ဒညင်းသီးနှင့် ပတ်သက်သည့် အယူအမှားများနှင့် အမှန်တရား
…
[ ၁ ]
❌ အယူအဆလွဲ >>> ရေများများပြုတ်ရင် အဆိပ်ပြယ်တယ်။
☑️ အမှန် >>> ဒညင်းသီးမှာပါတဲ့ အဆိပ်အတောက်ဟာ ဒညင်းအက်ဆစ် (Djenkolic Acid) ဖြစ်ပါတယ်။ ရေများများပြုတ်ခြင်း သို့မဟုတ် ရေခဏခဏလဲပြီး ပြုတ်ခြင်းဖြင့် အဆိပ်ပါဝင်မှုကို အနည်းငယ် လျှော့ချနိုင်ရုံသာရှိပြီး အဆိပ် လုံးဝပြယ်သွားခြင်း မရှိပါ။ ပြုတ်ထားသည့်တိုင် အလွန်အကျွံ စားသုံးပါက အဆိပ်သင့်နိုင်ဆဲ ဖြစ်ပါတယ်။
.
[ ၂ ]
❌ အယူအဆလွဲ >>> အပင်ပေါက်/အညှောက် သို့မဟုတ် အလယ်အူကြောင်းကို ဖြတ်ထုတ်ရင် အဆိပ်လျော့တယ်။
☑️ အမှန် >>> ဒညင်းအက်ဆစ်ဟာ အညှောက် သို့မဟုတ် အလယ်အူကြောင်းမှာတင် စုစည်းနေတာ မဟုတ်ဘဲ ဒညင်းသီးတစ်ခုလုံးရဲ့ အသားထဲမှာ ပျံ့နှံ့ပါဝင်နေတာ ဖြစ်ပါတယ်။ ဒါကြောင့် မည်သည့်အပိုင်းကိုမျှ ဖြတ်ထုတ်ရုံဖြင့် အဆိပ်လျော့သွားခြင်း မရှိပါ။
.
[ ၃ ]
❌ အယူအဆလွဲ >>> ဒညင်းသီးစားပြီး အနံ့ထွက်ရင် အဆိပ်သင့်တာ မဟုတ်ဘူး။
☑️ အမှန် >>> ဆီး သို့မဟုတ် ခံတွင်းမှ ဒညင်းသီးနံ့ ထွက်ခြင်းသည် ဆာလဖာ (Sulfur) ဒြပ်ပေါင်းများကြောင့်ဖြစ်ပြီး အဆိပ်ရှိ/မရှိ သို့မဟုတ် အဆိပ်သင့်/မသင့်နှင့် တိုက်ရိုက်မသက်ဆိုင်ပါ။
…
…
ဒညင်းသီး စားသုံးသည့်အခါ တစ်ဦးနှင့်တစ်ဦး ခံနိုင်ရည်မတူညီဘဲ တချို့မှာ နည်းနည်းစားရုံဖြင့် ဒုက္ခရောက်ပြီး တချို့မှာ အများကြီးစားသော်လည်း ဘာမှမဖြစ်ရခြင်းမှာ လူတစ်ဦးစီ၏ ကျောက်ကပ်နှင့် ခန္ဓာကိုယ်ဖွဲ့စည်းပုံ မတူညီမှုကြောင့် ဖြစ်ပါတယ်။
မူလကတည်းက ကျောက်ကပ်အားနည်းသူများ၊ ရေဓာတ်ခန်းခြောက်နေသူများ သို့မဟုတ် ဆီး အက်ဆစ်ဓာတ် မြင့်မားနေသူများတွင် ဒညင်းသီး အနည်းငယ် စားရုံဖြင့် ကျောက်ကပ်ရောဂါ (Acute Kidney Injury) ကို ပြင်းထန်စွာ ခံစားရနိုင်ပါတယ်။
..
..
❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️
👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။
*** ပိတ်ရက်မရှိပါ ***
ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။
(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)
…
…
👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….
မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ
Zero Suicide Hotline သို့ ဆက်သွယ်ရန်
(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ
ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)
*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “/start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***
Ministry of Health,
National Unity Government.

