“ Antibiotic လို့ခေါ်တဲ့ ပဋိဇီဝဆေးဆိုတာ ကိုက်ခဲဖျားနာ ပျောက်ဆေးတစ်မျိုးပဲလား”
အယူလွဲ >>> ဖျားလည်းဖျား၊ ချောင်းလည်းဆိုး၊ ကိုယ်လက်ကိုက်ခဲရင် ပိုးသတ်ဆေးသောက်မှ ပျောက်မယ်လို့ ထင်တတ်ကြပါတယ်။
အမှန် >>> Antibiotics ဆိုတာ ဘက်တီးရီးယားပိုး ကြောင့်ဖြစ်တဲ့ ရောဂါတွေအတွက်သာ အသုံးဝင်ပါတယ်။ ဒါတောင် ဘတ်တီးရီးယားအမျိုးအစားပေါ်မူတည်ပြီး ပေးရတဲ့ ပိုးသတ်ဆေးတွေ ကွဲပြားပါသေးတယ် ။
ရာသီတုပ်ကွေး (Influenza) လို ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်တဲ့ ရောဂါတွေ၊ အဖျားတက်တာတွေ နှာစေးချောင်းဆိုးတာတွေအတွက် Antibiotics ဟာ လုံးဝ မထိရောက်ပါဘူး။
မလိုအပ်ဘဲသောက်တဲ့အခါ ဆေးယဉ်ပါးမှု (Antibiotic Resistance) ဖြစ်စေပြီး နောက်တစ်ကြိမ် အမှန်တကယ် antibiotics ထိုးဖို့၊ သောက်ဖို့ လိုအပ်တဲ့အခါ ဆေးမတိုးတော့တာမျိုး ဖြစ်နိုင်ပါတယ်။ ဒါ့အပြင် မှန်ကန်တဲ့ ဆေးပမာဏနဲ့ နေ့ရက်ပြည့်သည်အထိ ဆေးပတ်လည်အောင် သောက်သုံးခြင်းမရှိတာကြောင့်လည်း ဆေးယဥ်ပါးမှုကို ပိုဖြစ်စေနိုင်ပါတယ်။
ဒါကြောင့် ဆရာဝန်နဲ့ ညွှန်ကြားချက်မပါဘဲ ပိုးသတ်ဆေးကို မိမိသဘောနဲ့မိမိ မသောက်သုံးသင့်ပါနော်…။
..
..
❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️
👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။
*** ပိတ်ရက်မရှိပါ ***
ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။
(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)
…
…
👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….
မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ
Zero Suicide Hotline သို့ ဆက်သွယ်ရန်
(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ
ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)
*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***
Ministry of Health,
National Unity Government.

