See our latest stories

written by our lovely staff members

ကော်ဖီသောက်လို့ အရိုးပွတယ်ဆိုတဲ့ သုတေသနကို မစိုးရိမ်စေဖို့

သတင်းဌာနကြီးတစ်ခုရဲ့ ပြူးတူးပြဲတဲ သတင်းခေါင်းစဥ်နဲ့ ကျန်းမာရေးဆောင်းပါးလေးတစ်ပုဒ်ကို တွေ့မိတော့ ဆရာဝန်တစ်ယောက်အနေနဲ့ အံ့သြမှင်တက် ဖြစ်ရပါတယ်။ သတင်းကို အလွယ်ဖတ်သူတွေအနေနဲ့ အထင်မှားစေနိုင်တာမို့ပါ။ ဘာရေးထားတာလည်းဆိုတော့ “ကော်ဖီအသောက်လွန်ပါက အရိုးများအားနည်းစေနိုင်ကြောင်း တွေ့ရှိရ”တဲ့။ ကော်ဖီအသောက်လွန်ဆိုတာ "တစ်နေ့ ၅ ခွက်အထက်သောက်မှ" လို့ ဆိုလိုချင်တာပါဆိုပြီး ဆောင်းပါးထဲရေးထားပါတယ်။ ဒါကြောင့် ကိုယ်က တစ်နေ့ ၅...

တချို့လူတွေ ပြောပြောနေတတ်တဲ့ နေမကောင်းရင် အားဆေးမသောက်ရဘူးဆိုတာ တကယ်လား

တချို့လူတွေ ပြောပြောနေတတ်တဲ့ နေမကောင်းရင် အားဆေးမသောက်ရဘူးဆိုတာ တကယ်လား 🤔 ☑️ ဖြေရှင်းချက်။ တကယ်တော့ နေမကောင်းရင် ကိုယ်ခန္ဓာထဲက ဇီဝဖြစ်စဉ်တွေ ပိုအလုပ်လုပ်ရပါတယ်။ ဒါကြောင့် ဗီတာမင်ဓာတ်တွေက ပိုလိုပါတယ်။ နေလို့မကောင်း၊ ခံတွင်းကပျက်နေတာ၊ အန်နေတာတွေဆိုရင် သိပ်လည်း အစားမဝင်ကြပါဘူး။ ဒါကြောင့် အစာအာဟာရနဲ့ ဗီတာမင်ဓာတ်တွေက ချို့တဲ့နိုင်ပါတယ်။...

နွားနိုနဲ့ သံပရာသီးက တကယ်ပဲ မတည့်တာလား

🥛နွားနို့နဲ့ 🍋‍🟩သံပရာသီးက တကယ်ပဲ မတည့်တာလား သင်္ဘောသီးထောင်းလေးကို ချဥ်ချဥ်စပ်စပ်လေး သံပရာသီးလေး ညှစ်စားပြီး ခဏနေတော့ လက်ဖက်ရည်ဆိုင်မှာ နွားနို့ပူပူလေးတစ်ခွက် မှာသောက်ဖို့ကြံနေတုန်း "ဟဲ့... နွားနို့နဲ့ သံပရာသီး တွဲစားရင် ဗိုက်ထဲမှာ နို့တွေခဲပြီး သေတတ်တယ်နော်" ဆိုတဲ့ လူကြီးတွေ ပြောစကားကို နားထဲ ကြားယောင်လာတယ်။ တချို့ကလည်း...

စိတ်အတွက် အာဟာရ

လူတွေက ခန္ဓာကိုယ်ကျန်းမာရေးဆိုရင် အစားအသောက်ကို အမြဲသတိထားတတ်ကြပါတယ်။ ဆီးချိုရှိရင် အချိုလျှော့မယ်၊ သွေးတိုးရင် အငန်လျှော့မယ်ဆိုတာတွေက လူတိုင်းနဲ့ သိပ်ကိုရင်းနှီးနေတဲ့ အလေ့အကျင့်တွေပဲပေါ့။ ဒါပေမယ့် ကျွန်တော်တို့နေ့စဉ် ပါးစပ်ကနေတစ်ဆင့် ဝမ်းဗိုက်ထဲ ထည့်လိုက်တဲ့ အစားအစာတွေဟာ ကျွန်တော်တို့ရဲ့ စိတ်ခံစားချက်၊ စိတ်ဖိစီးမှု ခံနိုင်ရည်နဲ့ စိတ်ကျန်းမာရေး အခြေအနေတွေအပေါ်မှာ ဘယ်လောက်အထိ...

Sugar Spike နဲ့ ထမင်းလုံးစီခြင်း

နေ့လယ်စာ စားပြီးလို့ အလုပ်ပြန်စတဲ့အခါ မွန်းလွဲ (၂) နာရီကနေ (၃) နာရီဝန်းကျင်ဆိုရင် ကမ္ဘာပျက်သလို ငိုက်လာပြီး ကော်ဖီတစ်ခွက် (ဒါမှမဟုတ်) အချိုရည်တစ်ခွက် အပြေးအလွှား သောက်လိုက်ရမှ နေသာထိုင်သာ ရှိသွားတဲ့အဖြစ်မျိုး ခဏခဏ ကြုံဖူးကြမှာပါ။ လူတွေက ဒါကို "ထမင်းလုံးစီတာ" လို့ ပြောတတ်ကြပေမယ့် တကယ်ကတော့...

မနက်နိုးနိုးချင်း ကော်ဖီ အပြေးအလွှား သောက်နေပြီလား

မနက်နိုးနိုးချင်း ကော်ဖီ အပြေးအလွှား သောက်နေပြီလား ☕️☕️ မနက်ခင်း အိပ်ရာကနိုးတာနဲ့ လူက လန်းလန်းဆန်းဆန်း ဖြစ်လာအောင်ဆိုပြီး ကော်ဖီတစ်ခွက်ကို အမြန်ဆုံး ဖျော်သောက်ပြီးမှ အလုပ်စတတ်ကြတယ်မို့လား။ ဒါပေမယ့် တကယ်တော့... မနက်နိုးနိုးချင်း ကော်ဖီချက်ချင်းသောက်တာဟာ ကော်ဖီရဲ့အာနိသင်ကို အပြည့်အဝ မရရှိစေတဲ့အပြင် ခန္ဓာကိုယ်ရဲ့ သဘာဝစနစ်ကိုပါ ကမောက်ကမ ဖြစ်စေတယ်ဆိုတာ အာရုံကြောသိပ္ပံနည်းအရ...

စိတ်ခံစားမှုတွေနဲ့ မိမိစားတဲ့ အစားအစာတွေက ဆက်စပ်နေတယ်ဆိုတာ ယုံပါသလား

စိတ်ခံစားမှုတွေနဲ့ မိမိစားတဲ့ အစားအစာတွေက ဆက်စပ်နေတယ်ဆိုတာ ယုံပါသလား။ စိတ်ခံစားမှု (မုဒ်) ကို ဖြစ်စေတဲ့ ဟော်မုန်းလေးတွေအကြောင်း ကြားဖူးကြမှာပါ။ ဆီရိုတိုနင် (Serotonin)၊ ဒိုပါမင်း (Dopamine) နဲ့ Acetylcholine ကဲ့သို့ အချက်ပြပစ္စည်းလေးတွေ အကြောင်းပေါ့။ SerotoninMood/စိတ်ကို တည်ငြိမ်စေပြီး အအိပ်အစားမှန်စေအောင် လုပ်ပါတယ်။ Serotonin ရဲ့...

သဘာဝကပေးသော အာဟာရများ (Phytonutrients)

အပင်တွေကနေရရှိတဲ့ အာဟာရဓာတ်တွေဟာ ယနေ့ခေတ်ကြုံတွေ့နေရတဲ့ stress တွေ၊ အခက်အခဲတွေကို ကျော်လွှားနိုင်ဖို့ အကူအညီတွေပါပဲ။ အပင်ကရတဲ့ အာဟာရဓာတ်တွေကို phytonutrients လို့ ခေါ်ပါတယ်။ Phyto ဆိုတာ အပင်တွေလို့ အဓိပ္ပာယ်ရပြီး Nutrients ဆိုတာတော့ အာဟာရဓာတ်တွေပေါ့။ လူသားမျိုးနွယ် တည်တံ့ရှေ့ဆက်နိုင်ခဲ့တာလည်း သဘာဝရဲ့ အရင်းအမြစ်တွေကို ထုတ်ယူရှာဖွေ...