နွားနိုနဲ့ သံပရာသီးက တကယ်ပဲ မတည့်တာလား

🥛နွားနို့နဲ့ 🍋‍🟩သံပရာသီးက တကယ်ပဲ မတည့်တာလား

သင်္ဘောသီးထောင်းလေးကို ချဥ်ချဥ်စပ်စပ်လေး သံပရာသီးလေး ညှစ်စားပြီး ခဏနေတော့ လက်ဖက်ရည်ဆိုင်မှာ နွားနို့ပူပူလေးတစ်ခွက် မှာသောက်ဖို့ကြံနေတုန်း “ဟဲ့… နွားနို့နဲ့ သံပရာသီး တွဲစားရင် ဗိုက်ထဲမှာ နို့တွေခဲပြီး သေတတ်တယ်နော်” ဆိုတဲ့ လူကြီးတွေ ပြောစကားကို နားထဲ ကြားယောင်လာတယ်။ တချို့ကလည်း နို့ထည့်ထားတဲ့ လက်ဖက်ရည်ထဲ သံပရာသီး ညှစ်ထည့်လိုက်ရင် အဖတ်တွေ ကွဲထွက်သွားတာကို မျက်စိရှေ့တင် မြင်ဖူးတော့ တကယ်ပဲ နို့တွေခဲသွားတာဆိုပြီး လန့်သွားတတ်ကြပါတယ်။

တကယ်တမ်း နွားနို့နဲ့ သံပရာသီး တွဲစားတဲ့အခါ ခန္ဓာကိုယ်ထဲမှာ ဘာတွေဖြစ်သွားလဲ၊ တကယ်ပဲ အဆိပ်ဖြစ်ပြီး သေတတ်တာလား ဆိုတာကို သေချာ ကြည့်လိုက်ရအောင်။

ပထမဆုံး သိထားရမှာက နွားနို့နဲ့ သံပရာသီး တွဲစားလို့ လုံးဝကို အဆိပ်မဖြစ်ပါဘူး။ သံပရာသီးမှာပါတဲ့ စစ်ထရစ်အက်ဆစ်နဲ့ နွားနို့ထဲက ပရိုတင်းဓာတ် (Casein) တို့ ထိတွေ့သွားတဲ့အခါ ဓာတ်ပြုပြီး နွားနို့က အဖတ်လေးတွေနဲ့ အရည်ကြည်ဆိုပြီး ကွဲထွက်သွားတာ သက်သက်ပါ။

ဒီသဘောတရားကိုသုံးပြီး ကမ္ဘာတစ်လွှားမှာ ဖန်တီးထားတဲ့ အရသာရှိတဲ့ နာမည်ကြီး နို့ထွက်ပစ္စည်းတွေတောင် အများကြီး ရှိပါသေးတယ်။
.

  • အိန္ဒိယက နာမည်ကြီး ပနီးယားဒိန်ခဲ

သက်သက်လွတ်စားသူတွေ အကြိုက်ဆုံး ပနီးယားချိစ်ဆိုတာက ပွက်ပွက်ဆူနေတဲ့ နွားနို့ထဲကို သံပရာရည် ညှစ်ထည့်လိုက်လို့ ထွက်လာတဲ့ အဖတ်တွေကို ရေစစ်၊ အလေးနဲ့ဖိပြီး အတုံးလေးတွေဖြစ်အောင် လုပ်ယူထားတဲ့ ဒိန်ခဲတစ်မျိုးပါ။ ဟင်းချက်စားရင် သိပ်အရသာရှိတာပေါ့။
.

  • အီတလီက ရီကော့တာ ဒိန်ခဲ

ပီဇာတွေ၊ ပါစတာတွေမှာ အများဆုံး ထည့်စားလေ့ရှိတဲ့ အီတလီနာမည်ကြီး ရီကော့တာ ဒိန်ခဲဟာလည်း နွားနို့ (သို့မဟုတ် နွားနို့ကနေ ထွက်လာတဲ့ အရည်ကြည်) ကို အပူပေး၊ အချဉ်ဓာတ်လေး ကူထည့်ပြီး ရလာတဲ့ အဖတ်လေးတွေကို စစ်ယူထားတဲ့ အလွန်နူးညံ့တဲ့ ဒိန်ခဲတစ်မျိုးပါ။
.

  • ကော့တေ့ချ် ဒိန်ခဲ

ဝိတ်ချနေသူတွေ၊ Gym ဆော့သူတွေ စားလေ့ရှိတဲ့ ပရိုတင်းကြွယ်ဝတဲ့ ဒိန်ခဲကလည်း နွားနို့ကို အချဉ်ဓာတ်နဲ့ ကွဲအောင်လုပ်ထားတာပါပဲ။

ဒါဆို အပြင်မှာလုပ်ထားတဲ့နို့ခဲကို စားလို့ရပြီး ဗိုက်ထဲရောက်မှခဲသွားတဲ့ နို့ခဲက ဘာလို့ ဒုက္ခပေးတာလဲ။

ဒီမေးခွန်းက အတော်လေး စဉ်းစားစရာပါ။ အပြင်မှာ ဒိန်ခဲ ဒါမှမဟုတ် ပနီးယားလုပ်တဲ့အခါ အချဉ်ဓာတ်ကြောင့် ထွက်လာတဲ့ အချဉ်ရည်ကြည်တွေကို အကုန်သွန်ပစ်လိုက်ပြီး အဖတ်တွေကိုပဲ သေချာရေစစ်ယူထားတာပါ။ ပြီးတော့မှ အဲဒါကို ဟင်းအနေနဲ့ ပြန်ချက်စားကြတာပါ။

ဒါပေမယ့် နွားနို့နဲ့ သံပရာရည်ကို အရည်အတိုင်း ဗိုက်ထဲကို တစ်ပြိုင်နက်တည်း သောက်ချလိုက်တဲ့အခါ အောက်က ပြဿနာတွေ သေချာပေါက် ဖြစ်လာနိုင်ပါတယ်။

  • အစာမကြေ လေပွခြင်း

ဗိုက်ထဲမှာ သံပရာရည်ရော၊ အစာအိမ်အက်ဆစ်တွေရော ပေါင်းပြီး နွားနို့က ရုတ်တရက် အဖတ်ကြီးတွေအဖြစ် ခဲသွားပါတယ်။ အဲဒီအခါ အစာအိမ်က ပုံမှန်အရည်ကို ချေဖျက်ရတာထက် အဲဒီ အဖတ်ကြီးတွေကို ချေဖျက်ဖို့ အလုပ်တွေ အများကြီးပိုလုပ်ရလို့ လေပွတာ၊ ရင်ပြည့်ရင်ကယ်ဖြစ်တာ၊ ဗိုက်ရစ်နာတာတွေ ဖြစ်လာတော့တာပါပဲ။
.

  • ရင်ပူပြီး စားချဥ့်ပြန်ခြင်း

သံပရာသီးမှာက နဂိုတည်းက အက်ဆစ်ဓာတ်ကဲပါတယ်။ နွားနို့အဖတ်တွေကို ချေဖျက်ဖို့အတွက် အစာအိမ်ကလည်း သူ့ရဲ့သဘာဝ အက်ဆစ်တွေ ထပ်ထုတ်ရပါသေးတယ်။ ဒီလို အက်ဆစ်တွေ စုပြုံသွားတဲ့အခါ အစာရေမျိုပြွန်ထဲ ဆန်တက်လာကာ ရင်ခေါင်းပူတာ၊ စားချဥ့်ပြန်တာတွေ ဖြစ်လာတတ်ပါတယ်။
.

  • Acid နဲ့ Base ဓာတ်ပြုခြင်း

အရှေ့တိုင်းဆေးပညာမှာ နွားနို့ရဲ့ ချိုအေးတဲ့သတ္တိနဲ့ သံပရာသီးရဲ့ ချဉ်ပူတဲ့သတ္တိတို့ဟာ ဆန့်ကျင်ဘက် ဖြစ်နေလို့ တွဲမစားဖို့ ဆိုထားပါတယ်။ ဒါကို ခေတ်သစ် ဓာတုဗေဒ ရှုထောင့်ကနေ ကြည့်ရင်လည်း သံပရာသီးလို အက်ဆစ်ဓာတ် ပြင်းပြင်းနဲ့ နွားနို့လို ဘေ့စ်သဘောသဘာဝဘက်ကို ပိုနွယ်တဲ့အရာနှစ်ခု ဗိုက်ထဲမှာ ဆုံတဲ့အခါ အချေအတင် ဓာတ်ပြုကြပါတယ်။ အဲဒီလို ဆန့်ကျင်ဘက်ဓာတ်နှစ်ခု အားပြိုင်ပြီး ဗိုက်ထဲမှာ တိုက်ပွဲဖြစ်တဲ့ ဂယက်ကြောင့် ခန္ဓာကိုယ်ရဲ့ အစာခြေစနစ် ကမောက်ကမ ဖြစ်ရတာပါ။

ကဲ… အနှစ်ချုပ်ရရင်တော့ နွားနို့နဲ့ သံပရာသီးဟာ တွဲစားလို့ သေစေလောက်တဲ့ အဆိပ်တော့ မဟုတ်ပါဘူး။ သေသေချာချာ စီမံပြီး လုပ်တတ်ရင် အရသာရှိတဲ့ ဒိန်ခဲတွေတောင် ရပါသေးတယ်။ ဒါပေမယ့် အစာအိမ်ထဲကို အရည်အတိုင်း တစ်ပြိုင်နက်တည်း ရောပြီး လောင်းထည့်လိုက်ရင်တော့ အစာမကြေတဲ့ ပြဿနာတွေကို သေချာပေါက် ခံစားရမှာပါ။

ဒါကြောင့် နွားနို့သောက်ပြီးရင် အနည်းဆုံး (၁) နာရီ ကနေ (၂) နာရီလောက် ခြားပြီးမှ သံပရာရည်၊ လိမ္မော်ရည် စတဲ့ အချဉ်ရည်တွေကို သောက်တာက အစာအိမ်အတွက် အကောင်းဆုံး ဖြစ်ပါတယ်ဗျာ….။

..

..

❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….

မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ

Zero Suicide Hotline သို့ ဆက်သွယ်ရန်

(၁) https://t.me/zeroscbot

(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ

ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)

*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “/start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***

Ministry of Health,

National Unity Government.

ဆက်စပ်ရာ ကျန်းမာရေးဆောင်းပါးများ

အလုံပိတ်နေရာကို ကြောက်တဲ့ Claustrophobia အကြောင်း သိကောင်းစရာ

"အလုံပိတ်နေရာကို ကြောက်တဲ့ Claustrophobia အကြောင်း သိကောင်းစရာ" ဓာတ်လှေကားထဲ ခြေချမိတိုင်း ရင်ဘတ်က တင်းကျပ်လာတာ၊ အသက်ရှူကျပ်လာတာမျိုး ကြုံဖူးပါသလား။ ဒါမှမဟုတ် အခန်းကျဉ်းကျဉ်းလေးထဲ ရောက်သွားရင် ချက်ချင်း အော်ဟစ်ထွက်ပြေးချင်စိတ်‌ ပေါ်ဖူးပါသလား။ ဒီနေ့မှာတော့ စိတ်ကျန်းမာရေး ဗဟုသုတအနေနဲ့ အလုံပိတ်နေရာတွေကို ကြောက်ရွံ့ရတဲ့ Claustrophobia အကြောင်းကို မျှဝေပေးပါရစေ။...... Claustrophobia ဆိုတာ...

“ဆေးမပါရင် ဝမ်းမသွားတော့လို့ပါ ဆရာ”

တစ်နေ့သ၌ ကျွန်တော်ရှိသော ဆေးခန်းလေးသို့ လူနာ ကိုမှတ်တစ်ယောက် ရောက်လာလေသည်။ သူ၏မျက်နှာတွင် စိုးရိမ်ပူပန်မှုများ အပြည့်နှင့်။ လူနာ - "ဆရာရယ်... ကျွန်တော် ဝမ်းနုတ်ဆေး သောက်လာတာ နှစ်နဲ့ချီနေပြီ။ အခုဆို ဝမ်းနုတ်ဆေး မသောက်ရင် လုံးဝ ဝမ်းမသွားတော့ဘူး။ ဆေးကို အမြဲအားကိုးနေရတာ စိတ်လည်းညစ်လာပြီ။ တစ်ခုခုဖြစ်မှာလည်း...

အယူအဆလွဲများ (၄၂)

❌ အယူအဆလွဲ >>>> အတက်ရောဂါ (ဥပမာ - ဝက်ရူးပြန်ရောဂါ) ကြောင့် တက်နေတဲ့သူကို လျှာကိုက်မိပြီး သွေးထွက်မှာစိုးလို့ ပါးစပ်ထဲကို ဇွန်း၊ တုတ် ဒါမှမဟုတ် လက်ချောင်းတွေ ထည့်ပြီး ကိုက်ထားခိုင်းလေ့ ရှိကြတာ။ ☑️ အမှန် >>>> တက်နေတဲ့အချိန်မှာ မေးရိုးကြွက်သားတွေက အလွန်အားပြင်းပါတယ်။...

ခေါင်းကိုက်ရခြင်းအကြောင်းရင်းများ

"ခေါင်းကိုက်နေလား" ဒီတစ်ပတ်ပိတ်ရက် အေးအေးဆေးဆေး နားနေတုန်းအိမ်ရှေ့ကနေ စက်ဘီးဘဲလ်သံ ကလင်ကလင် ကြားလိုက်ရတယ်။ တံခါးဖွင့်ကြည့်လိုက်တော့ မျက်နှာကြီး ရှုံ့မဲ့နေတဲ့ သူငယ်ချင်း ကျော်စွာ။ "ဟေ့ကောင်... ဘာဖြစ်လာပြန်ပြီလဲ။ အရင်တစ်ခေါက်က ခေါင်းမူးတယ်ဆိုပြီး ရောက်လာတယ်။ ဒီနေ့ကျတော့ ဘာဖြစ်ပြန်ပြီလဲ" လို့ မေးလိုက်တော့ ကျော်စွာက မျက်လုံးလေး တစ်ဝက်ဖွင့်ကြည့်ပြီး ညည်းတယ်။ "ငါ ခေါင်းတွေ...