မီနူး

Hangover( အရက်နာကျခြင်း ) (November, 2022)

အရက်နာကျတဲ့ ခံစားချက်က ဆိုးလွန်းလို့ ‘နောက်ဘယ်တော့မှ မသောက်တော့ဘူး’လို့ ပြောဖူးလား ?

အရက်နာကျတဲ့ဝေဒနာ သက်သာအောင် အသုံးဝင်မယ့် ဆောင်ရန်၊ရှောင်ရန်နည်းလမ်းတွေ သိချင်ရင် ဆက်ဖတ်ကြည့်ပါနော်။

♦️အရက်နာကျခြင်း ( Hangover )

အရက်နာကျတယ်ဆိုတာ ညဘက်အရက်အလွန်အကျွံသောက်ပြီး နောက်နေ့မနက်မှာ အားအင်ကုန်ခမ်းခြင်းနှင့်အတူ အခြားသောဆိုးရွားတဲ့လက္ခဏာတွေ ခံစားရခြင်းပဲ ဖြစ်ပါတယ်။တနည်းအားဖြင့် အယ်လ်ကိုဟောမှာပါဝင်တဲ့ ဓာတုပစ္စည်းတွေ အဆိပ်တက်ခြင်း တစ်မျိုးလည်းဖြစ်ပါတယ်။ခေါင်းမူး၊ ခေါင်းကိုက်တာ၊ အစာစားချင်စိတ်မရှိဖြစ်တာ၊ ပျို့အန်တာ၊ မောပန်းနွမ်းနယ်တာ၊ ရင်ပူတာ စတဲ့လက္ခဏာတွေ အဓိကခံစားရနိုင်ပါတယ်။

♦️အရက်နာကျရခြင်းအကြောင်းရင်း?

ကျွန်တော်တို့ရဲ့ ဦးနှောက်နဲ့ ခန္ဓာကိုယ်အပေါ် အယ်လ်ကိုဟော အဆိပ်တက်ခြင်းဖြစ်စေတဲ့အကြောင်းရင်းတွေများစွာရှိပါတယ်။

အများစုသော အယ်လ်ကိုဟောပါဝင်တဲ့ သောက်စရာတွေမှာ Congeners ဆိုတဲ့ဓာတုပစ္စည်းတစ်မျိုး ပါဝင်ပါတယ်။ Congeners ဆိုတာ အရက်ချက်တဲ့အခါ အချဉ်ဖောက်တဲ့လုပ်ငန်းစဉ်အတွင်း သဘာဝအတိုင်းထွက်လာတဲ့ ဓာတုပစ္စည်းတစ်မျိုး ဖြစ်ပြီး redဝိုင်၊ ဘရန်ဒီ နှင့် ဝီစကီတို့မှာ အတွေ့ရများပါတယ်။ဘီယာ၊ ဂျင် Gin၊ vodka၊ white ဝိုင် တို့မှာလည်း ပမာဏအနည်းငယ်ပါဝင်ပါတယ်။

ဒီဓာတုပစ္စည်းဟာ ဦးနှောက်တစ်ရှူးနဲ့ သွေးကြောတွေအပေါ် လှုံ့ဆော်မှုဖြစ်စေပြီး အရက်နာကျခြင်းကိုပိုဆိုးစေပါတယ်။အယ်လ်ကိုဟောမှာ ဆီးရွှင်စေတဲ့အာနိသင်ရှိတဲ့အတွက် ဆီးသွားများစေပြီး ခန္ဓာကိုယ်မှရေဓာတ်ဆုံးရှုံးခြင်းကိုလည်း ဖြစ်စေပါတယ်။

♦️အရက်နာကျခြင်းဝေဒနာဟာ

– တစ်ဦးနှင့်တစ်ဦး အယ်ကိုဟောလ်ပမာဏ ခံနိုင်ရည်ရှိခြင်း၊မရှိခြင်း

– အရက်သောက်ဖူးတဲ့ အတွေ့အကြုံ

– သောက်လိုက်တဲ့ပမာဏတွေပေါ်မူတည်ပြီးကွဲပြားနိုင်ပါတယ်။

➜ ဆေးလိပ်အလွန်အကျွံသောက်သုံးခြင်း

➜ အစာမရှိဘဲ ဗိုက်ဟောင်းလောင်းနဲ့အရက်သောက်ခြင်း

➜ တကျိုက်တည်းမော့သောက်ခြင်းတို့က အရက်နာကျခြင်းကို ပိုဆိုးနိုင်ပါတယ်။

????အရက်နာမကျအောင် ဘယ်လိုသောက်သင့်သလဲ?
( အရက်သောက်ခြင်းကို အားပေးခြင်း မဟုတ်ပါ…အနောက်တိုင်း လူနေမှုပုံစံအား ပညာပေးထားသော ဆောင်းပါးမှ ကူးယူဖော်ပြခြင်းသာ ဖြစ်ပါသည် )

✔︎ ဗိုက်ပြည့်အောင်စားပြီးမှ အရက်သောက်ပါ။

✔︎ ကိုယ့်နဲ့လိုက်ဖက်ရာ အယ်လ်ကိုဟောအမျိုးအစားကို ရွေးချယ်ပါ။ တစ်ကျိုက်တည်း အမြန်မော့သောက်ခြင်းထက် ဖြည်းဖြည်းချင်း တစ်ငုံစာသောက်ပါ။

✔︎ မိမိအတွက် သင့်တင့်သော အယ်လ်ကိုဟော ပမာဏအထိပဲသောက်ပါ။ ရေချိန်ကိုက်အောင်သောက်ခြင်းက အရက်နာကျခြင်းကို ခံစားရနိုင်ပါတယ်။

✔︎ အရက်ချည်း မမော့ဘဲ ရေခဲ၊ ရေ၊ အချိုရည်တစ်မျိုးမျိုးနှင့် ရောစပ်ခြင်း၊ အမြည်းစားပေးခြင်းဖြင့် အယ်လ်ကိုဟော အာနိသင်လျှော့ချနိုင်ပါတယ်။

✔︎ အရက်သောက်နေစဉ် ဆေးလိပ်လျှော့သောက်ပါ။ ( အမှန်တကယ်တွင် ဆေးလိပ်သည် လုံးဝ မသောက်သင့့်ပါ )

✔︎ အရက်သောက်ပြီးလျှင် ရေများများသောက်ပေးခြင်းဖြင့် အရက်ကြောင့် ရေဓာတ်ဆုံးရှုံးခြင်းကို ကာကွယ်နိုင်ပါတယ်။

???? အရက်နာကျခြင်းကို ဘယ်လိုကုသမလဲ?

✅ အရက်နာကျနေချိန်မှာ ခံတွင်းပျက်ပြီး မစားချင် မသောက်ချင်ဖြစ်တတ်ပါတယ်။ ဒါပေမယ့် အစာကြေလွယ်ပြီး အာဟာရဖြစ်စေမယ့် မနက်စာကိုတော့ စားပေးသင့်ပါတယ်။

• ပူပူနွေးနွေး စွပ်ပြုတ်သောက်ပေးခြင်းဖြင့် ရေဓာတ်ပြန်လည်ဖြည့်တင်းပေးပြီး အယ်လ်ကိုဟော အဆိပ်အတောက်များကိုလည်း စွန့်ထုတ်ပေးနိုင်ပါတယ်။

• အယ်လ်ကိုဟောကြောင့် ဆုံးရှုံးသွားတဲ့ ပိုတက်ဆီယမ်ဓာတ်ကို ငှက်ပျောသီး၊ထောပတ်သီးကနေ ရရှိနိုင်ပါတယ်။

???? အဆီများတဲ့ အစားအစာ၊ ချေဖျက်ရခက်တဲ့ အစားအစာတွေကိုတော့ အရက်နာကျနေစဉ်အတွင်း ရှောင်ကြဉ်သင့်ပါတယ်။

✅ အရက်သောက်ခြင်းကြောင့် ခန္ဓာကိုယ်မှ ဆုံးရှုံးသွားတဲ့ ရေနဲ့ဓာတ်ဆားဓာတ်ကို-

• မနက်ခင်း၌ ရေအလုံအလောက်သောက်ပေးခြင်း

• အားဖြည့်အချိုရည်၊ ဓာတ်ဆားသောက်ခြင်း

• ပျားသံပုရာရည်၊ အုန်းရည်၊ သစ်သီးဖျော်ရည် သောက်ပေးခြင်းတို့မှပြန်လည်ဖြည့်တင်းနိုင်ပြီး အားအင်ချိနဲ့ခြင်း၊ခေါင်းမူးခြင်းတို့ကို သက်သာစေပါတယ်။

✅ နားနားနေနေ နေပါ။ အိပ်ရေးဝဝအိပ်ပါ။

✅ ခေါင်းကိုက်တာအတွက် ပါရာစီတမော သောက်ပါ။

???? အရက်နာကျခြင်းနှင့် ပက်သက်၍အယူအဆအလွဲများ

???? အရက်ကို အရက်နဲ့ ပြန်ဖြေမယ်။

– မနက်မိုးလင်းလို့ အရက်နာကျနေရင် တစ်ချို့က အရက်အနည်းငယ်ထပ်သောက်ခြင်း (မောနင်းပက်)ဖြင့် ဖြေတတ်ကြပါတယ်။ ဒီနည်းဟာ အရက်နာကျတာကို ပိုဆိုးစေရုံသာမက ရေရှည်မှာ အရက်စွဲခြင်းကိုပါ ဖြစ်စေနိုင်ပါတယ်။

???? ကော်ဖီသောက်ခြင်းက အရက်နာကျဝေဒနာ သက်သာစေတယ်။

– ကော်ဖီမှာပါဝင်တဲ့ ကဖင်းဓာတ်ကြောင့် ခေါင်းမူး၊ခေါင်းကိုက်သက်သာပြီး လန်းဆန်းစေနိုင်ပေမယ့် ဆီးသွားများစေတဲ့အာနိသင်ရှိတာမို့ ရေဓာတ်ဆုံးရှုံးခြင်းကို ပိုဆိုးစေပါတယ်။

အဓိက နောက်ဆုံးအချက်အနေနဲ့…

*** ကောင်းကျိုးထက် ဆိုးကျိုးသာပိုများတဲ့ အယ်လ်ကိုဟောကို တတ်နိုင်သလောက် ရှောင်ကြဉ်သင့်ကြောင်း အကြံပြုလိုက်ပါရစေ ***

Reference ????
Murtagh, J, 2016. Murtagh’s patient education. 6th Ed. Australia: Mcgraw-Hill Australia,pp281.

❤️ NUG, MOH တယ်လီကျန်းမာ ၊ လူတိုင်းအတွက်ပါ ❤️

???? တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှ အခမဲ့တိုင်ပင်ဆွေးနွေးနိုင်ပါသည်
*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက်( https://m.me/telehealthmm )ကို နှိပ်ပါ
( နေ့စဉ်မနက် ၈နာရီမှ ည၁၀နာရီအထိ )

#nugmoh#telehealth#telemedicine
#teleconsultation#တယ်လီကျန်းမာ
#hang_over#အရက်နာကျခြင်း

Ministry of Health,

National Unity Government.

Published on: 13 November 2022
Last Updated: 13 November 2022

ဆက်စပ်ရာ ကျန်းမာရေးဆောင်းပါးများ

အယူအဆအလွဲ (၂၁)

အလွဲ ❌ အမျိုးသမီးတစ်ဦး ရာသီသွေးဆင်းနေချိန်တွင် အတူနေပါက ကိုယ်ဝန်လုံးဝမရနိုင်ဟု ထင်မြင်ယူဆခြင်း။ အမှန် ✅ ရာသီလာနေစဉ် အတူနေပါက ကိုယ်ဝန်ရရှိနိုင်ခြေသည် နည်းပါးသော်လည်း လုံးဝမရှိဟု မဆိုနိုင်ပါ။ ဤအချိန်တွင်လည်း ကိုယ်ဝန်ရသွားနိုင်ခြေ ရှိပါသည်။ အကြောင်းမှာ . . . (၁) မျိုးဥကြိုထွက်ခြင်းမျိုးဥထွက်ခြင်း (Ovulation) သည် ဓမ္မတာစက်ဝန်း၏...

သကြားအစားထိုးရန် ပျားရည်သုံးစွဲသင့်ပါသလား

သကြားဖြတ်တဲ့အကြောင်း ရေးပြီးသကာလမှာ အများစုက မေးကြတယ်။ ပျားရည်ထည့်သောက်တယ် ရလား၊ ထန်းလျက်ပြောင်းစားတာ အဆင်ပြေသလား စသဖြင့် မေးခွန်းတွေကို အမေးများတာ တွေ့ရပါတယ်။ ဒီဆောင်းပါးကနေ ပျားရည်နဲ့ပတ်သက်ပြီး အသေးစိတ် ရှင်းပြချင်ပါတယ်။ ပျားရည်ဟာ ပျားလေးတွေ ပန်းဝတ်ရည်စုဆောင်းရာကနေ သဘာဝအတိုင်းရရှိလာတဲ့ သကြားဖြစ်ကာ လူသားတို့အနေနဲ့ အဆင်သင့် စားသုံးနိုင်တဲ့ အချိုဓာတ်ပေးတဲ့အရာ...

ရင်ဆိုင်နေရတဲ့ ပြဿနာတိုင်းရဲ့ အသံတိတ်အကြောင်းရင်း

💔 ရင်ဆိုင်နေရတဲ့ ပြဿနာတိုင်းရဲ့ အသံတိတ်အကြောင်းရင်း "လိုချင်တဲ့အရာ" လို့ ပြောလိုက်ရင် ပုံမှန်အားဖြင့် ကျွန်မတို့ဟာ လက်ထဲမှာ ကိုင်တွယ်လို့ရတဲ့၊ မျက်စိနဲ့ မြင်ရတဲ့ ဒြပ်ပစ္စည်းတွေပဲ အရင်ဆုံး ပြေးမြင်မိတတ်ကြပါတယ်။ တကယ်တော့ ကျွန်မတို့ရဲ့ စိတ်နှလုံးသားထဲမှာ အများစု တောင်းဆိုနေတာကတော့ စိတ်ခံစားမှုဆိုင်ရာ လိုအပ်ချက် (Emotional Needs) တွေပါပဲ။ ဒီလိုအပ်ချက်လေးတွေဟာ...

ရေချိုးမှားခြင်း

မေး။ ရေချိုးမှားခြင်းသည် ဦးနှောက်သွေးကြောပြတ်ခြင်း (လေဖြတ်ခြင်း) ကို တိုက်ရိုက်ဖြစ်စေနိုင်ပါသလား။ ဖြေ။ လူတို့၏ ဦးနှောက်ရှိအစိတ်အပိုင်းတွင် ခန္ဓာကိုယ်အစိတ်အပိုင်း၏ လှုပ်ရှားမှုများကို ထိန်းချုပ်သောနေရာများ အသီးသီးရှိကြသည်။ ထိုနေရာများ ပုံမှန်အလုပ်လုပ်ရန်အတွက် သွေးထောက်ပံ့မှု လိုအပ်သည်။ ဦးနှောက်အတွင်းရှိ သွေးကြောများပိတ်ခြင်း သို့ သွေးကြောများပေါက်ထွက်ခြင်းကြောင့် ထိုအစိတ်အပိုင်းများသို့ သွေးထောက်ပံ့မှု ပြတ်လပ်သွားသည့်အခါ ယင်းနေရာများ...