Vitamin B12 ( ဗီတာမင် B12 အကြောင်း ) ( October, 2022)

ဒီနေ့မှာတော့ ဗီတာမင် B12 အကြောင်း ဗဟုသုတအနေနဲ့ ပြောပြပေးပါမယ်။

ဗီတာမင် B12 တနည်းအားဖြင့် Cobalamin လို့ခေါ်တဲ့ B12 ဟာကျွန်တော်တို့ခန္ဓာကိုယ်ရဲ့

???? သွေးနီဥနဲ့
???? အာရုံကြောဆဲလ်(DNA) ထုတ်လုပ်မှုမှာ ပါဝင်ပါတယ်။

???? ဦးနှောက်နဲ့အာရုံကြောတွေ ဖွံ့ဖြိုးမှုနဲ့ ပုံမှန်လုပ်ငန်းဆောင်တာတွေ ကောင်းမွန်စွာလည်ပတ်နိုင်ဖို့ ဗီတာမင်B12 ကမရှိမဖြစ်ပါပဲ။

ဗီတာမင် B12 က အသား ???? ၊ ငါး ???? ၊ အသည်း၊ ဥအမျိုးမျိုး????၊ နို့နဲ့နို့ထွက်ပစ္စည်း????တွေမှာ ပါဝင်ပါတယ်။

❕နေ့စဉ် Vitamin B12 လိုအပ်မှုဟာ

(၁၄)နှစ်နဲ့အထက် အမျိုးသား၊အမျိုးသမီးတွေအတွက် တစ်နေ့လျှင် ၂.၄ မိုက်ခရိုဂရမ် (2.4mcg)

ကိုယ်ဝန်ဆောင်မိခင်အတွက် တစ်နေ့လျှင် ၂.၆ မိုက်ခရိုဂရမ် (2.6mcg)

နို့တိုက်မိခင်အတွက် တစ်နေ့လျှင် ၂.၈ မိုက်ခရိုဂရမ် ဖြစ်ပါတယ် (2.8mcg)

????ကျွန်တော်တို့ စားသုံးလိုက်တဲ့ အစာတွေမှာပါဝင်တဲ့ ဗီတာမင် B12 က ပရိုတင်းနဲ့အတူတွဲပြီး အစာအိမ်ထဲရောက်ပါတယ်။ အစာခြေအက်စစ်နဲ့ အင်ဇိုင်းတွေက B12 ကို သီးသန့်ပုံစံရအောင် ခွဲထုတ်ပေးပါတယ်။ ဒီ့နောက် အစာအိမ်နံရံက intrinsic factor နှင့်ပေါင်းပြီး အစာအိမ်နဲ့အူသိမ်က ဗီတာမင် B12 ကိုစုပ်ယူနိုင်ပါတယ်။

????ဘယ်သူတွေမှာ ဗီတာမင် B12 ချို့တဲ့နိုင်လဲ?

– အသား၊ငါး မစားဘဲ သတ်သတ်လွတ်စားသုံးသူ
– အစာအိမ်နံရံက Intrinsic factor ထုတ်လုပ်သောဆဲလ်များ ဖျက်ဆီးခံရခြင်း (Pernicious anaemia )
– အစာအိမ်က အစာခြေအက်စစ် လုံလောက်စွာမထုတ်လုပ်နိုင်ခြင်း ( သက်ကြီးရွယ်အိုများ၊ အက်စစ်အထွက်နည်းစေသော ဆေးဝါး မှီဝဲနေရသူများ)
– ရောဂါတစ်မျိုးမျိုးကြောင့် အစာအိမ် (သို့) အူသိမ် ခွဲစိတ်ဖြတ်တောက် ကုသခံထားရသူများ

ဗီတာမင် B12 ချို့တဲ့ရင် –
????သွေးနီဥထုတ်လုပ်ခြင်းကိုလျော့နည်းစေတဲ့အတွက် သွေးအားနည်းရောဂါ (Megaloblastic anaemia) ဖြစ်စေနိုင်ပါတယ်။

အောက်ဆီဂျင်ကို သယ်ပေးမယ့် သွေးနီဥနည်းတဲ့အခါ….
နုံးချိခြင်း၊ မောပန်းလွယ်ခြင်း၊ ဖြူဖတ်ဖြူရော်ဖြစ်ခြင်း၊ အစားအသောက်ပျက်၍ကိုယ်အလေးချိန်ကျခြင်း၊ ပျို့အန်ခြင်း၊ ဝမ်းပျက်ခြင်း လက္ခဏာတွေ ပြနိုင်ပါတယ်။

???? အာရုံကြောဆဲလ်တွေ မထုတ်လုပ်နိုင်တဲ့အခါ
– ခြေချောင်း၊ လက်ချောင်းထိပ်များ ထုံကျင်ခြင်း
– အမြင်အာရုံပြဿနာများ
– ဟန်ချက်မထိန်းနိုင်ခြင်း
– မှတ်ဉာဏ်ချို့တဲ့ခြင်း စတဲ့လက္ခဏာတွေခံစားရနိုင်ပါတယ်။

ဗီတာမင် B12 ကြာရှည်ချို့တဲ့မှုကြောင့် အာရုံကြောလက္ခဏာတွေပါ ခံစားလာရရင် တချို့သောလက္ခဏာတွေကို ပြန်လည်ကောင်းမွန်အောင်ကုသဖို့ ခက်ခဲနိုင်ပါတယ်။

???? ဦးနှောက်နှင့်မှတ်ဉာဏ်ပိုင်းဆိုင်ရာလည်း ထိခိုက်နိုင်ပါတယ်။

– စိတ်ဓာတ်ကျခြင်း
– စဉ်းစားဆင်ခြင်နိုင်စွမ်း ကျခြင်း
– စိတ်ထိခိုက်လွယ်ခြင်း စတဲ့လက္ခဏာတွေ ခံစားရနိုင်ပါတယ်။

အထက်ပါလက္ခဏာတွေခံစားရလို့ သံသယရှိလာရင် ဆရာဝန်နှင့် စောစီးစွာပြသပြီး ကုသမှုခံယူသင့်ပါတယ်။

???????? သွေးနီဥအရေအတွက် နှင့် ဗီတာမင် B12 အလုံအလောက်ရှိ/မရှိ )ကို ဓာတ်ခွဲခန်းမှာ သွေးစစ်ဆေးချက်တွေလုပ်ဆောင်လို့ ရပါတယ်။

???? ဗီတာမင်B12 ချို့တဲ့ လူနာအတွက် အသင့်တော်ဆုံးကုသမှုကို အဖြေရှာဖို့လိုပါတယ်။

​• နေထိုင်စားသောက်မှုပုံစံပြောင်းလဲခြင်း (Vitamin B12 ကြွယ်ဝတဲ့ အစားအစာ စားသုံးခြင်း)
• လိုအပ်လျှင် ဗီတာမင် B12 ဖြည့်စွက်ဆေး ပေးခြင်း

????ဗီတာမင် B12 အနေနှင့် သောက်ဆေး၊ ထိုးဆေး အမျိုးမျိုးရှိတာမို့ သင့်တော်တဲ့ ကုသမှုခံယူရန် ဆရာဝန်နှင့် သေချာပြသသင့်ကြောင်း အထူးအကြံပေးလိုပါတယ်။

Reference ????????
https://my.clevelandclinic.org/…/22831-vitamin-b12…

❤️ NUG, MOH တယ်လီကျန်းမာ ၊ လူတိုင်းအတွက်ပါ ❤️

???? တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှ အခမဲ့တိုင်ပင်ဆွေးနွေးနိုင်ပါသည်
*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက်( https://m.me/telehealthmm )ကို နှိပ်ပါ
( နေ့စဉ် မနက် ၈နာရီမှ ည၁၀နာရီအထိ )

Ministry of Health,

National Unity Government.

Published on: 3 October 2022
Last Updated: 3 October 2022

ဆက်စပ်ရာ ကျန်းမာရေးဆောင်းပါးများ

အလုံပိတ်နေရာကို ကြောက်တဲ့ Claustrophobia အကြောင်း သိကောင်းစရာ

"အလုံပိတ်နေရာကို ကြောက်တဲ့ Claustrophobia အကြောင်း သိကောင်းစရာ" ဓာတ်လှေကားထဲ ခြေချမိတိုင်း ရင်ဘတ်က တင်းကျပ်လာတာ၊ အသက်ရှူကျပ်လာတာမျိုး ကြုံဖူးပါသလား။ ဒါမှမဟုတ် အခန်းကျဉ်းကျဉ်းလေးထဲ ရောက်သွားရင် ချက်ချင်း အော်ဟစ်ထွက်ပြေးချင်စိတ်‌ ပေါ်ဖူးပါသလား။ ဒီနေ့မှာတော့ စိတ်ကျန်းမာရေး ဗဟုသုတအနေနဲ့ အလုံပိတ်နေရာတွေကို ကြောက်ရွံ့ရတဲ့ Claustrophobia အကြောင်းကို မျှဝေပေးပါရစေ။...... Claustrophobia ဆိုတာ...

“ဆေးမပါရင် ဝမ်းမသွားတော့လို့ပါ ဆရာ”

တစ်နေ့သ၌ ကျွန်တော်ရှိသော ဆေးခန်းလေးသို့ လူနာ ကိုမှတ်တစ်ယောက် ရောက်လာလေသည်။ သူ၏မျက်နှာတွင် စိုးရိမ်ပူပန်မှုများ အပြည့်နှင့်။ လူနာ - "ဆရာရယ်... ကျွန်တော် ဝမ်းနုတ်ဆေး သောက်လာတာ နှစ်နဲ့ချီနေပြီ။ အခုဆို ဝမ်းနုတ်ဆေး မသောက်ရင် လုံးဝ ဝမ်းမသွားတော့ဘူး။ ဆေးကို အမြဲအားကိုးနေရတာ စိတ်လည်းညစ်လာပြီ။ တစ်ခုခုဖြစ်မှာလည်း...

နွားနိုနဲ့ သံပရာသီးက တကယ်ပဲ မတည့်တာလား

🥛နွားနို့နဲ့ 🍋‍🟩သံပရာသီးက တကယ်ပဲ မတည့်တာလား သင်္ဘောသီးထောင်းလေးကို ချဥ်ချဥ်စပ်စပ်လေး သံပရာသီးလေး ညှစ်စားပြီး ခဏနေတော့ လက်ဖက်ရည်ဆိုင်မှာ နွားနို့ပူပူလေးတစ်ခွက် မှာသောက်ဖို့ကြံနေတုန်း "ဟဲ့... နွားနို့နဲ့ သံပရာသီး တွဲစားရင် ဗိုက်ထဲမှာ နို့တွေခဲပြီး သေတတ်တယ်နော်" ဆိုတဲ့ လူကြီးတွေ ပြောစကားကို နားထဲ ကြားယောင်လာတယ်။ တချို့ကလည်း...

အယူအဆလွဲများ (၄၂)

❌ အယူအဆလွဲ >>>> အတက်ရောဂါ (ဥပမာ - ဝက်ရူးပြန်ရောဂါ) ကြောင့် တက်နေတဲ့သူကို လျှာကိုက်မိပြီး သွေးထွက်မှာစိုးလို့ ပါးစပ်ထဲကို ဇွန်း၊ တုတ် ဒါမှမဟုတ် လက်ချောင်းတွေ ထည့်ပြီး ကိုက်ထားခိုင်းလေ့ ရှိကြတာ။ ☑️ အမှန် >>>> တက်နေတဲ့အချိန်မှာ မေးရိုးကြွက်သားတွေက အလွန်အားပြင်းပါတယ်။...