‎လူအများစု အပြောများကြတဲ့ နှလုံးအားနည်းတယ်ဆိုတာဟာ ဘာကိုဆိုလိုမှန်း အတိအကျ သိပါသလား။

တကယ်တော့ ‎နှလုံးအားနည်းတယ်ဆိုတာဟာ ‌ရောဂါတစ်ခုအတွက် တိကျတဲ့ဆိုလိုရင်း မဟုတ်ပါဘူး။

‎…

ဒီအကြောင်းကို မပြောခင်မှာ အရင်ဆုံး နှလုံးရဲ့အခြေခံအချက်တွေကို သိထားသင့်ပါတယ်။

‎နှလုံးဟာ လူအများစုရဲ့ ဘယ်ဖက်ရင်ဘတ်ထဲမှာ တည်ရှိ‌နေပြီး လက်သီးဆုပ်ခန့် အရွယ်အစား ရှိပါတယ်။ သူ့ကို နှလုံးကြွက်သားတွေနဲ့ တည်‌ဆောက်ထားပြီး အပေါ်ယံမှာ အမြှေးပါးတစ်ခုနဲ့ ကာရံထားပါတယ်။

အားလုံးသိတဲ့အတိုင်း နှလုံးမှာ အခန်း ၄ ခန်းပါရှိပြီး သက်ဆိုင်ရာအခန်းတွေကြား၊ နောက်ပြီး သက်ဆိုင်ရာအခန်းတွေနဲ့ သွေးလွှတ်ကြောမကြီးတွေကြားမှာ အဆို့ရှင်လေးတွေနဲ့ အဖွင့်အပိတ်လုပ်ပြီး ဆက်သွယ်ထားတာပါ။

နှလုံးမှာ ကိုယ်ပိုင်လျှပ်စီးပတ်လမ်းတစ်ခုလည်း ရှိနေပြီး ဒီပတ်လမ်းကို အသုံးပြုကာ စည်းချက်မှန်စွာဖြင့် ကြွက်သားများကိုညှစ်ပေး (နှလုံးခုန်ပေး) နေပါတယ်။
‎…

နှလုံးအားနည်းတယ်ဆိုတာဟာ နှလုံးရဲ့ အစိတ်အပိုင်းတစ်ခုခုမှာ ပြဿနာတစ်စုံတစ်ရာ ရှိနေတဲ့အတွက် နှလုံးရဲ့လုပ်ဆောင်နိုင်စွမ်း ကျဆင်းသွားခြင်းကိုသာ ဆိုလိုပြီး ရောဂါတစ်ခုရဲ့နာမည် မဟုတ်ပါဘူး။

ဒါကြောင့် နှလုံးရဲ့လုပ်ဆောင်နိုင်စွမ်း ကျဆင်းပြီ (နှလုံးအားနည်းပြီ) ဆိုရင် ဘယ်အစိတ်အပိုင်းတွေမှာ ဘာပြဿနာတွေရှိနေလဲဆိုတာ သေချာအောင် ဆန်းစစ်ကြည့်ရပါတယ်။

‎🫀 နှလုံးကို အာဟာရ၊ သွေးနဲ့ အောက်ဆီဂျင်တွေ ပို့ပေးတဲ့ နှလုံးသွေးလွှတ်ကြောတွေ ကျဉ်းတဲ့အတွက် နှလုံးကြွက်သားတွေက ကောင်းကောင်း အလုပ်မလုပ်နိုင်တာလား

‎🫀 နှလုံးမှာ လှည့်ပတ်နေတဲ့ လျှပ်စီးကြောင်းက အမှားတစ်ခုခုဖြစ်ပြီး နှလုံးခုန်နှုန်းက ပုံမမှန်ဖြစ်တာလား

‎🫀 နှလုံးဖုံးအမြှေးပါး ရောင်တာလား

‎🫀 နှလုံးဖုံးအမြှေးပါးနဲ့ နှလုံးကြားကို ရေဝင်ပြီး နှလုံးရေဝိုင်းတာလား

‎🫀 နှလုံးကြွက်သားထူတာ (သို့) ရောင်ရမ်းတာလား

‎🫀 နှလုံးရဲ့ အခန်းတစ်ခုခု ကျယ်‌နေတာလား

‎🫀 နှလုံးအဆို့ရှင်တွေ ကျဉ်းတာ သို့ ကျယ်တာလား စသဖြင့် ဆန်းစစ်ရပါတယ်။

ဒီလို ဆန်းစစ်တဲ့အခါမှာ သက်ဆိုင်ရာရောဂါအလိုက် ရောဂါရာဇဝင်မေးမြန်းတာ၊ စမ်းသပ်တာ၊ ECG ဆွဲတာ၊ ဓာတ်မှန်ရိုက်တာ၊ နှလုံးအာထရာဆောင်း (Echocardiogram) ရိုက်တာ စတဲ့ လိုအပ်တာတွေကို လုပ်ကြည့်ပြီးမှပဲ တိကျတဲ့ရောဂါအဖြေကို ပြောပြနိုင်မှာပါ။
‎…
‎…

‎ဒါ‌ကြောင့် လူနာအများစု အမှတ်မှားတတ်တဲ့ မူးတာ၊ မောတာ၊ တစ်ခါတစ်ရံ ရင်ဘတ်အောင့်တာ၊ စိတ်လှုပ်ရှား/စိတ်ထိခိုက်ရင် သတိမေ့တာ၊ တက်သယောင်ယောင်ဖြစ်တာ‌တွေကို ကြည့်မိ၊ မြင်မိ၊ သတိထားမိရုံနဲ့ . . .

မိမိအပါအဝင် အခြားသူတွေကို နှလုံးအားနည်းတယ်လို့ လွယ်လွယ်မသတ်မှတ်သင့်ဘဲ သက်ဆိုင်ရာ ကျွမ်းကျင်ဆရာဝန်များနဲ့ ပြသတိုင်ပင်သင့်ပါကြောင်း အသိပေး တိုက်တွန်းလိုက်ပါရစေ…။

..

..

❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….

မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ

Zero Suicide Hotline သို့ ဆက်သွယ်ရန်

(၁) https://t.me/zeroscbot

(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ

ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)

*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here