ကိုယ့်ရဲ့အသံကို ဘယ်လိုဂရုစိုက်လို့ရလဲ How To Take Care Of Your Voice

တယ်လီကျန်းမာက ဆရာ၊ ဆရာမ အသံလေးတွေ ကြားတာနဲ့ကို ဝေဒနာတစ်ဝက် သက်သာတယ်လို့ feedback လေးတွေ ပြန်ကြားရပါတယ် (ဟုတ်တယ်…ဟုတ် ?)

ဒါဆိုရင် အသံလေးတွေ ဘယ်လိုထွက်လာတယ်၊ ကိုယ့်ရဲ့အသံကို ဘယ်လိုဂရုစိုက်လို့ရလဲဆိုတာ ဝေမျှပေးပါမယ်နော်…

???? အသံထွက်ပေါ်လာပုံကတော့

အဆုတ်ထဲက ထွက်လာတဲ့လေက အသံအိုးမှာရှိတဲ့ vocal fold လို့ခေါ်တဲ့ အသံကြိုး (ကြွက်သား) ၂ ချောင်းကို တုန်ခါစေပြီး အသံဖြစ်ပေါ်လာပါတယ်။ အသံအိုးဟာ လေပြွန် (trachea) အဝမှာ တည်ရှိပါတယ်။

အသံအိုး ပုံသဏ္ဌာန် အရွယ်အစား၊ အသံကြိုးရဲ့အထူအပါးနဲ့ တုန်ခါမှုပေါ် မူတည်ပြီး တစ်ဦးနဲ့တစ်ဦး မတူကွဲပြားတဲ့အသံတွေ ဖြစ်ပေါ်လာတာပါ။

အသံက ကျွန်တော်တို့နေ့စဉ်ဘဝရဲ့ အရေးပါတဲ့အခန်းကဏ္ဍမှာ ပါဝင်နေတာမို့ ဂရုစိုက်ပေးဖို့ လိုအပ်ပါတယ်။

..

..

❗️ အသံဆိုင်ရာ ပြဿနာတွေကတော့

– အသံပြာခြင်း၊ အသံဝင်ခြင်း

– သီချင်းဆိုစဉ် အမြင့်သံများ မဆိုနိုင်တော့ခြင်း

– အသံ ဩလာခြင်း

– လည်ချောင်း တစစ်စစ်ကိုက်ခြင်း၊ လည်ချောင်း၌ ကြမ်းတမ်းခြောက်ကပ်ခြင်း

– စကားပြောရန် အားစိုက်ထုတ်ရခြင်း

– မကြာခဏ လည်ချောင်းရှင်းရခြင်း… တို့ဖြစ်ပါတယ်။

ဒီလိုပြဿနာတွေကို အချိန်ကာလတစ်ခုကြာ ခံစားနေရရင်တော့ နား၊ နှာခေါင်း၊ လည်ချောင်းအထူးကုနဲ့ ပြသသင့်ပါတယ်။

..

..

▪️ အသံဆိုင်ရာပြဿနာ ဖြစ်စေတဲ့ အကြောင်းရင်းတွေကတော့…

– ဗိုင်းရပ်စ်ပိုး ကူးစက်ခံရခြင်း (အအေးမိ၊ ဖျားနာ)

– အစာအိမ်မှ အက်စစ်များ လည်ချောင်းသို့ ဆန်တက်သောရောဂါ

– အသံ အလွန်အကျွံ အသုံးပြုခြင်း

– အသံကြိုးဆိုင်ရာ ပြဿနာများ

– လည်ချောင်းကင်ဆာ

– အာရုံကြောဆိုင်ရာ ပြဿနာများ

– အရက်၊ ဆေးလိပ် အလွန်အကျွံသောက်ခြင်း… တို့ဖြစ်ပါတယ်။

..

..

???? အောက်ဖော်ပြပါ အလေ့အကျင့်နဲ့ လူနေမှုပုံစံတွေက မိမိအသံကို ဂရုစိုက်ရာမှာ အသုံးဝင်နိုင်ပါတယ်။

????
????
????

???? ရေဓာတ်ပြည့်ဝအောင် နေပါ။

ရေသောက်ရာမှသာမက အသီးအနှံစားပေးခြင်းမှတစ်ဆင့်လည်း ရေဓာတ်နဲ့ ဗီတာမင်တွေကို ဖြည့်တင်းနိုင်ပါတယ်။

ပူပြီး ခြောက်သွေ့တဲ့ရာသီဥတုမှာ စိုစွတ်တဲ့လေကို ရှူပါ။ ရေငွေ့ထုတ်စက် (humidifier) ကိုအခန်းတွင်းမှာ သုံးပေးလို့ရပါတယ်။

.

???? ကျန်းမာသော နေထိုင်စားသောက်မှုပုံစံ

လုံလောက်စွာ အနားယူပါ။ ခန္ဓာကိုယ်အားမရှိရင် အသံကြိုးကြွက်သားလည်း အားမရှိနိုင်ပါဘူး။

လေ့ကျင့်ခန်း ပုံမှန်လုပ်ပေးခြင်းဟာ သက်လုံကောင်းစေရုံသာမက အသက်ရှူတာနဲ့ စကားပြောတာမှာပါ ယုံကြည်မှု ပြည့်ဝစေပါတယ်။

အစပ်အရသာလွန်ကဲတဲ့ အစားအသောက်တွေ စားသုံးခြင်းဟာ အစာအိမ်ကအက်စစ်တွေ လည်ချောင်းသို့ ဆန်တက်စေပြီး အသံကြိုးကို ထိခိုက်စေပါတယ်။

အရက်နဲ့ ဆေးလိပ်​သောက်သုံးခြင်းဟာ အသံကြိုးကို ထိခိုက်စေရုံသာမက ကင်ဆာအထိဖြစ်နိုင်တာကြောင့် တတ်နိုင်သမျှ ရှောင်ကြဉ်သင့်ပါတယ်။

.

???? အသံအသုံးပြုခြင်း အနုပညာ

• အသံနာနေစဉ် အသံအလွန်အကျွံ အသုံးပြုခြင်းမှ ရှောင်ကြဉ်ပါ။

• အသံကြိုးကို ဖိအားဖြစ်စေသော အလွန်ကျယ်လောင်စွာ အော်ပြောခြင်း၊ လေသံတိုးတိုး ပြောခြင်းမှလည်း ရှောင်ကြဉ်ပါ။

• အသံကို တတ်နိုင်သမျှ အသုံးမပြုဘဲ အချိန်အတိုင်းအတာတစ်ခုအထိ အနားယူခြင်း၊ အာဟာရပြည့်ဝစွာ နေထိုင်စားသောက်ခြင်းဖြင့် ကျန်းမာသောအသံ ပြန်လည်ရရှိစေပါတယ်။

• အသံကို အသုံးပြုပြီး အသက်မွေးရသူများအနေနဲ့ မိုက်ခရိုဖုန်း (microphone) အသုံးပြုရုံသာမက အသက်ရှုလေ့ကျင့်ခန်းနဲ့ အသံဆိုင်ရာလေ့ကျင့်ခန်းတွေပါ တွဲဖက်လေ့ကျင့်သင့်ပါတယ်။

???? အားလုံးပဲ ကျန်းမာတဲ့ အသံပိုင်ရှင်များ ဖြစ်ကြပါစေ။

???? Reference

https://www.nidcd.nih.gov/health/taking-care-your-voice

❤️ NUG, MOH တယ်လီကျန်းမာ ၊ လူတိုင်းအတွက်ပါ ❤️

???? တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှ အခမဲ့တိုင်ပင်ဆွေးနွေးနိုင်ပါသည်

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက်( https://m.me/telehealthmm )ကို နှိပ်ပါ

( နေ့စဥ် မနက် ၈နာရီမှ ည၁၀နာရီအထိ )

#nugmoh#telehealth#telemedicine

#teleconsultation#တယ်လီကျန်းမာ#Telekyanmar

#အသံ

Ministry of Health,

National Unity Government.

ဆက်စပ်ရာ ကျန်းမာရေးဆောင်းပါးများ

ဖောက်ပြန်ခံရတဲ့အခါ ….

ပတ်ဝန်းကျင်မှာ ဒါမှမဟုတ် ဆိုရှယ်မီဒီယာမှာ ခဏခဏ မြင်ဖူး၊ ကြားဖူးကြပါလိမ့်မယ်။ အိမ်ထောင်ဖက် ဒါမှမဟုတ် ချစ်သူက ဖောက်ပြန်သွားတဲ့အခါ.... ဖောက်ပြန်ခံရတဲ့သူကပဲ "ငါ ဘာတွေ လိုအပ်သွားလို့လဲ"၊ "ငါ့မှာ ဘာအားနည်းချက်ရှိလို့လဲ"၊ "ငါ့အပြစ်တွေပဲ" ဆိုပြီး ကိုယ့်ကိုယ်ကိုယ် အပြစ်ရှာ၊ လက်ညှိုးထိုးတတ်ကြပါတယ်။ တကယ်တော့ အမှားလုပ်တာက တစ်ဖက်လူဖြစ်ပြီး နာကျင်ရတာက...

ဒိုပါမင်း အလွန်အကျွံလှုံ့ဆော်မှုကို ခဏတာဖြတ်တောက်ခြင်း Dopamine Fasting

ဖုန်းသုံးနေရင်း social media ပေါ်က short videos တွေကို တစ်ခုပြီးတစ်ခု ပွတ်နေရင်း အချိန်တွေကုန်မှန်းမသိ ကုန်သွားတာမျိုး ကြုံဖူးပါသလား။ ဒီလိုဖြစ်ရတဲ့ အဓိကတရားခံကတော့ ဦးနှောက်ထဲက ဒိုပါမင်း (Dopamine) ဓာတ်တွေ အလွန်အကျွံ လှုံ့ဆော်ခံနေရလို့ပဲ ဖြစ်ပါတယ်။ ဒိုပါမင်း (Dopamine) ဆိုတာ အလွယ်ပြောရရင် ကျွန်မတို့...

သွေးစစ်ဖို့ နောက်မကျပါစေနဲ့

ဆေးခန်းရှေ့ရောက်မှ ရင်တွေတအားခုန်လာပြီး နောက်ပြန်လှည့်ပြေးချင်စိတ် ပေါက်ဖူးလား။ "အဖြေတစ်ခုခု ထွက်လာရင် ငါဘယ်လို ရှေ့ဆက်ရမလဲ" ဆိုတဲ့ အတွေးက လူကို အတော်လေး မွန်းကျပ်စေတာ အမှန်ပဲ။ HIV လို၊ ကာလသားရောဂါလို ကိစ္စတွေမှာ သွေးသွားစစ်ဖို့ ကြောက်နေတာ သင်တစ်ယောက်တည်း မဟုတ်ပါဘူး။ လူတိုင်းလိုလို ဒီခံစားချက်ကို ဖြတ်သန်းဖူးကြတာချည်းပဲ။ ဒါပေမယ့်...

အယူအဆလွဲများ (၃၇)

❌ အယူအဆလွဲ >>> နှာခေါင်းသွေးယိုတဲ့အခါ သွေးတွေ အပြင်ကို ထပ်မထွက်လာစေဖို့ ခေါင်းကို အနောက်ဘက်ကို မော့ပစ်လိုက်တာ ဒါမှမဟုတ် ပက်လက်လှန်အိပ်ခိုင်းလိုက်တာ။ ☑️ အမှန် >>> ခေါင်းကို အနောက်ကို မော့လိုက်တဲ့အခါ နှာခေါင်းထဲက သွေးတွေဟာ အပြင်ကို မစီးတော့တာ မှန်ပေမယ့် အဲဒီသွေးတွေဟာ လည်ချောင်းထဲမှတစ်ဆင့်...