❌ အယူအဆလွဲ
ညဘက် နောက်ကျမှ (၈ နာရီနောက်ပိုင်းမှ) စားတဲ့အစာတွေဟာ တိုက်ရိုက် အဆီဖြစ်သွားပြီး ကိုယ်အလေးချိန် ပိုတက်စေတယ်။
☑️အမှန်
ကိုယ်အလေးချိန် တက်ခြင်း/ကျခြင်းဟာ ဘယ်အချိန်မှာ စားတယ်ဆိုတာထက် တစ်နေ့တာလုံး စားလိုက်တဲ့ စုစုပေါင်း ကယ်လိုရီပမာဏနဲ့သာ တိုက်ရိုက်သက်ဆိုင်ပါတယ်။ ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ်ဟာ ည ၈ နာရီထိုးလိုက်တာနဲ့ ရပ်တန့်သွားတာမျိုး မဟုတ်ပါဘူး။
ဝလာရခြင်းရဲ့ တကယ့်အကြောင်းရင်းက ညဘက်မှာ စားလေ့ရှိတဲ့ အစားအစာတွေဟာ အာဟာရထက် ကယ်လိုရီများတဲ့ မုန့်ပဲသရေစာတွေ ဖြစ်နေတတ်လို့ပါ။
ဥပမာအားဖြင့် မနက်ခင်းမှာ ပိုလျှံနေတဲ့ ကယ်လိုရီတွေကို စားတာနဲ့ ညဘက်မှာ စားတာဟာ စုစုပေါင်းပမာဏ တူနေသရွေ့ ဝိတ်တက်နှုန်းက အတူတူပဲ ဖြစ်ပါတယ်။
ဒါပေမယ့် အိပ်ခါနီး အများကြီးစားတာက အစာမကြေတာနဲ့ ရင်ပူတာ၊ အိပ်မပျော်တာမျိုးကိုတော့ ဖြစ်စေနိုင်ပါတယ်။
ညဘက်နောက်ကျမှ စားတာဟာ ဝိတ်တက်ဖို့ အခွင့်အလမ်း ပိုများရတဲ့ နောက်ထပ် အကြောင်းရင်းတစ်ခုကတော့ လှုပ်ရှားမှု နည်းပါးခြင်းကြောင့် ဖြစ်ပါတယ်။ နေ့ဘက်မှာလို စားသလောက် လှုပ်ရှားမှု မရှိတော့ဘဲ စားပြီးပြီးချင်း အိပ်ရာဝင်လေ့ရှိတာကြောင့် စားလိုက်တဲ့ ကယ်လိုရီတွေကို ပြန်လည် အသုံးမချနိုင်ဘဲ အဆီအဖြစ် သိုလှောင်ဖို့ ပိုလွယ်ကူသွားစေတာပါ။
ဒါကြောင့် ညဘက် အစာစားတဲ့အခါ အချိန်ထက် စားလိုက်တဲ့ “ပမာဏ” နဲ့ စားပြီးနောက် “လှုပ်ရှားမှု ရှိ/မရှိ” ဆိုတာက ပိုပြီးအရေးကြီးတဲ့အချက် ဖြစ်ပါတယ်။
..
..
❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️
👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။
*** ပိတ်ရက်မရှိပါ ***
ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။
(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)
…
…
👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….
မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ
Zero Suicide Hotline သို့ ဆက်သွယ်ရန်
(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ
ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)
*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “/start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***
Ministry of Health,
National Unity Government.

