” L-Arginine လို့ခေါ်တဲ့ amino acid supplements များအကြောင်း ” (March, 2023)

” L-Arginine လို့ခေါ်တဲ့ amino acid supplements များအကြောင်း “

L-arginine ဆိုတာဟာ ခန္ဓာကိုယ်မှာ အသားဓာတ် (protein) တွေတည်ဆောက်ဖို့ လိုအပ်တဲ့ amino acid တစ်မျိုးပဲ ဖြစ်ပါတယ်။ ကြွက်သားနဲ့ တစ်ရှူးတွေတည်ဆောက်ဖို့အတွက် ခန္ဓာကိုယ်က ပရိုတင်းကို အသုံးပြုရပါတယ်။

L-arginine ဟာ သွေးကြောကျယ်စေတဲ့ Nitric oxide အဖြစ်သို့လည်း ပြောင်းပေးနိုင်တာကြောင့် သွေးတိုးရောဂါရှိသူတွေ၊ ရင်ဘတ်အောင့်တတ်သူတွေနဲ့ ဆေးရုံတက်နေရတဲ့ ကိုဗစ်ရောဂါသည်တွေမှာ အခြား လိုအပ်တဲ့ကုသမှုတစ်ခုအဖြစ် (Definitive treatment) နဲ့ အတူ‌ အသုံးပြုကြတာ တွေ့ရပါတယ်။ L-arginine ဟာ ခန္ဓာကိုယ်တွင်း အင်ဆူလင် ထုတ်လွှတ်ဖို့လည်း လှုံ့ဆော်ပေးပါတယ်။

ခန္ဓာကိုယ်က L-arginine ကို သဘာဝအတိုင်း ထုတ်ပေးသလို ပြင်ပအစားအစာတွေကလည်း ရနိုင်ပါတယ်။ ငါးအမျိုးမျိုး၊ အနီရောင်ရှိတဲ့ အသားတွေ၊ နို့ထွက်ပစ္စည်းတွေ၊ ကြက်ဥ၊ ဖရုံစေ့၊ ပဲပိစပ်၊ ပဲနီကလေးနဲ့ ကုလားပဲ စတာတွေကနေလည်း ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ L-arginine ပမာဏကို ရနိုင်ပါတယ်။

အသက်ကြီးသူတွေနဲ့ အချို့သောရောဂါရှိသူတွေမှာ L-arginine ကို ပိုမိုလိုအပ်တဲ့အခါ ဆရာဝန်ကသောက်ဆေး၊ ထိုးဆေး၊ လိမ်းဆေး စတာတွေအနေနဲ့ ညွှန်ကြားနိုင်ပါတယ်။

အချို့သူတွေမှာလည်း L-arginine ကို Body building အတွက် ဖြည့်စွက်ဆေးအနေနဲ့ သောက်တတ်ကြပါတယ်။ ဒီလိုသောက်သုံးတဲ့အခါ သတိထားဖို့တော့ လိုအပ်ပါတယ်။ သင့်တော်တဲ့ပမာဏသောက်သုံးခြင်းဟာ ကျန်းမာရေးအတွက် ကောင်းကျိုးရစေပေမယ့် အလွန်အကျွံသောက်သုံးမိတဲ့အခါတော့ အသက်အန္တရာယ်ရှိတဲ့အထိ ဘေးထွက်ဆိုးကျိုးတွေ များတာကြောင့်ပါ။

အဲဒီတော့ L-arginine supplements တွေ မသောက်သုံးခင်မှာ ခန္ဓာကိုယ်အပေါ် ဘယ်လိုသက်ရောက်တွေမှုရှိလဲ၊ တခြားဆေးဝါးတွေနဲ့ ဘယ်လိုဓာတ်ပြုမှုတွေရှိလဲဆိုတာ ဖတ်ကြည့်ကြည့်ရအောင်။
..
..

????L-arginine ရဲ့ ကောင်းကျိုးတွေက ဘာတွေလဲ ?

L-arginine ဟာ nitric oxide ထုတ်ပေးပြီး ပရိုတင်းတည်ဆောက်တဲ့နေရာမှာ ကူညီပေးပါတယ်။ ဒီအချက်ကြောင့်

* နှလုံးကျန်းမာရေးကို ကောင်းမွန်စေခြင်း

* နှလုံးသွေးကြောကျဉ်းသူတွေမှာ ရင်ဘတ်အောင့်တာကို သက်သာစေခြင်း

* ခန္ဓာကိုယ်ကြွက်သားများ တည်ဆောက်ခြင်းကို ကူညီပေးခြင်း

* အနာကျက်မြန်စေခြင်း

* အမျိုးသားများ ပန်းသေပန်းညှိုးရောဂါများကို ကောင်းမွန်စေခြင်း စတဲ့ကောင်းကျိုးတွေ ရနိုင်ပါတယ်။
..

သိပ္ပံနည်းအရ လေ့လာတွေ့ရှိထားတဲ့ L-arginine ရဲ့ တခြားကောင်းကျိုးတွေကတော့ ….

* ကလေးအရွယ်များတွင် pituitary gland မှ ကြီးထွားဖွံ့ဖြိုးစေသော ဟော်မုန်း (growth hormone) များ ထုတ်လွှတ်အောင် လှုံ့ဆော်ပေးခြင်း

* သွေးတိုးရောဂါရှိသူများတွင် သွေးပေါင်ကျစေခြင်း

* မျိုးရိုးလိုက်သော urea ထုတ်လွှတ်မှုမမှန်သောရောဂါ (hereditary disorders of urea synthesis) ကို ထိန်းညှိပေးခြင်း

* သွေးကြောများကို ကျယ်စေသောကြောင့် နှလုံးရောဂါဖြစ်ခြင်းမှ ကာကွယ်ပေးခြင်း

* လမစေ့ဘဲမွေးသော ကလေးများတွင် ဖြစ်တတ်သော အစာအိမ်အူလမ်းကြောင်းရောင်ရမ်းခြင်းကို သက်သာစေခြင်း

* Type-2 ဆီးချို သွေးချို ဖြစ်နိုင်ခြေကို လျှော့ချပေးခြင်း

* သွေးကြောကျဉ်းရောဂါများကို သက်သာစေခြင်း

* ကိုယ်ဝန်ဆောင်ချိန် သွေးတိုးခြင်းကို သက်သာစေခြင်း

* အားကစားသမားများတွင် စွမ်းဆောင်ရည်မြင့်စေခြင်းတို့ ဖြစ်ပါတယ်။

ဒါ့အပြင် စိတ်ဖိစီးမှုကိုလျော့ကျစေပြီး အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါဖြစ်နေသူတွေမှာလည်း အသက်ရှူခြင်းကို ပိုမိုကောင်းမွန်အောင် အထောက်အကူပြုပေးနိုင်တာ တွေ့ရပါတယ်။
..
..

????L-arginine ရဲ့ ဘေးထွက်ဆိုးကျိုးနဲ့ နောက်ဆက်တွဲဆိုးကျိုးတွေက ဘာတွေလဲ ?

အဖြစ်များတဲ့ ဆိုးကျိုးတွေကတော့ မူးဝေခြင်း၊ ဝမ်းလျှောခြင်း၊ ဗိုက်မအီမသာဖြစ်ခြင်းနဲ့ ဗိုက်အောင့်ခြင်းတို့ ဖြစ်ပါတယ်။

အချို့သူတွေမှာတော့ အောက်ဖော်ပြပါ တခြားနောက်ဆက်တွဲ ကျန်းမာရေးဆိုးကျိုးတွေလည်း ဖြစ်စေနိုင်ပါတယ်။

* သွေးပေါင်ကျခြင်း

* နှလုံးရုတ်တရက်ရပ်ခြင်း (heart attack) ကို ဖြစ်ပေါ်စေပြီး သေဆုံးနိုင်ခြေ မြင့်မားလာခြင်း

* အမျိုးသား လိင်ပိုင်းဆိုင်ရာ ပြဿနာများအတွက် သောက်သုံးရသော Sildenafil (Viagra) အပါအဝင် အချို့သော သွေးပေါင်ကျဆေးများနဲ့ ဆေးအချင်းချင်း ဓာတ်ပြုတာကြောင့် နောက်ဆက်တွဲပြဿနာများ ဖြစ်ပေါ်လာနိုင်ခြင်း

* ရေရှည်သောက်သုံးသူများတွင် ကျောက်ကပ်ပျက်စီးနိုင်ခြင်း

* အကျိတ်နဲ့ ကင်ဆာရောဂါတွေ ဖြစ်နိုင်ခြေများခြင်း စတဲ့ နောက်ဆက်တွဲဆိုးကျိုးတွေ ဖြစ်နိုင်ပါတယ်။
..
..

????ဒီလိုဆိုးကျိုးတွေနည်းအောင် တစ်နေ့ကို ဘယ်လောက်ပမာဏ သောက်သုံးသင့်သလဲ ?

ဘယ်လောက်ပမာဏသောက်သုံးသင့်သလဲ ဆိုတာဟာ အသက်အရွယ်၊ ရောဂါအခံရှိ/မရှိ စတာတွေအပေါ် မူတည်ပါတယ်။

(၂၀၁၈) ခုနှစ် လေ့လာစမ်းသပ်ချက်တွေအရ အရွယ်ရောက်ပြီးသူတွေဟာ တစ်နေ့ကို L-arginine ၁၅-၃၀ ဂရမ်ခန့် သောက်သုံးနိုင်တယ်လို့ ဆိုပါတယ်။

L-arginine supplement သောက်သုံးမယ့်သူတွေအနေနဲ့ FDA အညွှန်းကို သေချာဖတ်ပြီး ဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးပြီးမှသာ သောက်သုံးသင့်ပါတယ်။ ရောဂါအခံရှိသူတွေနဲ့ တခြားဆေးဝါးတွေ မှီဝဲသောက်သုံးနေရသူတွေဟာလည်း ဆရာဝန်ညွှန်ကြားမှသာ သောက်သုံးရပါမယ်။
..
..

????L-arginine supplement ကို သောက်သုံးရန် မသင့်သူတွေ…

ဘယ်လိုလူတွေမှာ L-arginine supplement ကို မသောက်သင့်လည်းဆိုရင်

* အသက် ၁၆ နှစ်အောက်ကလေးတွေ

* အသက် ၆၅ အထက် လူကြီးတွေ

* ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မိခင်တွေ

* နှလုံးရုတ်တရက်ရပ်ခြင်း (heart attack) ဖြစ်ဖူးသူတွေမှာဆိုရင် L-arginine ကို ဆရာဝန် ညွှန်ကြားချက်မရှိဘဲ လုံးဝမသောက်သုံးသင့်ပါဘူး။

L-arginine က အချို့ဆေးတွေ (ဥပမာ-ACEI, B blocker, alpha blockers etc.) ရဲ့ အာနိသင်ကို လျော့ကျစေတာကြောင့် တခြားဆေးဝါးတွေ မှီဝဲသောက်သုံးနေရသူတွေဟာလည်း ဆရာဝန်ညွှန်ကြားချက်မရှိရင် L-arginine ကို မသောက်သုံးသင့်ပါဘူး

မြန်မာလူမျိုးတွေရဲ့ စားသောက်မှုပုံစံဟာ L-arginine ပမာဏ လုံလုံလောက်လောက် မရနိုင်တာကြောင့် ဆရာဝန် (ဒါမှမဟုတ်) အာဟာရပညာရှင်နဲ့တိုင်ပင်ပြီး သဘာဝအတိုင်း အစားစာတွေကနေ L-arginine ပမာဏ လုံလုံလောက်လောက် ရရှိအောင် meal plan အတိုင်း စားသုံးသင့်ပါတယ်။ ဖြည့်စွက်ဆေးတွေကို သောက်သုံးတဲ့အခါမှာလည်း ကိုယ်နဲ့သင့်တော်မယ့် ဖြည့်စွက်ဆေးတွေကို ဆရာဝန် (ဒါမှမဟုတ်) dietitian နဲ့ တိုင်ပင်ပြီးမှ သောက်သုံးတာမျိုး လုပ်သင့်ပါတယ်။

Reference: ????
https ???? /www. medicalnewstoday. com/articles/l-arginine#summary

❤️ NUG, MOH တယ်လီကျန်းမာ ၊ လူတိုင်းအတွက်ပါ ❤️

???? တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှ အခမဲ့ တိုင်ပင်ဆွေးနွေးနိုင်ပါသည်

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက်( https://m.me/telehealthmm )ကို နှိပ်ပါ
( နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ )

#nugmoh#telehealth#telemedicine
#teleconsultation#တယ်လီကျန်းမာ
#L_arginine#amino_acid_supplements

Ministry of Health,

National Unity Government.

Published on: 8 March 2023
Last Updated: 8 March 2023

ဆက်စပ်ရာ ကျန်းမာရေးဆောင်းပါးများ

ဘာသာရေးနှင့် ဝိညာဉ်ရေးရာ ယုံကြည်မှုများ Spiritual Beliefs

မရေရာမှုတွေနဲ့ အပြောင်းအလဲ မြန်ဆန်လွန်းတဲ့ ဒီနေ့ခေတ်ကြီးထဲမှာ လူအများစုဟာ စိတ်၏ငြိမ်းချမ်းမှုနဲ့ လုံခြုံမှုကို ရရှိဖို့အတွက် နည်းလမ်းတစ်ခုခုကို သဘာဝအတိုင်း ရှာဖွေတတ်ကြပါတယ်။ ဒါဟာ ဘာသာရေးအရ ဝတ်ပြုဆုတောင်းတာ၊ တရားထိုင်တာ၊ နတ်ကိုးကွယ်တာ၊ သဘာဝတရားကို အားကိုးတာ ဒါမှမဟုတ် ကိုယ်ယုံကြည်ရတဲ့သူတစ်ယောက်ဆီမှာ ရင်ဖွင့်တာ စသဖြင့် ပုံစံအမျိုးမျိုးနဲ့ စီးဆင်းလာတတ်တာပါ။ ဒီအရာတွေကို...

အဆုံးစီရင်ဖို တွေးတတ်ကြတာ ဘာကြောင့်လဲ

🍀အဆုံးစီရင်ဖို့ တွေးတတ်ကြတာ ဘာကြောင့်လဲ🍀 လူတွေ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ကြတယ်ဆိုတဲ့ ကိစ္စရပ်တွေကို ကြားရတဲ့အခါတိုင်း ကျွန်တော် အမြဲတမ်း စဥ်းစားမိတဲ့ မေးခွန်းတွေ ရှိပါတယ်။ "ဒီလူတွေ ဘာလို့ အဆုံးစီရင်တဲ့လမ်းကို ရွေးကြတာလဲ" ပေါ့။ "ကိုယ့်ကိုယ်ကိုယ် မချစ်ကြဘူးလား။ ကိုယ့်အသက်ကို မနှမျှောကြဘူးလား" လို့လည်း အခါခါတွေးမိတယ်။ တကယ်တော့ သူတို့ဟာ...

ပွဲဆူသွားတဲ့ ဆေးခြောက်ပိုစ့်လေးအတွက် ရှင်းလင်းချက်

ပြီးခဲ့တဲ့တစ်ပတ်က တယ်လီကျန်းမာရဲ့ ပိုစ့်လေးတစ်ခုအောက်မှာ အတော်လေး ပွဲဆူသွားတာကို သတိထားမိပါတယ်။ ပိုစ့်လေးကတော့ "ဝိ ဆိုတာ ချိုနဲ့လားကွဲ့" ဆိုတဲ့ ဆေးခြောက်ရဲ့ ဆိုးကျိုးတွေအကြောင်း ရှင်းပြထားတဲ့ ပညာပေးပိုစ့်လေးပါ။ ဒီပိုစ့်လေးအောက်မှာပဲ ဆေးခြောက်သုံးစွဲသူ လူငယ်တချို့က ပိုစ့်မှာရေးသားထားတဲ့ အကြောင်းအရာ အချက်အလက်တွေကို လက်မခံနိုင်တဲ့ အမြင်သဘောထား မှတ်ချက်တွေ ရေးသားကြသလို တချို့ဆို...

အိပ်စက်ခြင်းဆိုင်ရာ အလွဲ

"အိပ်စက်ခြင်းဆိုင်ရာ အလွဲ" တစ်ပတ်လုံး အလုပ်တွေ၊ စာတွေနဲ့ ပင်ပန်းထားသမျှ သောကြာနေ့ည ရောက်ပြီဆိုတာနဲ့ "ဒီတစ်ပတ်လုံး ပင်ပန်းထားသမျှ စနေ၊ တနင်္ဂနွေကျမှ အိပ်ရေးဝအောင် ပြန်အိပ်ပစ်မယ်" ဆိုတဲ့ အတွေးမျိုး တွေးဖူးကြမှာပါ။ အိပ်ရေးပျက်တာတွေကို ပိတ်ရက်မှာ အချိန်အကြာကြီး အိပ်လိုက်ခြင်းဖြင့် အစားထိုးလို့ရတယ်ဆိုတာ ဆေးပညာအရ ကြီးမားတဲ့ အလွဲတစ်ခု...