အလွဲ ❌ အမျိုးသမီးတစ်ဦး ရာသီသွေးဆင်းနေချိန်တွင် အတူနေပါက ကိုယ်ဝန်လုံးဝမရနိုင်ဟု ထင်မြင်ယူဆခြင်း။
အမှန် ✅ ရာသီလာနေစဉ် အတူနေပါက ကိုယ်ဝန်ရရှိနိုင်ခြေသည် နည်းပါးသော်လည်း လုံးဝမရှိဟု မဆိုနိုင်ပါ။ ဤအချိန်တွင်လည်း ကိုယ်ဝန်ရသွားနိုင်ခြေ ရှိပါသည်။
အကြောင်းမှာ . . .
(၁) မျိုးဥကြိုထွက်ခြင်း
မျိုးဥထွက်ခြင်း (Ovulation) သည် ဓမ္မတာစက်ဝန်း၏ အလယ်လောက်တွင် ပုံမှန်ဖြစ်ပေါ်လေ့ရှိသော်လည်း ဓမ္မတာစက်ဝန်း တိုတောင်းသူများ (ဥပမာ။ ၂၁ ရက်သာ ကြာသူများ) သို့မဟုတ် ဓမ္မတာမမှန်သူများတွင် ရာသီဆုံးပြီးမကြာမီ မျိုးဥကြိုထွက်နိုင်ပါသည်။
(၂) သုက်ပိုး၏ သက်တမ်း
သုက်ပိုးများသည် အမျိုးသမီး၏ ခန္ဓာကိုယ်အတွင်း ၅ ရက်ခန့်အထိ အသက်ရှင်နိုင်ပါသည်။ ထို့ကြောင့် ရာသီလာစဉ် လိင်ဆက်ဆံပါက ရာသီဆုံးပြီး ရက်အနည်းငယ်အတွင်း မျိုးဥထွက်ချိန်နှင့် တိုက်ဆိုင်သွားပြီး သုက်ပိုးနှင့်မျိုးဥတွေ့ဆုံကာ ကိုယ်ဝန်ရသွားနိုင်ခြေ ရှိပါသည်။
.
📌 ကိုယ်ဝန်မရရှိစေရန် ရည်ရွယ်ပါက ရာသီလာချိန် အပါအဝင် မည်သည့်အချိန်မဆို ထိရောက်သော သန္ဓေတားနည်းများ (ကွန်ဒုံး၊ သန္ဓေတားဆေးများ စသည်) ကို အသုံးပြုရန် အရေးကြီးပါသည်။ ရာသီလာချိန်သည် ကိုယ်ဝန်ရနိုင်ခြေ လုံးဝမရှိသည့် စိတ်ချလုံခြုံရသောကာလ မဟုတ်ပါ။

