“ အမျိုးသားကျန်းမာရေးအတွက် ညီလေးကြီးဖို့ မလိုပါ”

သင်ဟာ လိင်တံကြီးထွားအောင် ဆီလီကွန်ဆေးထိုးထားသူ တစ်ယောက်လား။

သင်ဟာ လိင်တံကြီးထွားအောင် ဆီလီကွန်ဆေး ဒါမှမဟုတ် အခြားဓာတုဆေးဝါးတစ်ခုခု ထိုးထားသူတစ်ယောက်ဆိုရင် ဆေးပညာရှင်များနဲ့ အမြန်ဆုံး တိုင်ပင်ဖို့လိုပါမယ်။ အထူးသဖြင့် လိင်တံပြန်လည်ပြုပြင်ခြင်းနှင့် ဆီလီကွန်ဖယ်ရှားခြင်း အတွေ့အကြုံရှိတဲ့ ခွဲစိတ်ဆရာဝန်နဲ့တိုင်ပင်ဖို့ အရေးကြီးပါတယ်။ ဒါမှသာ လက်ရှိအခြေအနေနဲ့ ပတ်သက်ပြီး တိကျတဲ့လမ်းညွန်စောင့်ရှောက်မှုတွေ ပေးနိုင်မှာဖြစ်ပါတယ်။

စောလျှင်စွာသိရှိပြီး ကုသခြင်းက ဘေးထွက်ဆိုးကျိုးနည်းပြီး အခြားသော ပြဿနာများကို လျှော့ချပေးနိုင်ပါတယ်။ ဒဏ်ရာအမာရွတ်ကြီးပြီး ပုံပျက်ခြင်းကို စောလျှင်စွာ ကုသခြင်းဖြင့် ကာကွယ်နိုင်ပါတယ်။

လိင်အင်္ဂါ စီလီကွန်ဆေးထိုးခြင်းက ဘာတွေဖြစ်ပေါ်စေနိုင်သလဲ။

● လိင်အင်္ဂါပုံပန်းသွင်ပြင် ပျက်စီးခြင်း
● နာကျင်ရောင်ရမ်းခြင်း
● လိင်တံထိပ် အရေပြားတင်းကျပ်ခြင်း၊ ပိတ်ခြင်း
● လိင်အင်္ဂါပုပ်ခြင်း
● ဆီလီကွန်ခဲ သွေးကြောပိတ်ခြင်း

လိင်အင်္ဂါ စီလီကွန်ဆေးထိုးခြင်းရဲ့ ဆိုးကျိုးတွေ ဘယ်ချိန်စတင်ခံစားရမလဲ။

ဘယ်အချိန်မဆို စတင်ခံစားရနိုင်ပေမယ့် ဆေးထိုးပြီးရက်ပိုင်းအတွင်း ခံစားရနိုင်တာတွေကတော့ ဆီလီကွန်ခဲကြောင့် သွေးကြောပိတ်ခြင်း ဖြစ်ပါတယ်။ နာကျင်ကိုက်ခဲခြင်း၊ ရောင်ရမ်းခြင်းနဲ့ လိင်မှုကိစ္စ အဆင်မပြေခြင်းတွေကတော့ နှစ်ချီလချီခံစားရပြီး၊ နောက်ပိုင်း လိင်အင်္ဂါအနာဖြစ်ကာ ခဏခဏ ခွဲစိတ်ရတဲ့အထိ ဖြစ်နိုင်ပါတယ်။

အဖြစ်များတဲ့ဆိုးကျိုးတွေကို လေ့လာကြည့်မယ်ဆိုရင်

● လိင်အင်္ဂါနာကျင်ခြင်း (၈၄%)
● ရောင်ရမ်းခြင်း၊ ဆေးခဲခြင်း (၈၂.၅%)
● လိင်အင်္ဂါအရောင်ပြောင်းခြင်း (၄၂.၉%)
● အရည်ပြည်ထွက်ခြင်း (၂၁.၈%)
● လိင်အင်္ဂါအနာပေါက်ခြင်း (၁၂.၈%) များ ဖြစ်ပါတယ်။

လိင်အင်္ဂါ စီလီကွန်ဆေးထိုးထားရင် ပြန်ထုတ်သင့်လား။

ဆိုးကျိုးတွေကို ရှောင်ရှားဖို့နဲ့ နောက်ထပ် ပိုမဆိုးလာဖို့ ပြန်ထုတ်သင့်ပါတယ်။

ဆေးထိုးပြီးပြီးချင်းဆိုရင် အသေးစားခွဲစိတ်ပြီး (သို့မဟုတ်) စုပ်ထုတ်ပြီး ပြန်လည်ဖယ်ရှားနိုင်ပါတယ်။ .

ဆေးထိုးအပြီးကြာချိန်နဲ့ ဆိုးကျိုးတွေပေါ်မူတည်ပြီး

(၁) လိင်တံထိပ်အရေပြားဖြတ်ခြင်း
(၂) ခွဲစိတ်ဖယ်ရှားခြင်း
(၃) မကောင်းသောတစ်ရှုးများ ဖယ်ထုတ်ခြင်း
(၄) ကပ်ပယ်အိတ် အရေပြားဖုံးအုပ်ခြင်း
(၅) ခွဲစိတ်ဖယ်ရှားပြီး အရေပြားကပ်ခြင်း
(၆) လိင်တံဖြတ်တောက်ခြင်း စသောနည်းလမ်းများဖြင့်လည်း ပြန်လည်ဖယ်ရှား ကုသနိုင်ပါတယ်။

လိင်တံကြီးထွားဖို့ စိတ်ချရတဲ့ နည်းလမ်းရှိလား။

(၁) သောက်ဆေး၊လိမ်းဆေးများ- Pills and lotions

ဗီတာမင်၊ သတ္တုဓာတ်၊ နွယ်မြက်သစ်ပင်နဲ့ ဟော်မုန်းပါဝင်သော ဆေးများအသုံးပြုခြင်းရှိပေမယ့် တိကျသေချာတဲ့ အထောက်အထားမရှိသလို ဘေးဥပဒ်ဖြစ်စေတာမျိုးလည်း ရှိပါတယ်။
.

(၂) စုပ်ခွက်စုပ်ခြင်း- Vacuum pumps

ခဏတာရောင်ရမ်းစေပြီး ရေရှည်ခဏခဏအသုံးပြုရန် မသင့်တော်ပါ။
.

(၃) ရှည်စက်အသုံးပြုခြင်း- Stretching

ဘေးအန္တရာယ်ကင်းမှုနဲ့ အကျိုးပြုမှုမှာတော့ ဆက်လက်လေ့လာဖို့ လိုနေတဲ့ နည်းလမ်းတစ်ခုဖြစ်ပါတယ်။
.

(၄) ခွဲစိတ်ပြုပြင်ခြင်းနည်းလမ်းများ- Surgical methods
.

ဘယ်နည်းလမ်းမှ ရာနှုန်းပြည့်စိတ်မချရသလို တိကျသေချာတဲ့ အာမခံချက်လည်း မရှိပါဘူး။

အကယ်၍ မိမိဟာ လက်တွဲဖော်နဲ့ လိင်ဆက်ဆံရေးကိစ္စမှာ အဆင်မပြေတာတွေရှိရင် အချင်းချင်း ပွင့်ပွင့်လင်းလင်းတိုင်ပင်ပြီး ကျန်းမာရေးပညာရှင်များနဲ့ ဆွေးနွေးတိုင်ပင်ဖို့ လိုပါတယ်။

ညီလေး ကြီးခြင်း/မကြီးခြင်းထက် ဘေးအန္တရာယ်ကင်းကင်းနဲ့ ကျန်းမာဖို့သာ အရေးကြီးကြောင်း အသိပညာပေးပြောကြားရင်း. . .

စိတ်နှလုံး ကျန်းမာရွှင်လန်းကြပါစေ…။

ဒေါက်ပီ (တယ်လီကျန်းမာ)

Reference: 📚
Marquis Plastic Surgery

https:// arthurmd. com / the-risks-of-silicone-oil-injections-in-the-penis-what-you-need-to-know/

https:// www. mayoclinic. org / healthy-lifestyle/sexual-health/in-depth/penis/art-20045363

..

..

❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….

မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ

Zero Suicide Hotline သို့ ဆက်သွယ်ရန်

(၁) https://t.me/zeroscbot

(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ

ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)

*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here