၁။ သတင်းထူး

ခုတလော အွန်လိုင်းစာမျက်နှာတွေမှာ စိတ်ဝင်စားစရာ သတင်းတစ်ပုဒ်ကို တွေ့လာရတယ်။ CRISPR နည်းပညာဖြင့် Down Syndrome ကလေးငယ်တွေကို ကုသနိုင်ပြီတဲ့။ Cell တွေမှာ အပိုပါနေတဲ့ ခရိုမိုဇုန်း ၂၁ (Chromosome 21) ကို CRISPR နည်းပညာဖြင့် ဖြတ်တောက်ဖယ်ရှားလိုက်နိုင်ပြီတဲ့။ ဒီသတင်းကို ကြားတော့ ကျွန်တော် ပျော်မိတာပေါ့။

ဆရာဝန်တွေဟာ လူနာတွေကို ကရုဏာမျက်ဝန်းနဲ့ မြင်မိလေ့ရှိပါတယ်။ “ ဒေါင်းရောဂါစု” ကလေးငယ်တွေဟာ သနားစရာပါ။ သူတို့လည်း ဘယ်ဖြစ်ချင်ပါ့မလဲ။ မမြင်မသိနိုင်အောင် ကျယ်ပြောလှတဲ့ ကံကြမ္မာအရ ဗီဇချို့ယွင်းချက်ပါလာခဲ့လို့သာ ဖြစ်ရတာ။ ဒီသတင်းအရဆို ဒီကလေးငယ်လေးတွေအတွက် ပျော်နိုင်ပြီပေါ့။ ဒီသတင်းဟာ အမှန်လားလို့ ကျွန်တော် ဆက်ရှာဖွေကြည့်ခဲ့ပါတယ်။

၂။ CRISPR

ဆက်ရှာဖွေကြည့်တဲ့အခါ CRISPR အကြောင်း ဖတ်မိသွားတယ်။ အရှည်ကောက်က Clustered Regularly Interspaced Short Palindromic Repeats ပါတဲ့။ အလွယ်ခေါ်ရအောင်ဗျာ။ Gene editing tool ဗီဇမျိုးရိုးတွေကို ပြင်ဆင်ဖြတ်ညှပ်ကပ် လုပ်တာပါတဲ့။ လူသားတွေဆိုတာလည်း မဂ္ဂဇင်းကိုသာ အယ်ဒီတာ လုပ်တာ မဟုတ်ဘူး။ ရုပ်ရှင်ကိုသာ အယ်ဒီတာ လုပ်တာ မဟုတ်ဘူး။ ဒီအန်အေ (DNA) ကိုတောင် အယ်ဒီတာ လုပ်နေပါပြီ။ ဗီဇကို လိုသလိုဖြတ်တောက်ရာမှာသုံးတဲ့ နည်းပညာက CRISPR ပါတဲ့။ CRISPR ဆိုတာ ကတ်ကြေးပေါ့ဗျာ။

၁။ ဒီအန်အေရဲ့ အပိုင်းတစ်ခုကို ဖယ်မယ်။
၂။ ဒီအန်အေရဲ့ အပိုင်းတစ်ခုနဲ့ အစားထိုးမယ်။
၃။ ဒီအန်အေရဲ့ စီးကွင့် (Sequence) ကို ပြောင်းမယ်။ ဒါပါပဲ။

  • gRNA က နေရာလမ်းပြပေးမယ်။
  • Cas 9 ဆိုတဲ့ enzyme က ဒီအန်အေကို ဖြတ်တောက်မယ်။
  • Cell က သဘာဝအလျောက် ပြုပြင်မယ်။

လွယ်တယ် မဟုတ်လား။ ဟုတ်တယ်လေ၊ အပြောလွယ်တယ်။ အလုပ်ကသာ ခက်တာ။

CRISPR နည်းပညာနဲ့ Sickle cell disease, Beta thalassaemia စတဲ့ရောဂါတွေမှာ ကုထုံးတွေ ပေါ်နေပါပြီ။ FDA က လက်ခံလို့ ၂၀၂၃၊ ဒီဇင်ဘာကစပြီး ကုသမှုတွေ ပေးနေပါပြီ။ (အသေးစိတ်တွေ မပြောတော့ဘူးနော်။)

(၃) သတင်းထူးဟာ အမှား

ဒေါင်းရောဂါစု ကလေးငယ်တွေကို CRISPR နည်းပညာဖြင့် ကုသပေးနိုင်တယ်ဆိုတာ ဒီနေ့ထက်ထိတော့ မဖြစ်နိုင်သေးပါဘူးတဲ့။ ဒီအန်အေရဲ့ အစိတ်အပိုင်းကိုတော့ ဖြတ်တောက်ပြောင်းလဲ (edit) လုပ်နိုင်ပေမဲ့ ခရိုမိုဇုန်းတစ်ခုလုံးကို ဖြတ်တောက်ပြောင်းလဲလို့တော့ မအောင်မြင်သေးပါဘူးတဲ့။ မဖြစ်နိုင်တာလို့ မဆိုလိုပါဘူး။ နောင်မှာ ဖြစ်လာနိုင်ပါတယ်။ ဝမ်းမြောက်စရာသတင်းလေးကို ကြားချင်ပေမယ့့် မဖြစ်သေးတော့ “ ဒေါင်းရောဂါစု” ကလေးငယ်လေးများအတွက် သနားကရုဏာသက်မိပါတယ်။

(၄) နိုင်ငံရဲ့ဗီဇ

ဒီအန်အေကိုတောင် လူသားတွေ ပြုပြင်နေကြပါပြီ။ ကျွန်တော်တို့နိုင်ငံရဲ့ ဗီဇမှာပါနေတဲ့ ဖောက်ပြန်တဲ့ အာဏာရှင် အစိတ်အပိုင်းကို အောင်မြင်တဲ့ နွေဦးတော်လှန်ရေးနည်းပညာနဲ့ ဖြတ်တောက်ကုသစို့ဗျာ…။ ။

လီယိုနယ်လင်းထက်

..

..

❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….

မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ

Zero Suicide Hotline သို့ ဆက်သွယ်ရန်

(၁) https://t.me/zeroscbot

(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ

ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)

*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here