အယူအဆအလွဲ >>> လက်ဆစ်ချိုးခြင်းက အဆစ်အမြစ်ရောင်ရောဂါကို ဖြစ်စေနိုင်တယ်။
အမှန် >>> လက်ဆစ်ချိုးတဲ့ အသံဟာ အဆစ်တွေထဲကအရည် (Synovial Fluid) မှာရှိတဲ့ ဓာတ်ငွေ့ပူဖောင်းလေးတွေ မြန်မြန်ဆန်ဆန် ထွက်သွားခြင်းကြောင့် ဖြစ်ပါတယ်။
လက်ဆစ်ချိုးခြင်းနဲ့ အဆစ်အမြစ်ရောင်ရောဂါ ဖြစ်ခြင်းကြားမှာ သိပ္ပံနည်းကျ ဆက်စပ်မှုမရှိဘူးလို့ ဆိုပါတယ်။
သို့သော် လက်ဆစ်ချိုးခြင်းဟာ အဆစ်အမြစ်ရောင်ရောဂါလို ကြီးမားတဲ့ရောဂါကို မဖြစ်စေနိုင်ပေမယ့် အလွန်အကျွံ အင်အားသုံးပြီး ကြမ်းကြမ်းတမ်းတမ်း ဆွဲချိုးတာမျိုး လုပ်မယ်ဆိုရင်တော့ အဆစ်ပတ်ပတ်လည်က အရွတ်တွေ (Ligaments) ကို ပျက်စီးစေနိုင်ခြေ ရှိတာမို့ အကျင့်တစ်ခုအနေနဲ့တော့ အမြဲမလုပ်သင့်ကြောင်း တိုက်တွန်းလိုပါတယ်။
ဒါ့အပြင် ခန္ဓာကိုယ်ရဲ့အဆစ်တွေကို တခြားသူတွေကို ချိုးစေတာမျိုး (ဥပမာ လူတစ်ဦးက တခြားလူတစ်ဦးကို ပွေ့မလျက် ခါးဆစ်ချိုးစေတာမျိုး) ဟာလည်း အဆစ်အမြစ်တွေကို ဒဏ်ဖြစ်စေတာကြောင့် ရှောင်ကြဥ်သင့်ပါတယ်။
..
..
❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️
👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။
*** ပိတ်ရက်မရှိပါ ***
ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။
(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)
…
…
👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….
မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ
Zero Suicide Hotline သို့ ဆက်သွယ်ရန်
(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ
ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)
*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***
Ministry of Health,
National Unity Government.