ပင်မစာမျက်နှာ
ကျန်းမာရေးဆောင်းပါးများ
တယ်လီကျန်းမာအကြောင်း
အကြံပြုချက်ပေးပို့ရန်
Search
An official website of the National Unity Government
မီနူး
တယ်လီကျန်းမာ
An official website of the National Unity Government
Facebook
Mail
Youtube
တယ်လီကျန်းမာ
ပင်မစာမျက်နှာ
ကျန်းမာရေးဆောင်းပါးများ
တယ်လီကျန်းမာအကြောင်း
အကြံပြုချက်ပေးပို့ရန်
Search
See our latest stories
written by our lovely staff members
အယူအဆအလွဲများ (၅)
အောက်တိုဘာ 14, 2025
အလွဲ ❌ ဗီတာမင်အားဆေး (Supplement) တွေသောက်ရင် အားရှိတယ်၊ ကျန်းမာတယ်။ အမှန် ✅ ဗီတာမင်နဲ့ သတ္တုဓာတ်တွေဟာ ခန္ဓာကိုယ်အတွက် လိုအပ်ပေမယ့် "စွမ်းအင်တိုးဆေး၊ အားတိုးဆေး" မဟုတ်ပါဘူး။ ခန္ဓာကိုယ်မှာ ဗီတာမင်ဓာတ်ချို့တဲ့မှု၊ ဆုံးရှုံးမှုရှိမှသာ အားဆေးသောက်ဖို့ လိုအပ်ပါတယ်။ ကလေးငယ်အချို့နဲ့ အစာကောင်းကောင်းစားမဝင်တဲ့သူတွေမှာတော့ အားဆေးဆိုတာ လိုအပ်ကောင်းလိုအပ်နိုင်ပါတယ် ။ ဒါပေမယ့်...
အယူအဆအလွဲများ (၄)
အောက်တိုဘာ 12, 2025
"Antibiotic လို့ခေါ်တဲ့ ပဋိဇီဝဆေးဆိုတာ ကိုက်ခဲဖျားနာ ပျောက်ဆေးတစ်မျိုးပဲလား" အယူလွဲ >>> ဖျားလည်းဖျား၊ ချောင်းလည်းဆိုး၊ ကိုယ်လက်ကိုက်ခဲရင် ပိုးသတ်ဆေးသောက်မှ ပျောက်မယ်လို့ ထင်တတ်ကြပါတယ်။ အမှန် >>> Antibiotics ဆိုတာ ဘက်တီးရီးယားပိုး ကြောင့်ဖြစ်တဲ့ ရောဂါတွေအတွက်သာ အသုံးဝင်ပါတယ်။ ဒါတောင် ဘတ်တီးရီးယားအမျိုးအစားပေါ်မူတည်ပြီး ပေးရတဲ့ ပိုးသတ်ဆေးတွေ ကွဲပြားပါသေးတယ်...
မီးပိုးကောင်အန္တရာယ် Paederus Dermatitis
အောက်တိုဘာ 8, 2025
မြန်မာလို အများအားဖြင့် "မီးပိုးကောင်” လို့ ခေါ်ကြတဲ့ Rove beetle ခေါ် Paederus မျိုးနွယ်ဝင် အင်းဆက် တစ်မျိုးရဲ့အဆိပ်ဟာ လူရဲ့ ခန္ဓာကိုယ်အရေပြားကို ရောင်ရမ်းမှုတွေ ဖြစ်စေတတ်ပါတယ်။ ဒါကို မီးပိုးကောင်လောင်ခြင်း (Paederus dermatitis) လို့ ခေါ်ပါတယ်။ ဒီပိုးကောင်တွေဟာ ကိုက်တာ၊ တုပ်တာ...
ကလေးငယ်များ သေဆုံးစေခဲ့သော အိန္ဒိယထုတ် ချောင်းဆိုးပျောက်ဆေးရည်၏ နောက်ဆက်တွဲ သတင်းအချက်အလက်များ
အောက်တိုဘာ 6, 2025
သတင်းအရင်းအမြစ်များစွာကို စိစစ်လေ့လာပြီးနောက် တယ်လီကျန်းမာအနေဖြင့် အောက်ဖော်ပြပါ အချက်အလက်များကို သိရှိခဲ့ရပါသည်။ အဆိုပါ ချောင်းဆိုးပျောက်ဆေးရည်ကြောင့် အနည်းဆုံး ကလေးငယ် ၁၁ ဦးအထိ သေဆုံးစေခဲ့ပါသည်။ ချောင်းဆိုးပျောက်ဆေးတွင် ပါဝင်သော အဆိပ်အတောက်ပစ္စည်းမှာ 48.6% diethylene glycol ဖြစ်ပြီး ကျောက်ကပ်ပျက်စီးရာမှတစ်ဆင့် ကလေးငယ်များ သေဆုံးခဲ့ခြင်းဖြစ်ပါသည်။ ချောင်းဆိုးပျောက်ဆေး၏အမည်မှာ "Coldrif" ဖြစ်ပြီး၊ Sresan...
အယူအဆအလွဲများ (၃)
အောက်တိုဘာ 5, 2025
အလွဲ >>> တစ်နေ့ကို ရေ ဖန်ခွက် ၈ ခွက် အတိအကျ သောက်ရမယ်။ အမှန် >>> လူတစ်ဦးချင်းစီအလိုက် လိုအပ်တဲ့ ရေပမာဏဟာ ကိုယ်အလေးချိန်၊ ရာသီဥတု၊ လှုပ်ရှားမှုပမာဏတွေပေါ်မူတည်ပြီး တစ်ယောက်နဲ့ တစ်ယောက် ကွာခြားပါတယ်။ မိမိတို့ကိုယ်ခန္ဓာဟာ ရေဓာတ်ပြည့်ဝနေဖို့ လိုအပ်ပေမယ့့် တိကျတဲ့ပမာဏကို လိုက်နာနေစရာတော့ မလိုပါဘူး။ ရေဆာတဲ့အခါ...
အယူအဆအလွဲများ (၂)
အောက်တိုဘာ 2, 2025
အယူအဆအလွဲ >>> လက်ဆစ်ချိုးခြင်းက အဆစ်အမြစ်ရောင်ရောဂါကို ဖြစ်စေနိုင်တယ်။ အမှန် >>> လက်ဆစ်ချိုးတဲ့ အသံဟာ အဆစ်တွေထဲကအရည် (Synovial Fluid) မှာရှိတဲ့ ဓာတ်ငွေ့ပူဖောင်းလေးတွေ မြန်မြန်ဆန်ဆန် ထွက်သွားခြင်းကြောင့် ဖြစ်ပါတယ်။ လက်ဆစ်ချိုးခြင်းနဲ့ အဆစ်အမြစ်ရောင်ရောဂါ ဖြစ်ခြင်းကြားမှာ သိပ္ပံနည်းကျ ဆက်စပ်မှုမရှိဘူးလို့ ဆိုပါတယ်။ သို့သော် လက်ဆစ်ချိုးခြင်းဟာ အဆစ်အမြစ်ရောင်ရောဂါလို ကြီးမားတဲ့ရောဂါကို...
ပထမအိပ်မက်
စက်တင်ဘာ 26, 2025
ရယ်ရမလို၊ ငိုရမလို ကြုံခဲ့ရတဲ့ ဟာသလိုလို ဘာလိုလို ဘယ်လိုခံစားမှူမျိုးလည်း ပြောမပြတတ်တဲ့ လူနာတစ်ယောက်အကြောင်း ပြောပြချင်ပါတယ်။ တိုင်းပြည်ကြီး မကျန်းမာနေမှန်း၊ ပျော်စရာကောင်းမနေမှန်းလည်း သိပါတယ်။ ခဏစိတ်ထွက်ပေါက်ရပြီး တစ်ချက်ပြုံးလိုက်မိကြရင် တစ်ရက်အသက်ရှည်ပါစေဆိုတဲ့ ကျွန်တော့်လို guilty of survivors များအတွက်ပါ။. တစ်နေ့သ၌ပေါ့လေ။ ပြင်ပလူနာဌာန အရေးပေါ်တာဝန်ကျ လက်ထောက်ဆရာဝန်က ဖုန်းနဲ့...
PrEP (Pre-Exposure Prophylaxis) HIV ကြိုတင်ကာကွယ်ဆေးအကြောင်း
စက်တင်ဘာ 23, 2025
"PrEP (Pre-Exposure Prophylaxis) HIV ကြိုတင်ကာကွယ်ဆေးအကြောင်း" တုပ်ကွေးကာကွယ်ဆေး၊ သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးတွေလို PrEP ဆိုတာလည်း ကာကွယ်ဆေးတစ်မျိုးပါပဲ။ သူ့ကိုတော့ HIV ဗိုင်းရပ်စ်ပိုး ကူးစက်ခံရခြင်းမှ ကြိုတင်ကာကွယ်ဖို့အတွက် ထုတ်လုပ်ထားတာပါ။ ဒါပေမယ့် PrEP ဆေးတွေဟာ ဆေးဝါးအသစ်တွေဖြစ်တာကြောင့် ဘယ်လိုလူတွေ သောက်သင့်လဲ၊ ဘယ်လိုကာကွယ်ပေးနိုင်လဲ၊ ခန္ဓာကိုယ်အပေါ် ဘယ်လိုသက်ရောက်မှုရှိလဲဆိုတဲ့ မေးခွန်းပေါင်းများစွာတော့...
1
2
3
...
35
Page 2 of 35