မေး။ ရေချိုးမှားခြင်းသည် ဦးနှောက်သွေးကြောပြတ်ခြင်း (လေဖြတ်ခြင်း) ကို တိုက်ရိုက်ဖြစ်စေနိုင်ပါသလား။

ဖြေ။ လူတို့၏ ဦးနှောက်ရှိအစိတ်အပိုင်းတွင် ခန္ဓာကိုယ်အစိတ်အပိုင်း၏ လှုပ်ရှားမှုများကို ထိန်းချုပ်သောနေရာများ အသီးသီးရှိကြသည်။ ထိုနေရာများ ပုံမှန်အလုပ်လုပ်ရန်အတွက် သွေးထောက်ပံ့မှု လိုအပ်သည်။ ဦးနှောက်အတွင်းရှိ သွေးကြောများပိတ်ခြင်း သို့ သွေးကြောများပေါက်ထွက်ခြင်းကြောင့် ထိုအစိတ်အပိုင်းများသို့ သွေးထောက်ပံ့မှု ပြတ်လပ်သွားသည့်အခါ ယင်းနေရာများ အလုပ်မလုပ်နိုင်တော့သောကြောင့် သက်ဆိုင်ရာဦး‌နှောက်အစိတ်အပိုင်းများက ထိန်းချုပ်ထားသည့် ခန္ဓာကိုယ်အစိတ်အပိုင်း (ဥပမာ ခြေ၊ လက်၊ မျက်နှာ) များရှိ ကြွက်သားများအလုပ်မလုပ်နိုင်တော့ပေ။ ထိုသို့ဖြစ်ခြင်းကို မြန်မာအခေါ်အဝေါ်ဖြင့် လေဖြတ်ခြင်းဟု ခေါ်ပါသည်။

ရေချိုးခြင်းသက်သက်ဖြင့် ဦးနှောက်အတွင်းရှိသွေးကြောများ ပိတ်ခြင်း/ပေါက်ခြင်းကို တိုက်ရိုက်မဖြစ်စေနိုင်ပါ။ အဓိကအကြောင်းရင်းမှာ သွေးကြောများကို ပျက်စီးစေနိုင်သည့် သွေးတွင်းအဆီခဲများဖြင့် သွေးကြောကျဉ်းနေခြင်း၊ သွေးပေါင်တက်နေခြင်းနှင့် နှလုံးမှတစ်ဆင့် သွေးခဲများ ရုတ်တရက် လာပိတ်ခြင်းတို့ကြောင့်သာ ဖြစ်နိုင်ပါသည်။

သို့ကြောင့် လေမဖြတ်ရန်အတွက် အဓိကဂရုစိုက်ရန်မှာ သွေးကြောများအ‌ပေါ် သက်ရောက်မှုကြီးမားသည့် ရောဂါများဖြစ်သော ဆီးချို၊ သွေးတိုး၊ သွေးတွင်းအဆီများခြင်းရောဂါများနှင့် နှလုံးရောဂါတို့ကို အစဉ်တစိုက် အမြဲဂရုပြု ကုသရန်သာဖြစ်သည်။ ၎င်းရောဂါများအတွက် ဆရာဝန်နှင့်တိုင်ပင်၍ ဆေးများကို စွဲသောက်နေရခြင်းသည်လည်း ဤသို့ လေမဖြတ်စေရန်အတွက် ရည်ရွယ်ချက်တစ်ခု ဖြစ်သည်။ လေဖြတ်ခြင်းကို အားပေးထောက်ပံ့သော လူနေမှုပုံစံများဖြစ်သည့် ဆေးလိပ်သောက်ခြင်း၊ အရက်သောက်ခြင်းတို့ကိုလည်း တတ်နိုင်သ၍ ရှောင်ကြဥ်ရမည်။

ရေချိုးခြင်းကိုမူ အပူပြင်းထန်သည့် အခါကာလနှင့် ကိုယ်ကာယလှုပ်ရှားမှုများ၍ ချွေးထွက်များချိန်တွင်သာ သတိထားရန် လိုအပ်ပါသည်။

..

..

❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….

မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ

Zero Suicide Hotline သို့ ဆက်သွယ်ရန်

(၁) https://t.me/zeroscbot

(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ

ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)

*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here