အလွဲ ❌ ဗီတာမင်အားဆေး (Supplement) တွေသောက်ရင် အားရှိတယ်၊ ကျန်းမာတယ်။

အမှန် ✅ ဗီတာမင်နဲ့ သတ္တုဓာတ်တွေဟာ ခန္ဓာကိုယ်အတွက် လိုအပ်ပေမယ့် “ စွမ်းအင်တိုးဆေး၊ အားတိုးဆေး” မဟုတ်ပါဘူး။

ခန္ဓာကိုယ်မှာ ဗီတာမင်ဓာတ်ချို့တဲ့မှု၊ ဆုံးရှုံးမှုရှိမှသာ အားဆေးသောက်ဖို့ လိုအပ်ပါတယ်။ ကလေးငယ်အချို့နဲ့ အစာကောင်းကောင်းစားမဝင်တဲ့သူတွေမှာတော့ အားဆေးဆိုတာ လိုအပ်ကောင်းလိုအပ်နိုင်ပါတယ် ။

ဒါပေမယ့် ပုံမှန်ကျန်းမာတဲ့သူတွေ၊ အစားကောင်းကောင်း စားဝင်တဲ့သူတွေအနေနဲ့ မချို့တဲ့ဘဲ အလွန်အကျွံသောက်ရင် အဆိပ်အတောက် ဖြစ်စေနိုင်ပါတယ်။ ဥပမာ ဗီတာမင် A ၊ D ၊ သံဓာတ်တွေဟာ ခန္ဓာကိုယ်မှာ စုပုံပြီး ကောင်းစွာမစွန့်ထုတ်နိုင်ဘဲ အန္တရာယ်ဖြစ်စေနိုင်ပါတယ်။

  • ဒါဆို ဘယ်လိုနေထိုင်မလဲ 🤗

အာဟာရညီညွတ်မျှတအောင် စားပါ။

အနီရောင်၊ အဝါရောင်၊ အစိမ်းရောင်ရှိသော အသီးအနှံ၊ ဟင်းသီးဟင်းရွက်၊ အသား၊ ငါး၊ ဥအမျိုးမျိုးကို အချိုးကျကျစားသုံးဖို့ လိုအပ်ပါတယ်။

အားဆေးသောက်ချင်ရင် ဆရာဝန်ညွှန်ကြားချက်နဲ့မှ သောက်တာ အကောင်းဆုံးပါပဲ…။

..

..

❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….

မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ

Zero Suicide Hotline သို့ ဆက်သွယ်ရန်

(၁) https://t.me/zeroscbot

(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ

ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)

*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here