက်ဆိုးကျိုးမဖြစ်စေရန်) မိမိတွင်ဂရင်ဂျီနာရောဂါဖြစ်နေသည်ဟုသံသယရှိပါက ဆရာဝန်နှင့်ဆွေးနွေးကုသသင့်ပါသည်။

Reference ????
https://www.mayoclinic.org/…/symptoms…/syc-20352871….

❤️ NUG, MOH တယ်လီကျန်းမာ ၊ လူတိုင်းအတွက်ပါ ❤️

???? တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှ အခမဲ့တိုင်ပင်ဆွေးနွေးနိုင်ပါသည်
*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက်( https://m.me/telehealthmm )ကို နှိပ်ပါ
( နေ့စဉ် မနက် ၈နာရီမှ ည၁၀နာရီအထိ )

#nugmoh#telehealth#telemedicine
#teleconsultation#တယ်လီကျန်းမာ
#ဂရင်ဂျီနာ#fistula#fistula_in_ano

Ministry of Health,

National Unity Government.

Published on: 28 November 2022
Last Updated: 28 November 2022

ဆက်စပ်ရာ ကျန်းမာရေးဆောင်းပါးများ

လူတစ်ယောက်ကို အကဲဖြတ်မိတဲ့အခါ ကျွန်မတို့ ဘာတွေ မှားတတ်ကြသလဲ (Fundamental Attribution Error)

လူတစ်ယောက်ကို အကဲဖြတ်မိတဲ့အခါ ကျွန်မတို့ ဘာတွေ မှားတတ်ကြသလဲ (Fundamental Attribution Error) ကျွန်မတို့ လူမှုပတ်ဝန်းကျင်မှာ နေ့စဉ် ကြုံတွေ့နေရတဲ့ နားလည်မှုလွဲတာတွေ၊ စိတ်ဝမ်းကွဲရတာတွေရဲ့ အဓိက တရားခံဟာ Fundamental Attribution Error (FAE) လို့ခေါ်တဲ့ အခြေခံကျတဲ့ အတွေးအမှားတစ်ခု ဖြစ်နေတတ်ပါတယ်။ ဒါကို...

အေသုံးလုံးနှင့် စူပါဆန်းဒေး

"အေသုံးလုံးနှင့် စူပါဆန်းဒေး" တစ်နေ့သော တနင်္ဂနွေနေ့တစ်ရက် ရုံးပိတ်ရက်ပေါ့လေ။ နှလုံးခွဲစိတ်ဆရာဝန်တစ်ယောက် မနက်စောစော ဆေးရုံမှာ Ward Round ဖို့ ထွက်လာခဲ့တယ်။ ဆေးရုံရောက်တော့ ပြီးခဲ့တဲ့ရက်တွေက ခွဲထားတဲ့ လူနာလေးတွေ၊ ခွဲဖို့စောင့်နေတဲ့ လူနာတွေ ကြည့်နေစဥ် အရေးပေါ်မှ ဖုန်းလာပါလေရော။ "အေသုံးလုံးပါ ဆရာ. . . လူနာ အရေးပေါ်ခန်းထဲမှာပါ။...

ခန္ဓာကိုယ်ထဲသို မေးခိုင်ပိုး ဝင်ရောက်နိုင်သည့် အဖြစ်များသော နည်းလမ်းများ (ဇန်နဝါရီ၊ ၂၀၂၆)

ခန္ဓာကိုယ်ထဲသို့ မေးခိုင်ပိုး ဝင်ရောက်နိုင်သည့် အဖြစ်များသော နည်းလမ်းများ (ဇန်နဝါရီ၊ ၂၀၂၆) ▪️ထိုးသွင်းဒဏ်ရာများ (လက်သည်း သို့မဟုတ် အပ်ကဲ့သို့သော အရာဝတ္ထု တစ်ခုခုကြောင့် ဖြစ်သော ဒဏ်ရာများ သို့မဟုတ် တိရစ္ဆာန်ကိုက်ခြင်း)▪️အညစ်အကြေး၊ ဝမ်း သို့မဟုတ် တံတွေးတို့ဖြင့် ပေကျံနေသော ဒဏ်ရာများ▪️တစ်ရှူးသေများပါရှိသော ဒဏ်ရာများ (ဥပမာ- မီးလောင်ဒဏ်ရာ၊...

သေဆုံးနှုန်း ၄၀% ကျော်ရှိပြီး လတ်တလော အိန္ဒိယမှာ ဖြစ်ပွားနေတဲ့ နီပါ (Nipah) ဗိုင်းရပ်စ်အကြောင်း

❗️သေဆုံးနှုန်း ၄၀% ကျော်ရှိပြီး လတ်တလော အိန္ဒိယမှာ ဖြစ်ပွားနေတဲ့ နီပါ (Nipah) ဗိုင်းရပ်စ်အကြောင်း Nipah ဗိုင်းရပ်စ်ဆိုတာ တိရိစ္ဆာန်များမှ လူသို့ ကူးစက်နိုင်သော (zoonotic) ဗိုင်းရပ်စ်တစ်မျိုး ဖြစ်ပါတယ်။ သစ်သီးစားလင်းနို့ အမျိုးအစားတွေဖြစ်တဲ့ (fruit bats/ flying foxes) တွေဟာ ဒီဗိုင်းရပ်စ်ရဲ့...