မေး။ သွေးတိုးကျဆေးကို သွေးပေါင်တက်မှ သို့ ခေါင်းမူးမှသောက်နေတာက မှန်ကန်လား။
ဖြေ။ သွေးတိုးဆိုတာက ဆေးခန်းမှာသွေးပေါင်ချိန်လို့ အပေါ်သွေး ၁၄၀၊ အောက်သွေး ၉၀ အထက်များနေတဲ့ အခြေအနေကို ခေါ်ပါတယ်။ ဒါပေမယ့် သွေးပေါင်တက်နေတာနဲ့တွဲဖက်အခြေအနေတွေပေါ်မူတည်ပြီး သွေးတိုးကျဆေး တိုက်/မတိုက်၊ တိုက်ရင်ဘယ်လိုဆေးမျိုးက စတိုက်မလဲဆိုတာတွေ ကွဲပြားပါတယ်။
သွေးပေါင်တစ်ခုတည်းကို ကြည့်တာမဟုတ်ဘဲ နောက်ဆယ်နှစ်မှာ လူနာရဲ့နှလုံးနဲ့ သွေးကြောရောဂါဖြစ်နိုင်ခြေနှုန်းကိုကြည့်ပြီး ဆေးကိုပေးရတာမို့ လူနာတိုင်းမှာ သွေးပေါင်ကျဆေး စသောက်ရမယ့်အခြေအနေနဲ့ သောက်ရတဲ့ဆေးအမျိုးအစားတွေ မတူကြပါဘူး။
ဆေးသောက်ရပြီဆိုရင်လည်း လက်ရှိသွေးပေါင်ကို ပုံမှန်အောက်ရောက်အောင် သောက်ရုံသက်သက်မဟုတ်ဘဲ နောင်ဆယ်နှစ်မှာ ဖြစ်လာနိုင်မယ့်အကျိုးဆက်ကို ရည်မှန်းပြီးသောက်ရတာမို့ ဆေးကိုသောက်လိုက်မသောက်လိုက်လုပ်ခြင်းက အကျိုးမရှိပါဘူး။ ဆေးကိုလည်းလူနာတစ်ဦးချင်းစီရဲ့ လိုအပ်ချက်အလိုက် သတ်မှတ်သွေးပေါင်အောက်ရောက်အောင် သောက်ရမှာဖြစ်ပါတယ်။ ဆေးကို ဆရာဝန်ညွှန်ကြားချက်အတိုင်း နေ့စဉ်မှန်မှန်သောက်ပြီး ရက်ချိန်းမှန်မှန်ဆက်ပြဖို့လည်း မဖြစ်မနေလိုအပ်ပါတယ်။