မီနူး

Vitamin B12 ( ဗီတာမင် B12 အကြောင်း ) ( October, 2022)

ဒီနေ့မှာတော့ ဗီတာမင် B12 အကြောင်း ဗဟုသုတအနေနဲ့ ပြောပြပေးပါမယ်။

ဗီတာမင် B12 တနည်းအားဖြင့် Cobalamin လို့ခေါ်တဲ့ B12 ဟာကျွန်တော်တို့ခန္ဓာကိုယ်ရဲ့

???? သွေးနီဥနဲ့
???? အာရုံကြောဆဲလ်(DNA) ထုတ်လုပ်မှုမှာ ပါဝင်ပါတယ်။

???? ဦးနှောက်နဲ့အာရုံကြောတွေ ဖွံ့ဖြိုးမှုနဲ့ ပုံမှန်လုပ်ငန်းဆောင်တာတွေ ကောင်းမွန်စွာလည်ပတ်နိုင်ဖို့ ဗီတာမင်B12 ကမရှိမဖြစ်ပါပဲ။

ဗီတာမင် B12 က အသား ???? ၊ ငါး ???? ၊ အသည်း၊ ဥအမျိုးမျိုး????၊ နို့နဲ့နို့ထွက်ပစ္စည်း????တွေမှာ ပါဝင်ပါတယ်။

❕နေ့စဉ် Vitamin B12 လိုအပ်မှုဟာ

(၁၄)နှစ်နဲ့အထက် အမျိုးသား၊အမျိုးသမီးတွေအတွက် တစ်နေ့လျှင် ၂.၄ မိုက်ခရိုဂရမ် (2.4mcg)

ကိုယ်ဝန်ဆောင်မိခင်အတွက် တစ်နေ့လျှင် ၂.၆ မိုက်ခရိုဂရမ် (2.6mcg)

နို့တိုက်မိခင်အတွက် တစ်နေ့လျှင် ၂.၈ မိုက်ခရိုဂရမ် ဖြစ်ပါတယ် (2.8mcg)

????ကျွန်တော်တို့ စားသုံးလိုက်တဲ့ အစာတွေမှာပါဝင်တဲ့ ဗီတာမင် B12 က ပရိုတင်းနဲ့အတူတွဲပြီး အစာအိမ်ထဲရောက်ပါတယ်။ အစာခြေအက်စစ်နဲ့ အင်ဇိုင်းတွေက B12 ကို သီးသန့်ပုံစံရအောင် ခွဲထုတ်ပေးပါတယ်။ ဒီ့နောက် အစာအိမ်နံရံက intrinsic factor နှင့်ပေါင်းပြီး အစာအိမ်နဲ့အူသိမ်က ဗီတာမင် B12 ကိုစုပ်ယူနိုင်ပါတယ်။

????ဘယ်သူတွေမှာ ဗီတာမင် B12 ချို့တဲ့နိုင်လဲ?

– အသား၊ငါး မစားဘဲ သတ်သတ်လွတ်စားသုံးသူ
– အစာအိမ်နံရံက Intrinsic factor ထုတ်လုပ်သောဆဲလ်များ ဖျက်ဆီးခံရခြင်း (Pernicious anaemia )
– အစာအိမ်က အစာခြေအက်စစ် လုံလောက်စွာမထုတ်လုပ်နိုင်ခြင်း ( သက်ကြီးရွယ်အိုများ၊ အက်စစ်အထွက်နည်းစေသော ဆေးဝါး မှီဝဲနေရသူများ)
– ရောဂါတစ်မျိုးမျိုးကြောင့် အစာအိမ် (သို့) အူသိမ် ခွဲစိတ်ဖြတ်တောက် ကုသခံထားရသူများ

ဗီတာမင် B12 ချို့တဲ့ရင် –
????သွေးနီဥထုတ်လုပ်ခြင်းကိုလျော့နည်းစေတဲ့အတွက် သွေးအားနည်းရောဂါ (Megaloblastic anaemia) ဖြစ်စေနိုင်ပါတယ်။

အောက်ဆီဂျင်ကို သယ်ပေးမယ့် သွေးနီဥနည်းတဲ့အခါ….
နုံးချိခြင်း၊ မောပန်းလွယ်ခြင်း၊ ဖြူဖတ်ဖြူရော်ဖြစ်ခြင်း၊ အစားအသောက်ပျက်၍ကိုယ်အလေးချိန်ကျခြင်း၊ ပျို့အန်ခြင်း၊ ဝမ်းပျက်ခြင်း လက္ခဏာတွေ ပြနိုင်ပါတယ်။

???? အာရုံကြောဆဲလ်တွေ မထုတ်လုပ်နိုင်တဲ့အခါ
– ခြေချောင်း၊ လက်ချောင်းထိပ်များ ထုံကျင်ခြင်း
– အမြင်အာရုံပြဿနာများ
– ဟန်ချက်မထိန်းနိုင်ခြင်း
– မှတ်ဉာဏ်ချို့တဲ့ခြင်း စတဲ့လက္ခဏာတွေခံစားရနိုင်ပါတယ်။

ဗီတာမင် B12 ကြာရှည်ချို့တဲ့မှုကြောင့် အာရုံကြောလက္ခဏာတွေပါ ခံစားလာရရင် တချို့သောလက္ခဏာတွေကို ပြန်လည်ကောင်းမွန်အောင်ကုသဖို့ ခက်ခဲနိုင်ပါတယ်။

???? ဦးနှောက်နှင့်မှတ်ဉာဏ်ပိုင်းဆိုင်ရာလည်း ထိခိုက်နိုင်ပါတယ်။

– စိတ်ဓာတ်ကျခြင်း
– စဉ်းစားဆင်ခြင်နိုင်စွမ်း ကျခြင်း
– စိတ်ထိခိုက်လွယ်ခြင်း စတဲ့လက္ခဏာတွေ ခံစားရနိုင်ပါတယ်။

အထက်ပါလက္ခဏာတွေခံစားရလို့ သံသယရှိလာရင် ဆရာဝန်နှင့် စောစီးစွာပြသပြီး ကုသမှုခံယူသင့်ပါတယ်။

???????? သွေးနီဥအရေအတွက် နှင့် ဗီတာမင် B12 အလုံအလောက်ရှိ/မရှိ )ကို ဓာတ်ခွဲခန်းမှာ သွေးစစ်ဆေးချက်တွေလုပ်ဆောင်လို့ ရပါတယ်။

???? ဗီတာမင်B12 ချို့တဲ့ လူနာအတွက် အသင့်တော်ဆုံးကုသမှုကို အဖြေရှာဖို့လိုပါတယ်။

​• နေထိုင်စားသောက်မှုပုံစံပြောင်းလဲခြင်း (Vitamin B12 ကြွယ်ဝတဲ့ အစားအစာ စားသုံးခြင်း)
• လိုအပ်လျှင် ဗီတာမင် B12 ဖြည့်စွက်ဆေး ပေးခြင်း

????ဗီတာမင် B12 အနေနှင့် သောက်ဆေး၊ ထိုးဆေး အမျိုးမျိုးရှိတာမို့ သင့်တော်တဲ့ ကုသမှုခံယူရန် ဆရာဝန်နှင့် သေချာပြသသင့်ကြောင်း အထူးအကြံပေးလိုပါတယ်။

Reference ????????
https://my.clevelandclinic.org/…/22831-vitamin-b12…

❤️ NUG, MOH တယ်လီကျန်းမာ ၊ လူတိုင်းအတွက်ပါ ❤️

???? တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှ အခမဲ့တိုင်ပင်ဆွေးနွေးနိုင်ပါသည်
*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက်( https://m.me/telehealthmm )ကို နှိပ်ပါ
( နေ့စဉ် မနက် ၈နာရီမှ ည၁၀နာရီအထိ )

Ministry of Health,

National Unity Government.

Published on: 3 October 2022
Last Updated: 3 October 2022

ဆက်စပ်ရာ ကျန်းမာရေးဆောင်းပါးများ

အယူအဆအလွဲများ (၉)

အလွဲ ❌ သွေးတိုး ဒါမှမဟုတ် ဆီးချိုအတွက် ဆေးသောက်နေရင်း သွေးပေါင်ချိန်/ သွေးတွင်းသကြားဓာတ်က ပုံမှန်ဖြစ်လာပြီဆိုရင် ရောဂါပျောက်သွားပြီမို့ ဆေးကို ရပ်ပစ်လို့ရတယ်။ အမှန် ✅ သွေးတိုးနဲ့ ဆီးချိုလို နာတာရှည်ရောဂါတွေဟာ များသောအားဖြင့် လုံးဝပျောက်ကင်းသွားတာမျိုး မဟုတ်ဘဲ ဆေးမှန်မှန်သောက်ခြင်းဖြင့် ရောဂါကို ပိုပြီး မဆိုးလာအောင် ထိန်းညှိထားခြင်းသာ...

အယူအဆအလွဲများ (၈)

အလွဲ ❌ ဆီးချိုရောဂါသည် သကြားအလွန်အကျွံစားမိခြင်းကြောင့်သာ ဖြစ်သည်။ အမှန် ✅ ဆီးချိုရောဂါသည် သကြားတစ်ခုတည်းကြောင့် ဖြစ်သည်မဟုတ်ပါ။ ဆီးချိုသွေးချိုဖြစ်စေရန် အကြောင်းအရင်းများစွာ ရှိပါသည်။ အဓိကအကြောင်းအရင်းများမှာ မျိုးရိုးဗီဇ (Gene)မျိုးရိုးလိုက်ခြင်းကြောင့် ဖြစ်တတ်သည်။ ခန္ဓာကိုယ်အလေးချိန်အဝလွန်ခြင်း သို့မဟုတ် ဗိုက်ပတ်လည်မှာ အဆီစုနေခြင်းသည် ရောဂါဖြစ်စေဖို့ တွန်းအားပေးသည်။ လူနေမှုပုံစံကိုယ်လက်လှုပ်ရှားမှု နည်းပါးခြင်းသည် အင်ဆူလင် ခုခံအားကို မြင့်တက်စေသည်။. သကြားဓာတ်များသော အစားအစာများ (အချိုရည်၊...

အမြည်းလေးတော့ စားပါ

ဟိုတစ်နေ့က ကိုရင်မောင်နှင့် အငယ်ကောင် အရက်သောက်သည့်အကြောင်းတွေ ရေးတာတွေ့တော့ အရင်က အဖြစ်အပျက်လေးတစ်ခု သတိရသွားသည်။ ကြုံလို့ ပြောပြချင်ပါသည်။ “ဆရာရေ… ဆရာ… ကျွန်မနဲ့ ခဏလောက်ဖြစ်ဖြစ် လိုက်ခဲ့ပေးပါဦး။ ခဏလေးပါ။” “ဘာဖြစ်လို့လဲ မအေးရယ်။" ကျွန်တော် ဆေးခန်းမှာ လူနာတွေကြည့်နေတုန်း ထန်းသီးရောင်းသည့် မအေး အူယားဖားယား ပြေးလာခေါ်၍ မေးလိုက်ရသည်။ “ကျွန်မ အစ်ကို…...

နတ်စားခြင်း

"ဆရာရယ် …ကျွန်မသမီးလေးအတွက် နတ်ပြန်စားမှ ဖြစ်မှာပါ။ ကျွန်မတို့ကို ဆေးရုံဆင်းခွင့်ပေးပါနော်။" "ဟင်..ဘာဖြစ်လို့လဲ ..ကလေးမလေးက ဆေးထိုးနေတာ ဆေးပတ်လည်တော့မယ့်ဟာ" အသက် ၁၆ နှစ် ကလေးမလေး အသက်ရှူလမ်းကြောင်းပိုးဝင်၍ ပိုးသတ်ဆေးများ ထိုးထားသည်မှာ နက်ဖြန်ဆို ၃ ရက်ပြည့်တော့မည်။ ရင်ကျပ်အခံရှိ၍ လေပြွန်ကျယ်ဆေးများလည်း ရှူခိုင်းထားရသည်။ အိမ်တွင် ဆေးမြီးတိုများနှင့် ကုနေသည်မှာ...