အလွဲ ❌ မွေးကင်းစကလေးကို နို့ဦးရည်မတိုက်ခင် ပျားရည်တိုက်ခြင်းဟာ ကလေးငယ်အတွက် ကောင်းခြင်းတွေ ဆောင်ကြဉ်းပေးပြီး တစ်ဘဝလုံးကံကောင်းစေတယ်၊ အူလမ်းကြောင်းကို သန့်စင်ပေးလို့ မွေးပြီးနောက် ကလေးငယ်ချေးသွားစေတယ်၊ ပျားရည်နဲ့ လျှာကိုပွတ်ပေးရင် ကလေး နို့ကောင်းကောင်းစို့နိုင်စေတယ်။
အမှန် ✅ မွေးစကနေ တစ်နှစ်အထိ ကလေးငယ်တွေကို ပျားရည် လုံးဝမတိုက်ရပါ။
အာရုံကြောအဆိပ်သင့် ရောဂါတစ်မျိုးဖြစ်တဲ့ Botulism လို့ခေါ်တဲ့ ရောဂါဖြစ်ပြီး မလှုပ်ရှားနိုင်၊ အသက်မရှုနိုင်ဘဲ အသက်ဆုံးရှုံးနိုင်ပါတယ်။ ပျားရည်တိုက်တိုင်းဖြစ်မယ်လို့ မဟုတ်ပေမယ့် မိမိကလေးကများ ထီပေါက်ပြီး ၁၀၀ ထဲက ၁ ယောက်သာဖြစ်သွားရင်လို့ တွေးစေလိုပါတယ်။ ရှေးထုံးကို လိုအပ်ရင် ဟိုးထားပါ။
ကလေးရဲ့ငယ်ချေးဟာ မိခင်နို့ ကောင်းကောင်းစို့ရင် သွားပါတယ်။ ကလေးဆိုတာ လစေ့တယ်၊ ပေါင်ပြည့်တယ်ဆို ၃၆ ပတ်ကျော်မှမွေးတယ်ဆို နို့စို့တာအတွက် ပြဿနာမရှိလောက်ပါ။ ၃၆ ပတ်ကျော်နဲ့မွေးတဲ့ ကလေးတစ်ယောက်ဟာ မသင်ဘဲနဲ့ နို့ စို့တတ်ပါတယ်။ တကယ်လို့ မိမိရဲ့ကလေးဟာ နို့ကောင်းကောင်းမစို့နိုင်ဘူးဆိုရင်တော့ သက်ဆိုင်ရာ ကျွမ်းကျင်ဆရာဝန်များနဲ့ တိုင်ပင်သင့်ပါတယ်။
အသက်ကို ဉာဏ်စောင့်နိုင်ကြပါစေ…။
..
..
❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️
👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။
*** ပိတ်ရက်မရှိပါ ***
ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။
(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)
…
…
👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….
မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ
Zero Suicide Hotline သို့ ဆက်သွယ်ရန်
(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ
ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)
*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***
Ministry of Health,
National Unity Government.

