Have you ever felt ‘Butterflies in your stomach’ ?

Crush လေးနဲ့ first date၊ ဒါမှမဟုတ် စာမေးပွဲ‌ဖြေခါနီးအချိန်၊ Presentation လုပ်ခါနီးလိုအချိန်မျိုးမှာ ရင်တလှပ်လှပ်ခုန်တာမျိုး၊ အိမ်သာသွားချင်သလိုဖြစ်တာမျိုး လူတိုင်းကြုံဖူးကြပါလိမ့်မယ်။ အဲဒီလိုဖြစ်ရတာဟာ ဦးနှောက်က စိတ်လှုပ်ရှားစရာ၊ စိုးရိမ်စရာအခြေအနေတွေ တွေ့ကြုံရတဲ့အခါ ဇီ၀ကမ္မဖြစ်စဉ်တစ်ခုအနေနဲ့ ကိုယ်ခန္ဓာထဲကအခြေအနေတွေကို ပြောင်းလဲလိုက်လို့ပဲ ဖြစ်ပါတယ်။ ဒီလိုအပြောင်းအလဲတွေ ဘယ်လိုဖြစ်လာလဲဆိုတာ အောက်မှာဆက်ပြီးဖတ်ကြည့်ရအာင်ပါ။

စိတ်လှုပ်ရှားစရာတစ်ခုခု ကြုံလာတဲ့အခါ ပထမဆုံးအနေနဲ့ ‘Fight or Flight Response’ လို့ခေါ်တဲ့ ရင်ဆိုင်ရမလား၊ ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌ရှောင်ဖယ်သွားမလားဆိုတဲ့ တုံ့ပြန်မှုကို မသိစိတ်က အလို‌‌အလျောက်ရွေးချယ်လိုက်ပါတယ်။ ဒီဖြစ်စဉ်ဟာ လူသားအစကတည်းက ရှင်သန်ရပ်တည်မှုအတွက် မျိုးဆက်အဆင့်ဆင့်မှာ ပါလာတဲ့ ဖြစ်စဉ်တစ်ခုပါ။ ဒီဖြစ်စဉ်ရဲ့ တစ်စိတ်တစ်ပိုင်းအနေနဲ့ Adrenal Glands လို့ခေါ်တဲ့ ကျောက်ကပ်နဲ့တွဲနေတဲ့အကျိတ်လေးတွေကနေ Adrenaline နဲ့ Cortisol ဆိုတဲ့ Stress Hormones တွေ ထုတ်လိုက်ပါတယ်။

ဒါဆိုရင် ဒီဟော်မုန်းတွေက ဘယ်လိုအလုပ်လုပ်တာလဲ 🤔
.

Effect on Heart

ပထမဆုံးအနေနဲ့ အဲဒီဟော်မုန်းတွေ ထွက်လာတဲ့အခါ နှလုံးခုန်မြန်တာ၊ သွေးပေါင်တက်လာတာအပြင် ချွေးစေးပျံတာမျိုးပါ ဖြစ်လာတတ်ပါတယ်။
.

Blood Flow Redistribution

စိတ်လှုပ်ရှားစရာတစ်ခုခုကို ရင်ဆိုင်ရတော့မယ် ဒါမှမဟုတ် အဲဒီအရာကနေ ရှောင်ဖယ်ထွက်ပြေးရတော့မယ်ဆိုရင် ခန္ဓာကိုယ်က ပုံမှန်ထက် ပိုလှုပ်ရှားဖို့လိုလာပါတယ်။ အဲဒီလိုလှုပ်ရှားနိုင်ဖို့ ခြေတွေလက်တွေ၊ ရုန်းကန်နိုင်တဲ့ ကြွက်သားတွေဆီကို အောက်ဆီဂျင်များများရောက်နိုင်ဖို့အတွက် နှလုံးကနေ သွေးပံ့ပိုးမှု ပိုလုပ်‌ပေးရပါတယ်။
.

Blood Shunting

အဲဒီကြွက်သား‌တွေဆီကို သွေးလှည့်ပတ်မှု ပိုအားကောင်းဖို့အတွက် ယာယီအနေနဲ့ ၀မ်းဗိုက်ထဲက အစာခြေအဖွဲ့အစည်းဖြစ်တဲ့ အစာအိမ်နဲ့အူလမ်းကြာင်းကိုသွားမယ့့် သွေးတွေကို လျှော့ချပြီး ကြွက်သားတွေဆီကို ပို့လိုက်ပါတယ်။
.

The Stomach’s Reaction

အစာအိမ်နဲ့အူတွေဆီကို သွေးဆီးဆင်းမှု ရုတ်တရက်ကျသွားတဲ့အခါ အစာခြေတဲ့ကြွက်သားလေးတွေက ကျုံပြီး ညှစ်တဲ့အဆင့်ကို ရောက်သွားပါတယ်။ ဒါကြောင့်ပဲ ဗိုက်ထဲမှာ နေလို့မကောင်းတဲ့ လိပ်ပြာလေးတွေရောက်နေတယ်လို့ တင်စားကြတဲ့ ခံစားချက်မျိုးဖြစ်လာတာပါ။
.

The Vagus Nerve’s Role

ဦးနှောက်ကနေ တိုက်ရိုက်ထွက်လာတဲ့ အာရုံကြောတွေထဲမှာ ခန္ဓာကိုယ်ရဲ့ဝမ်းတွင်းပိုင်းအထိသွားတဲ့ တစ်ခုတည်းသော အာရုံကြောဖြစ်တဲ့ Vagus Nerve က ဒီလို အစာအိမ်နဲ့ အူတွေဆီကိုသွားမယ့့် သွေးပမာဏ လျှော့ချတဲ့ဖြစ်စဥ်မှာ အဓိကပါ၀င်ပါတယ်။ Vagus Nerve ဟာ Gut Brain Axis လို့ခေါ်တဲ့ ဦးနှောက်နဲ့ ၀မ်းတွင်းကိုယ်အင်္ဂါတွေ ဆက်သွယ်တဲ့ ပင်မလမ်းကြောင်းမှာလည်း အဓိကက‌ဏ္ဍက‌နေ ပါ၀င်ပါတယ်။

ဒီလို Fight or Flight Response က ပျော်ရွှင်ကြည်နူးစရာ ဒါမှမဟုတ် ထိန်လန့်စိုးရိမ်စရာ စိတ်လှုပ်ရှားမှုတင်မကဘဲ ဘယ်လို စိတ်လှုပ်ရှားစရာ အခိုက်အတန့်မှာမဆို သဘာ၀အလျောက်ဖြစ်နိုင်တဲ့ ခန္ဓာကိုယ်ရဲ့တုံ့ပြန်မှုပဲ ဖြစ်ပါတယ်။ ဒါပေမယ့့် အခုလို စိုးရိမ်စိတ်ပူစရာများတဲ့ ကာလမှာတော့ ကာလရှည်ကြာ စိတ်ပင်ပန်းမှုတွေ၊ အတိတ်ကာလမှာ ကြုံတွေ့ခဲ့ရတဲ့ အခက်အခဲ ပြဿနာတွေကြောင့် လက်တွေ့ အန္တရာယ်မရှိတဲ့ အခြေအနေတွေမှာတောင် (ဥပမာအားဖြင့် အနာဂတ်ကိုတွေးရင်း စိုးရိမ်တာ၊ အလုပ်မှာ ဖိအားတွေများတာ) ဖြစ်နိုင်ပါတယ်။ အဲဒီလိုကြုံလာရင် ကိုယ်ကိုယ်တိုင်ရဲ့ စိတ်ကျန်းမာရေး၊ ကိုယ်ကျန်းမာရေးနဲ့ပတ်သက်ပြီး ဂရုတစိုက် ဆန်းစစ်ထိန်းသိမ်းတာ၊ လိုအပ်တဲ့အပိုင်းတွေရှိရင် စစ်ဆေးကုသတာမျိုးလုပ်ဖို့ လိုအပ်ပါလိမ့်မယ်…။

Disclaimer: အထက်ပါ အကြောင်းအရာများသည် ကျန်းမာရေးနှင့်ပတ်သက်သည့် အသိပညာများ မျှဝေရန်ရည်ရွယ်သော ယေဘုယျအကြောင်းအရာများသာ ဖြစ်ပါသည်။ ဆေးဘက်ဆိုင်ရာ အကြံပေးမှု၊ ကုသမှုများအတွက် မရည်ရွယ်ပါ။ တစ်ဦးတစ်ယောက်ချင်းစီ၏ ကျန်းမာရေးလိုအပ်ချက်များအတွက် သက်ဆိုင်ရာ ကျွမ်းကျင်ကျန်းမာရေးပညာရှင်များထံတွင်သာ ဆွေးနွေးတိုင်ပင်ရန် အကြံပြုပါသည်။

..

..

❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….

မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ

Zero Suicide Hotline သို့ ဆက်သွယ်ရန်

(၁) https://t.me/zeroscbot

(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ

ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)

*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here