Colonoscopy (အူမကြီးမှန်ပြောင်းကြည့်ခြင်း ) ( June, 2022 )

အူမကြီးမှန်ပြောင်းကြည့်ခြင်း ( June, 2022)
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

❓၁။ ဘယ်လိုအခြေအနေတွေမှာ ကြည့်သင့်ပါသလဲ?

????ဗိုက်အောင့်ရတဲ့အကြောင်းရင်းကိုသိဖို့။

????ကြာရှည် ၀မ်းလျှော၀မ်းပျက်ဖြစ်စေတဲ့ အကြောင်းရင်းကို သိဖို့။

????အူမကြီးကနေသွေးထွက် (၀မ်းသွားတဲ့အခါ စတော်ဘယ်ရီ‌ နီညိုရောင်ဂျယ်လီလိုမျိုး သွေးတွေချွဲတွေပါတာ)။

????ကင်ဆာရှိ/မရှိ စစ်ဆေးချင်တဲ့အခါ (အသက် ၄၅ နှစ်အထက်)။

????အရင်က အူမကြီး အသားပို ဖြတ်ဖူးလို့ ရက်ချိန်းပြန်ပြရတဲ့အခါ။

❓၂။မှန်ပြောင်းကြည့်ရင် အန္တရာယ်ရှိပါသလား?

????အသားစယူတဲ့နေရာကတော့ သွေးအနည်းအကျဉ်းထွက်တတ်ပါတယ်။

????အူပေါက်တတ်ပါတယ် ( အင်မတန်တော့ရှားပါတယ်။ ဖြစ်နိုင်ခြေအားဖြင့် <၁% ပါ)။

❓၃။ မှန်ပြောင်း မကြည့်ခင် ဘာတွေပြင်ဆင်ရမလဲ?

????မကြည့်ခင် အူဆေးဖို့ အူသန့်ဖို့ လိုပါတယ်။ လုပ်ပုံလုပ်နည်းတွေကတော့ အမျိုးမျိုးရှိပါတယ်။ ကိုယ့်ကိုစစ်ဆေးကြည့်ရှုပေးမယ့် ဆရာ၀န်ကြီး (သို့) ဆေးခန်းက မှာကြားတဲ့အတိုင်း အစားအသောက် ဆင်ခြင်တာနဲ့ ၀မ်းနှုတ်ဆေးသောက်တာတွေ လုပ်ရမှာပါ။ ၀မ်းမစင်ရင် ကြည့်လို့အဆင်မပြေဖြစ်တတ်လို့ နောက်တစ်ခေါက် ပြန်ကြည့်ရတာတွေရှိတတ်ပါတယ်။

❓၄။ ဘယ်လိုကြည့်မှာလဲ?

????စအိုကနေ လက်ညှိုးလုံးလောက် မှန်ပြောင်းထည့်ပြီး ကြည့်တာပဲဖြစ်ပါတယ်။ ထုံဆေး၊ အိပ်ဆေး၊ မေ့ဆေး သုံးပြီး ကြည့်လေ့ရှိကြပါတယ်။ မေ့ဆေးမသုံးရင်တော့ အူထဲကို လေဖောင်းချိန် နည်းနည်းနာတာ သိပါမယ်။ မေ့ဆေးနဲ့ကြည့်ရင်တော့မနာပါဘူး။ သိတောင်မသိလိုက်ဘဲ မေ့ဆေးပြယ်ပြီး နိုးတဲ့အချိန် မှန်ပြောင်းကြည့်ပြီး ဖြစ်နေပါပြီ။ ကြည့်နေတုန်းမှာလည်း နှလုံးခုန်နှုန်းနဲ့ အောက်ဆီဂျင်ကို စောင့်ကြည့်နေပါတယ်။ အကြမ်းအားဖြင့် ၁၅မိနစ်မှ နာရီ၀က်လောက်တော့ ကြာတတ်ပါတယ်။

❓၅။ မှန်ပြောင်းကြည့်ပြီးနောက် ဘာတွေဂရုစိုက်ရမလဲ?

????မေ့ဆေးသုံးပြီး မှန်ပြောင်းကြည့်ခံထားတဲ့ လူနာတစ်ယောက်ဟာ အများအားဖြင့် ကြည့်ပြီး တစ်နာရီ လောက်နေမှ နိုးတတ်ပါတယ်။

❎မှန်ပြောင်းကြည့်ထားတဲ့သူက အပြန်လမ်းမှာတော့ ကားမောင်းလို့မရပါဘူး။

အဖော်ပါရပါမယ်။

✅လေကယ်သလိုလိုဖြစ်ပြီး လေတွေတောက်လျှောက်လည်လည်း မစိုးရိမ်စရာလိုပါဘူး။ ဖြစ်တတ်ပါတယ်။ မှန်ပြောင်းကြည့်ပြီးနောက် ပထမဆုံးသွားသွားချင်း၀မ်းမှာ သွေးပါရင် မကြောက်ပါနဲ့။ ဖြစ်တတ်ပါတယ်။

✅မှန်ပြောင်းကြည့်ပြီးရလာတဲ့ အဖြေပေါ်မူတည်ပြီး လိုအပ်သလို ဆရာ၀န်နဲ့ ဆက်လက်တိုင်ပင် ဆွေးနွေး ကုသ ရမှာပဲဖြစ်ပါတယ်။

Reference ????
????Mayo clinic.org.n.d. Colonoscopy-Mayo Clinic.[online] Available at <https://www.mayoclinic.org/…/colo…/about/pac-20393569…(koe%2Dlun%2D,is%20insert…>

❤️ NUG, MOH…တယ်လီကျန်းမာ ၊ လူတိုင်းအတွက်ပါ ❤️

တယ်လီကျန်းမာ အခမဲ့အွန်လိုင်းဆေးခန်းများ ပြသရန် ( နေ့စဥ် မနက် ၈နာရီမှ ညနေ၆နာရီအထိ )
*** ကုသမှုအားလုံး အခမဲ့ (အခမဲ့) ဖြစ်ပါသည် ***

ကြိုတင်ဘိုကင်ယူရန်အတွက် ( https://m.me/telehealthmm )ကိုနှိပ်ပါ။

ချက်ချင်းဆေးခန်းပြရန်အတွက်( https://t.me/TelehealthMM )ကိုနှိပ်ပါ။

Ministry of Health,

National Unity Government.

Published on: 20 June 2022
Last Updated: 20 June 2022

ဆက်စပ်ရာ ကျန်းမာရေးဆောင်းပါးများ

အလုံပိတ်နေရာကို ကြောက်တဲ့ Claustrophobia အကြောင်း သိကောင်းစရာ

"အလုံပိတ်နေရာကို ကြောက်တဲ့ Claustrophobia အကြောင်း သိကောင်းစရာ" ဓာတ်လှေကားထဲ ခြေချမိတိုင်း ရင်ဘတ်က တင်းကျပ်လာတာ၊ အသက်ရှူကျပ်လာတာမျိုး ကြုံဖူးပါသလား။ ဒါမှမဟုတ် အခန်းကျဉ်းကျဉ်းလေးထဲ ရောက်သွားရင် ချက်ချင်း အော်ဟစ်ထွက်ပြေးချင်စိတ်‌ ပေါ်ဖူးပါသလား။ ဒီနေ့မှာတော့ စိတ်ကျန်းမာရေး ဗဟုသုတအနေနဲ့ အလုံပိတ်နေရာတွေကို ကြောက်ရွံ့ရတဲ့ Claustrophobia အကြောင်းကို မျှဝေပေးပါရစေ။...... Claustrophobia ဆိုတာ...

“ဆေးမပါရင် ဝမ်းမသွားတော့လို့ပါ ဆရာ”

တစ်နေ့သ၌ ကျွန်တော်ရှိသော ဆေးခန်းလေးသို့ လူနာ ကိုမှတ်တစ်ယောက် ရောက်လာလေသည်။ သူ၏မျက်နှာတွင် စိုးရိမ်ပူပန်မှုများ အပြည့်နှင့်။ လူနာ - "ဆရာရယ်... ကျွန်တော် ဝမ်းနုတ်ဆေး သောက်လာတာ နှစ်နဲ့ချီနေပြီ။ အခုဆို ဝမ်းနုတ်ဆေး မသောက်ရင် လုံးဝ ဝမ်းမသွားတော့ဘူး။ ဆေးကို အမြဲအားကိုးနေရတာ စိတ်လည်းညစ်လာပြီ။ တစ်ခုခုဖြစ်မှာလည်း...

နွားနိုနဲ့ သံပရာသီးက တကယ်ပဲ မတည့်တာလား

🥛နွားနို့နဲ့ 🍋‍🟩သံပရာသီးက တကယ်ပဲ မတည့်တာလား သင်္ဘောသီးထောင်းလေးကို ချဥ်ချဥ်စပ်စပ်လေး သံပရာသီးလေး ညှစ်စားပြီး ခဏနေတော့ လက်ဖက်ရည်ဆိုင်မှာ နွားနို့ပူပူလေးတစ်ခွက် မှာသောက်ဖို့ကြံနေတုန်း "ဟဲ့... နွားနို့နဲ့ သံပရာသီး တွဲစားရင် ဗိုက်ထဲမှာ နို့တွေခဲပြီး သေတတ်တယ်နော်" ဆိုတဲ့ လူကြီးတွေ ပြောစကားကို နားထဲ ကြားယောင်လာတယ်။ တချို့ကလည်း...

အယူအဆလွဲများ (၄၂)

❌ အယူအဆလွဲ >>>> အတက်ရောဂါ (ဥပမာ - ဝက်ရူးပြန်ရောဂါ) ကြောင့် တက်နေတဲ့သူကို လျှာကိုက်မိပြီး သွေးထွက်မှာစိုးလို့ ပါးစပ်ထဲကို ဇွန်း၊ တုတ် ဒါမှမဟုတ် လက်ချောင်းတွေ ထည့်ပြီး ကိုက်ထားခိုင်းလေ့ ရှိကြတာ။ ☑️ အမှန် >>>> တက်နေတဲ့အချိန်မှာ မေးရိုးကြွက်သားတွေက အလွန်အားပြင်းပါတယ်။...