အလွဲ ❌ ရာသီလာစဉ် ဗိုက်အောင့်ခြင်း သို့မဟုတ် ခါးကိုက်ခြင်းသည် အမျိုးသမီးတိုင်း ခံစားရသော သဘာဝဖြစ်စဉ်ဖြစ်ပြီး ခံနိုင်ရည်ရှိရမည်။
အမှန် ✅ ရာသီလာစဉ် နာကျင်ကိုက်ခဲမှု (Dysmenorrhea) သည် အနည်းငယ်ရှိတတ်သော်လည်း နေ့စဉ်လုပ်ငန်းဆောင်တာများကို ထိခိုက်စေလောက်အောင် အလွန်အမင်းနာကျင်ခြင်းသည် ပုံမှန်မဟုတ်သောအခြေအနေ ဖြစ်နိုင်ပါသည်။
ဓမ္မတာလာစဉ် အလွန်အမင်း နာကျင်ကိုက်ခဲခြင်းသည် သားအိမ်အတွင်းလွှာ ကြီးထွားခြင်း (Endometriosis)၊ သားအိမ်အသားလုံး (Fibroids) သို့မဟုတ် မမျိုးဥအိမ်တွင် ရေအိတ်တည်ခြင်း (Ovarian Cysts) ကဲ့သို့သော ကျန်းမာရေး ပြဿနာများကြောင့်လည်း ဖြစ်နိုင်ပါသည်။
နာကျင်မှုကို သက်သာစေရန်အတွက် အကိုက်အခဲပျောက်ဆေးများ (ဥပမာ- NSAIDs)၊ ရေနွေးအိပ်ကပ်ခြင်း (သို့မဟုတ်) ဆရာဝန်ညွှန်ကြားသော ဟော်မုန်းဆေးဝါးများဖြင့် ထိရောက်စွာ ကုသနိုင်သည်။
📌 အကယ်၍ နာကျင်ကိုက်ခဲမှုသည် တစ်လပြီးတစ်လ ပိုမိုဆိုးရွားလာပါက သို့မဟုတ် သာမန်အကိုက်အခဲပျောက်ဆေးဖြင့် မသက်သာပါက ဆရာဝန်နှင့် ဆေးကုသမှုခံယူရန် လိုအပ်ပါသည်။
..
..
❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️
👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။
*** ပိတ်ရက်မရှိပါ ***
ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။
(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)
…
…
👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….
မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ
Zero Suicide Hotline သို့ ဆက်သွယ်ရန်
(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ
ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)
*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***
Ministry of Health,
National Unity Government.

