မီနူး

See our latest stories

written by our lovely staff members

အရိုးပါး/အရိုးပွရောဂါ Osteoporosis ( May, 2022 )

အရိုးပါး / အရိုးပွရောဂါ အရိုးပွရောဂါဆိုတာက ဘာလဲ ? အရိုးပွရောဂါကို လွယ်လင့်တကူ မှတ်ရရင်တော့ အပေါက်များနှင့်အရိုးလို့ မှတ်နိုင်ပါတယ်။ ကယ်လဆီယမ် ဆုံးရှုံးခြင်းကြောင့် အရိုးတွေ အားနည်းကြွပ်ဆတ်လာပြီး အရိုးတွေပါးလာခြင်းပဲဖြစ်ပါတယ်။ အရိုးထုထည်သိပ်သည်းမှုက အသက်၂၀ကနေ ၄၅နှစ်အထိ အများဆုံးဖြစ်ပြီးတော့ အသက် ၅၀နောက်ပိုင်းမှာ တဖြည်းဖြည်းလျော့နည်းလာတာကြောင့် ဖြစ်ပါတယ်။ ဘယ်သူတွေမှာ...

ပန်းသေပန်းညှိုးရောဂါ Erectile Dysfunction/ Impotency( May, 2022 )

ပန်းသေပန်းညှိုးမဖြစ်စေဖို့ ❓ပန်းသေပန်းညှိုးရောဂါဆိုတာဘာလဲ ပန်းသေပန်းညှိုးဖြစ်ခြင်း (Erectile Dysfunction/ Impotence) ဆိုတာ အမျိုးသားတစ်ဦးတစ်နေနဲ့ လိင်ဆက်ဆံမှုတစ်ခုကို ပြုလုပ်နိုင်လောက်အောင် လုံလောက်တဲ့ လိင်တံထောင်မတ်နိုင်စွမ်းမရှိတာ/ ဆက်ဆံနေစဥ်တစ်လျှောက်လည်း ဆက်လက်မထောင်မတ်နေနိုင်တာကို ခေါ်ပါတယ်။ အမျိုးသားတွေဟာ သူတို့ဘဝသက်တမ်းမှာ တစ်ခါတရံတော့ ယာယီအနေနဲ့ လိင်တံမထောင်မတ်နိုင်တာမျိုးဖြစ်တတ်ပါတယ်။ ဒါပေမယ့် ဒါဟာ ရောဂါတစ်ခုခုကြောင့်မဟုတ်ဘဲ စိတ်ဖိစီးမှုကြောင့်ပဲဖြစ်ဖြစ် ခဏတာဖြစ်တတ်တာမို့လို့ အမြဲတစေ...

ကလေးငယ်များဖျားပြီး တက်ခြင်း Febrile Convulsion ( May, 2022 )

ကလေးငယ်များဖျားပြီး တက်ခြင်း မိမိကလေးငယ်ဖျားပြီးတက်နေရင် စိတ်ပူရတဲ့မေမေဖေဖေတို့အတွက် ဖျားပြီးတက်တဲ့ febrile convulsion အကြောင်းလေးတင်ပြလိုက်ပါတယ်။ ❓ဖျားပြီးတက်တာ ဘယ်လိုကလေးငယ်တွေမှာဖြစ်တတ်တာလဲ များသောအားဖြင့် ၆လအရွယ်မှ၆နှစ်အရွယ်အထိကလေးငယ်တွေ သားယောင်္ကျားလေးတွေမှာအဖြစ်များပါတယ် မေမေဖေဖေတို့ငယ်ငယ်တုန်းကလည်း ထိုနည်းတူစွာဖျားပြီးတက်ခဲ့တဲ့ရာဇဝင်ကို တွေ့လေ့ရှိပါတယ် ❓ဘယ်လိုအဖျားမျိုးကတက်စေတာလဲ ဖွံဖြိုးဆဲဖြစ်တဲ့ကလေးရဲ့ဦးနှောက်က အဖျားတက်တာကို တုံ့ပြန်မှုလွန်ကဲတာကြောင့် တက်တာပါ။ အများအားဖြင့် အဖျား 100°Fကျော်တဲ့အခါ (သို့) ရုတ်တရက် အဖျားတက်တဲ့အခါမျိုးမှာ တက်တတ်ပါတယ်။ ရာသီတုပ်ကွေးအပါအဝင် virusတော်တော်များများကြောင့်...

နှာခေါင်းသွေးလျှံခြင်း/နှာခေါင်းသွေးယိုခြင်း Epistaxis ( May, 2022 )

နှာခေါင်းသွေးလျှံခြင်း/နှာခေါင်းသွေးယိုခြင်း ❓ဘာကြောင့် နှာခေါင်းသွေးယို/လျှံကြတာပါလဲ နှာခေါင်း သွေးယိုခြင်းသည် ထိပ်ကပ်နာရှိသူများတွင် ပိုး၀င်၍သော်လည်းကောင်း၊ နှာခေါင်းခဏခဏနှိုက်ခြင်း ကြောင့်သော်လည်းကောင်း၊ နှပ်ခဏခဏ ညှစ်၍သော်လည်းကောင်း၊ အပူအအေးပြောင်းလဲလျင်သော်လည်းကောင်း၊ သွေးတိုးလျင်သော်လည်းကောင်း၊ နှာခေါင်းတွင်းကင်ဆာအမျိုးမျိုး၊ သွေးကြောထုံးအကြိတ်တို့ကြောင့် ဖြစ်တတ်ပါတယ်။ ❓နှာခေါင်းသွေးယို/လျှံရင် အရေးကြီးပါသလား၊ ဘယ်လိုဖြစ်တတ်ပါသလဲ နှာခေါင်းသွေးယိုခြင်းကို ရုတ်တရက် နှာခေါင်းပေါက်တစ်ဖက်မှ ယိုစီးလာတာကို စခံစားရတတ်ပါတယ်။ နှစ်ဘက်လုံးလဲ ယိုနိုင်ပါတယ်။ နှာခေါင်းသွေးယိုခြင်းက တစ်ခါ၊...

ခြေစွယ်ငုပ်ခြင်း Ingrown Toenail ( April, 2022 )

ခြေစွယ်ငုပ်ခြင်း ခြေစွယ်ငုပ်ခြင်းဟာ ခုနောက်ပိုင်း ရှူးဖိနပ်တွေ စီးတဲ့ ‌ခေတ်ပိုင်းတွေမှာ ပိုအဖြစ်များလာပါတယ်။ အဓိကကတော့ ခြေသည်းညှပ်တဲ့ပုံစံမှားယွင်းလို့ ခြေသည်းက အသားထဲစိုက်၀င်ရာကနေ ခဏခဏနာ၊ ရောင် ၊ ပိုး၀င်ပြီး ပြည်တည်တဲ့အထိဖြစ်လာတတ်ပါတယ်။ အဲလိုပိုး၀င်တဲ့အခါ အနာဆုံးပါ။ ✅ခြေသည်းညှပ်နည်း ခြေသည်းညှပ်ရာမှာ ခြေသည်းထောင့်တွေကို ပုံပါအတိုင်း ထောင့်ကျကျညှပ်ရမယ်၊ ဘေးထောင့်က ခြေထောက်အသားကိုကျော်အောင် အရှည်ထားပြီးညှပ်ရမှာ...

“ စိတ်ကျရောဂါ ဂရုစိုက်ပါ” Depression (April, 2022)

"စိတ်ကျရောဂါ ဂရုစိုက်ပါ" လက်ရှိခေတ်ရဲ့ အနေအထားအရ နိုင်ငံတကာမှာရော မြန်မာနိုင်ငံမှာပါ စိတ်ကျရောဂါခံစားရသူ ဦးရေဟာ များပြားလာပါတယ်။ အထူးသဖြင့် မြန်မာနိုင်ငံရဲ့ ဒီတော်လှန်ရေးကာလမှာ ဖြစ်ပွားမှုနှုန်း ပိုများလာပါတယ်။ ကမ္ဘာမှာ အမျိုးသမီး ၄ ယောက်မှာ တစ်ယောက်/ အမျိုးသား ၆ ယောက်မှာ တစ်ယောက်ဟာ သူ့သက်တမ်းမှာ...

နို့တိုက်မိခင်များတွင်ဖြစ်လေ့ရှိသော နို့ခဲခြင်းနှင့် နို့ပြည်တည်နာ ( April, 2022 )

နို့တိုက်မိခင်များတွင်ဖြစ်လေ့ရှိသော နို့ခဲခြင်းနှင့် နို့ပြည်တည်နာ နို့တိုက်မိခင်တွေမှာ အထူးသဖြင့် သားဦးကလေးတွေမှာ နို့ခဲခြင်းနဲ့ နို့ပြည်တည်နာရောဂါဟာ အင်မတန်အဖြစ်များပါတယ်။ နို့ခဲခြင်းကတော့ နို့ထွက်များတဲ့ မိခင်တွေ၊ ကလေးကို နည်းစနစ်တကျနို့မတိုက်တဲ့ မိခင်တွေ၊ နို့တိုက်နည်းတဲ့ မိခင်တွေမှာ နို့အုံထဲ နို့များနေပြီး နို့ချောင်းပိတ်ရာကနေ ဖြစ်ပါတယ်။ နို့ပြည်တည်နာ ကတော့ နို့ခဲတာကို သေချာဂရုမစိုက်ရာကနေ နို့သီးခေါင်းအကွဲရှိသူတွေ(...

နားထဲရေ၀င်ပြီး နားအူခြင်း ၊ နားပြည်ယိုခြင်း နှင့် နားမှိုစွဲခြင်း ( April, 2022 )

နားထဲရေ၀င်ပြီး နားအူခြင်း ၊ နားပြည်ယိုခြင်း နှင့် နားမှိုစွဲခြင်း ဘယ်အချိန်တွေမှာ (သို့) ဘာလုပ်ရင် ဖြစ်တတ်ပါ သလဲ?️???? အဓိကကတော့ နားထဲ ပိုး၀င်သွားလို့ပါ။ ဘာကြောင့်ပိုး၀င်လဲဆိုတော့ မသန့်တဲ့ရေတွေ နားထဲ၀င်တာနဲ့ နား​ကလော် နားကြပ်တာတွေ၊ ရေကူးတဲ့သူတွေ (swimmer's ear)၊ ရေလွှာလှိုင်းစီးတဲ့သူတွေမှာ (...