မီနူး

Cosmos

969 POSTS
0 COMMENTS

စိုးရိမ်စိတ်၏ လှည့်စားမှုများ

စိုးရိမ်စိတ်၏ လှည့်စားမှုများ "ဆရာဝန်တွေကသာ ရှာမတွေ့တာ… ကျွန်တော့်မှာ နှလုံးရောဂါ တကယ်ရှိနေတာပါ" "ခုအတိုင်းဆို ငါ လမ်းသွားရင်း မူးလဲသွားရင် ဘယ်လိုလုပ်မလဲ…" "ငါ အိပ်လိုက်ရင် ပြန်နိုးလာပါ့မလား…" ဤကဲ့သို့သော အတွေးများသည် သင့်ခေါင်းထဲတွင် နေ့စဉ်နှင့်အမျှ ခြောက်လှန့်နေပါသလား။ ဆေးရုံဆေးခန်း ပေါင်းစုံသွား၊ နှလုံးဓာတ်မှန်ရိုက်၊ သွေးစစ်၊ အီးစီဂျီ (ECG) ဆွဲ၊ ကွန်ပြူတာဓာတ်မှန်နဲ့ သံလိုက်စက်ကွင်းဓာတ်မှန်...

နီပါ ပြင်းထန်ဗိုင်းရပ်စ်ရောဂါ (Nipah virus) ကူးစက်မှုမှ ကာကွယ်ရန် (ဖေဖော်ဝါရီ၊ ၂၀၂၆)

ရောဂါကူးစက်ခံရသူ ၁၀ ယောက်တွင် ၄ ယောက်မှ ၇ ယောက် ခန့်အထိ သေဆုံးနိုင်သည်။ ကပ်အသွင်ကူးစက်ဖြစ်ပွားနေသည့် ဒေသတွင် နေထိုင်သူ သိုမဟုတ် ထိုဒေသသို ခရီးသွားမည်ဆိုပါက 👉 ဆပ်ပြာနှင့် ရေ အသုံးပြု၍ ပုံမှန် လက်ဆေးပါ။👉 လင်းနို သိုမဟုတ် နာမကျန်းဖြစ်နေသော ဝက်များကို ထိတွေ့ခြင်းမှ...

အာဟာရရှုထောင့်များ (Nutrition Fact) ဖတ်ကြရန်

‎အစားအသောက်တွေကို ရွေးချယ်စားသုံးတဲ့အခါ အဆီများတာတွေကို လျှော့၊ သကြားများတာတွေကို လျှော့၊ ဆိုဒီယမ်များတာတွေကို လျှော့ဆိုပြီး ပြောလေ့ရှိပါတယ်။‎‎တကယ်တမ်း ရွေးချယ်ရတဲ့အခါ မုန့်ထုပ်ပေါ်မှာ ပါတဲ့ အချက်အလက်တွေကို ဖတ်ခဲလှပါတယ်။ အမှန်အတိုင်း ဝန်ခံရရင်တော့ စာရေးသူကိုယ်တိုင်လည်း တစ်သက်လုံးမှာ မုန့်ရဲ့အရသာနဲ့ စျေးနှုန်းကိုပဲ ကြည့်ဖြစ်တယ်လို့ ဝန်ခံရမှာပါ။ အာဟာရရှုထောင့်တွေ (Nutrition...

မှန်ထဲက ရန်သူ (သိုမဟုတ်) Self-toxicity

မှန်ထဲက ရန်သူ (သို့မဟုတ်) Self-toxicity‎(ကိုယ့်ကိုယ်ကိုယ် ပြန်ပြီး အဆိပ်ခတ်နေမိပြီလား…)‎‎ကျွန်တော်တို့ဟာ ဘဝမှာ မပျော်ရွှင်ရခြင်း၊ စိတ်ဆင်းရဲရခြင်း‌တွေကို ကြုံတွေ့ရတဲ့အခါ လက်ညှိုးထိုးစရာ တရားခံတွေကို အပြင်လောကမှာ ရှာဖွေတတ်ကြပါတယ်။ "သူက ငါ့အပေါ် ကောင်းမှမကောင်းတာ၊ ပတ်ဝန်းကျင်က မကောင်းလို့၊ ကံကိုက ဆိုးတာ" စသဖြင့် အပြစ်တင်စရာရှာတွေ့မှ စိတ်သက်သာရာ...

‎စိတ်ပျော်ဟော်မုန်း ဆီရိုတိုနင် (Serotonin)

‎ကျွန်တော့်အသိတစ်ယောက်ခမျာ ရည်းစားနဲ့ အဆင်မပြေဖြစ်ပြီးတဲ့နောက် ညဘက်တွေမှာ အိပ်ပျော်ဖို့ ခက်ခဲလာတယ်တဲ့။ တော်တော်နဲ့လည်း အိပ်မပျော်တော့ဘူး။ မနက်ခင်းဆိုရင် အစောကြီးနိုးနေတတ်ပြီး တစ်နေကုန် နေရထိုင်ရတာလည်း အားမရှိသလို၊ နုံးနေသလိုဖြစ်နေပြီး အလုပ်တွေပါ မလုပ်နိုင်မကိုင်နိုင်ဖြစ်လာတော့တာ ဆိုပါလား။ ကျောင်းစာတွေမှာလည်း သိပ်ပြီးတော့ အာရုံမစိုက်နိုင်တော့တဲ့အကြောင်းကို ကျွန်တော့်ဆီလာပြီး ရင်ဖွင့်ပြောပြပါတယ်။‎‎ဒါနဲ့ စိတ်လေးနေလို့ အဆင်မပြေဘူးဆိုရင်...

‎မေ့လျော့ခံ အိမ်ထောင်ရှင်မတိုရဲ့ စိတ်ကျန်းမာရေး သိုမဟုတ် “ Empty nest syndrome”

‎မေ့လျော့ခံ အိမ်ထောင်ရှင်မတို့ရဲ့ စိတ်ကျန်းမာရေး သို့မဟုတ် "Empty nest syndrome"‎‎ဒီဆောင်းပါးကို မဖတ်ခင်မှာ ဒီစာဟာ ခေတ်အဆက်ဆက်က ကျွန်မတို့အမျိုးသမီးတွေအပေါ် အိမ်မှုကိစ္စလုပ်ဖို့၊ သားသမီးမွေးဖို့နဲ့ ပြုစုဖို့ လူတစ်ဦးအနေနဲ့ပဲ သတ်မှတ်ရှုမြင်ခဲ့ကြတာကို မီးမောင်းထိုးပြချင်တာ ဖြစ်ပါတယ် ။ ‎အခုခေတ်မှာတော့ အမျိုးသား၊ အမျိုးသမီးရယ်လို့ မခွဲခြားတော့ဘဲ အလုပ်ကိုယ်စီ၊ အိမ်မှုကိစ္စကိုယ်စီ...

‎အမြင့်ဆုံး နှလုံးခုန်နှုန်း (Maximum Heart Rate – MHR) ဆိုတာ ဘာလဲ

‎အမြင့်ဆုံး နှလုံးခုန်နှုန်း (Maximum Heart Rate - MHR) ဆိုတာ ဘာလဲ။‎‎အရင်တစ်ရက်က ဇုန်တွေအကြောင်းကို ရေးပြီးပြီဆိုတော့ ဒါလေးလည်း ရေးဖို့လိုလာပါတယ်။ လေ့ကျင့်ခန်းလုပ်တုန်း နှလုံးခုန်နှုန်း ဇုန်တွေကို တွက်ချင်ရင် ကိုယ့်ရဲ့ အမြင့်ဆုံး နှလုံးခုန်နှုန်း (MHR) ကို သိဖို့လိုပါတယ်‌နော့်။ MHR ဆိုတာ...

သင်၏ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို ယခုအချက်များဖြင့် အားဖြည့်ပါ။ (ဖေဖော်ဝါရီ၊ ၂၀၂၆)

သင်၏ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို ယခုအချက်များဖြင့် အားဖြည့်ပါ။ ▪️ မိမိကိုယ်ကို ဂရုစိုက်ပါ။▪️ ချစ်ခင်ရသူများနှင့် ဆက်သွယ်တွေ့ဆုံပါ။▪️ တရားထိုင်ပါ သိုမဟုတ် စိတ်အာရုံစူးစိုက်မှုကို လေ့ကျင့်ပါ။▪️ ကျေးဇူးတင်ခြင်းကို ဖော်ပြပါ။▪️ ခန္ဓာကိုယ်ကျန်းမာရေးကို ဂရုစိုက်ပါ။ တယ်လီကျန်းမာ အခမဲ့အွန်လိုင်းဆေးခန်းကျန်းမာရေးဝန်ကြီးဌာနအမျိုးသားညီညွတ်ရေးအစိုးရ Ref: USCDC