ဆီပူလောင်/ရေနွေးပူလောင် စသဖြင့် အပူလောင်တဲ့အခါ အပူသက်သာအောင်ဆိုပြီး သွားတိုက်ဆေး အုံခိုင်းတတ်ကြပါတယ်။ တကယ်တော့ ဒါဟာ မှားယွင်းတဲ့ အယူအဆဖြစ်ပါတယ်။

သွားတိုက်ဆေးမှာ ဓာတုပစ္စည်းတွေ (ဥပမာ fluoride, sodium lauryl sulfate) ပါဝင်တာကြောင့် အရေပြားကို ပိုမိုယားယံစေပြီး ရောင်ရမ်းစေနိုင်ပါတယ်။ ဒါ့အပြင် ပိုးဝင်နိုင်ခြေကိုပါ ပိုတိုးစေနိုင်ပါသေးတယ်။ နာကျင်မှုကိုလည်း ပိုဆိုးစေနိုင်ပါတယ်။

အချို့သွားတိုက်ဆေးတွေမှာပါဝင်တဲ့ ပူရှိန်းဓာတ်က အစပိုင်းမှာ အေးသွားတယ်လို့ ထင်ရပေမယ့် တကယ်တမ်းမှာ အရေပြားကို ပိုပြီးထိခိုက်နာကျင်စေနိုင်ပါတယ်။

ဒါကြောင့် အပူလောင်တာနဲ့ အရင်ဆုံး အပူကို ချက်ချင်းလျှော့ချဖို့ လုပ်ရပါမယ်နော်။

၁။ အပူလောင်တဲ့နေရာကို ချက်ချင်း ရေအေး (ရေခဲရေမဟုတ်) နဲ့ အနည်းဆုံး ၁၀ မိနစ်ကနေ ၂၀ မိနစ်အထိ လောင်းပေးပါ။ နီးစပ်ရာရေပိုက်ခေါင်းကို ဖွင့်ပြီး ဆေးချတာ ဒါမှမဟုတ် ရေအေးထဲမှာ စိမ်ပေးပါ။

ဒါက အပူကိုလျှော့ချပေးပြီး နာကျင်မှုကို သက်သာစေရုံသာမက အရည်ကြည်ဖုထွက်တာကိုလည်း အတန်အသင့် ကာကွယ်နိုင်ပါတယ်။
(ရေခဲကို အရေပြားနဲ့ တိုက်ရိုက်ကပ်တာမျိုးတော့ မလုပ်ပါနဲ့)
.

၂။ လက်ဝတ်လက်စားများနဲ့ အဝတ်အစားများကို ဖယ်ရှားပါ။

အပူလောင်ထားတဲ့နေရာမှာ လက်ဝတ်ရတနာတွေ၊ ကျပ်နေတဲ့အဝတ်အစားတွေရှိရင် ဖြည်းဖြည်းချင်း ဖယ်ရှားပါ။
.

၃။ အနာကို ဖုံးအုပ်ထားပါ။

အနာကို သန့်ရှင်းခြောက်သွေ့တဲ့ အဝတ်စ ဒါမှမဟုတ် ပိုးသတ်ထားတဲ့ ပတ်တီးစနဲ့ ပါးပါးလေး အုပ်ထားခြင်းက ပိုးဝင်ခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။
.

၄။ အရည်ကြည်ဖုများကို မဖောက်ပါနဲ့။

အပူလောင်လို့ ရေကြည်ဖုတွေ ထွက်လာရင် ကိုယ့်ဘာသာကိုယ် မဖောက်ပါနဲ့။ အနာကနေတစ်ဆင့် ပိုးဝင်နိုင်ပါတယ်။
.

၅။ နာကျင်မှုအတွက် ဆေးသောက်နိုင်ပါတယ်။

လိုအပ်ရင် အကိုက်အခဲပျောက်ဆေး (ဥပမာ- ibuprofen or paracetamol) သောက်နိုင်ပါတယ်။

ဘယ်လိုအခြေအနေမျိုးမှာ ဆရာဝန်နဲ့ပြသင့်လဲ။

  • အပူလောင်တဲ့နေရာပမာဏ တအားများရင် ဒါမှမဟုတ် အရေပြားအလွှာများစွာကို ထိခိုက်မိရင် (အနာကနက်ပြီး အရေပြားဖြူနေတာ၊ မည်းနေတာ ဒါမှမဟုတ် ထုံနေတာမျိုး)
  • မျက်နှာ၊ မျက်လုံးတစ်ဝိုက်၊ လိင်အင်္ဂါ ဒါမှမဟုတ် အဆစ်နေရာတွေမှာ အပူလောင်ခဲ့ရင်
  • ကလေးငယ်တွေ ဒါမှမဟုတ် သက်ကြီးရွယ်အိုတွေ အပူလောင်ခဲ့ရင်
  • အပူလောင်တဲ့နေရာက ပိုးဝင်တဲ့လက္ခဏာတွေ (ဥပမာ- နာကျင်မှုပိုဆိုးလာတာ၊ နီရဲတာ၊ ရောင်ရမ်းတာ၊ ပြည်တည်တာ၊ အဖျားတက်တာ) ပြလာရင်
  • အပူလောင်တာနဲ့ပတ်သက်ပြီး ရှေးဦးသူနာပြုနည်းကို သေချာမသိဘူးဆိုရင်တော့ နီးစပ်ရာ ဆေးရုံဆေးခန်းကို သွားရောက်ပြသတာကတော့ အကောင်းဆုံးပါပဲ။

“ အားလုံးပဲ ထိခိုက်ဒဏ်ရာအမျိုးမျိုးနဲ့ အပူလောင်ခြင်းဒဏ်ရာများမှ ကင်းဝေးကြပါစေ…”
💙💙

..

..

❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….

မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ

Zero Suicide Hotline သို့ ဆက်သွယ်ရန်

(၁) https://t.me/zeroscbot

(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ

ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)

*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here