အလွဲ >>> သွေးဆုံးပြီးတဲ့အခါ အရိုးပွရောဂါ (Osteoporosis) ကာကွယ်ဖို့အတွက် ကယ်လ်စီယမ် Calcium ဆေးသောက်တာကို ရပ်လိုက်လို့ရပြီ။
.

အမှန် >>> သွေးဆုံးပြီး အမျိုးသမီးတွေဟာ ကယ်လ်စီယမ်နဲ့ ဗီတာမင် D ကို အရင်ကထက် ပိုမိုဂရုစိုက်ဖို့ လိုအပ်ပါတယ်။

သွေးဆုံးချိန်မှာ အီစထရိုဂျင် (Estrogen) ဟော်မုန်း ဟာ သိသိသာသာ ကျဆင်းသွားတတ်ပါတယ်။ ဒီဟော်မုန်းဟာ အရိုးသိပ်သည်းဆကို ထိန်းသိမ်းရာမှာ အဓိကအခန်းကဏ္ဍက ပါဝင်တဲ့အတွက် ဟော်မုန်းကျဆင်းတာနဲ့အတူ အရိုးပွနှုန်းကလည်း ပိုမိုမြန်ဆန်လာပါတယ်။

ဒါကြောင့် သွေးဆုံးပြီးနောက်ပိုင်းဟာ အမျိုးသမီးတွေအတွက်တော့ အရိုးပွရောဂါ (Osteoporosis) ဖြစ်နိုင်ခြေအများဆုံးအချိန်ပဲ ဖြစ်ပါတယ်။

အသက်ကြီးလာလေ အရိုးကျန်းမာရေးက ပိုအရေးကြီးလာလေ ဖြစ်တာကြောင့် ကယ်လ်စီယမ်အားဆေး သောက်သုံးမှုကို ရပ်မပစ်သင့်ပါဘူး။ အရိုးကို သန်မာစေဖို့နဲ့ အရိုးကျိုးနိုင်ခြေကို လျှော့ချဖို့အတွက်ဆိုရင် နေ့စဉ်လိုအပ်တဲ့ ကယ်လ်စီယမ် ပမာဏကို အစားအသောက် ဒါမှမဟုတ် ဗီတာမင် D ပါဝင်တဲ့ အားဆေး (Supplement) တွေကနေတစ်ဆင့် လုံလောက်စွာ ရရှိဖို့လိုအပ်ပါတယ်။
.

(မှတ်ချက်။ လူတစ်ယောက်ချင်းစီအတွက် သင့်လျော်တဲ့ ပမာဏကိုတော့ ဆရာဝန်နဲ့ တိုင်ပင်ပြီးမှသာ သောက်သုံးသင့်ပါတယ်။)

..

..

❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….

မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ

Zero Suicide Hotline သို့ ဆက်သွယ်ရန်

(၁) https://t.me/zeroscbot

(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ

ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)

*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here