🚭 ဆေးလိပ်ပြတ်အောင်ဖြတ်ကြမယ် 🚭

လူ့ဘဝမှာ လုပ်ရတာ ခက်ခဲတဲ့အရာတွေကို ပြောပါဆိုရင် စွဲလမ်းစေတဲ့အရာ‌တွေကို ဖြတ်ရတာလည်း တစ်ခုအပါအဝင်ဖြစ်ပါတယ်။

ဒီဘက်ခေတ်မှာဆိုရင် လက်ရှိကြုံတွေနေရတဲ့ ဒုက္ခသုက္ခတွေ၊ စိတ်ဖိစီးမှုတွေကြောင့် စိတ်ထွက်ပေါက်ရလိုရငြား ကွမ်း၊ ဆေးလိပ်၊ အရက်နဲ့ အခြားသော မူးယစ်ဆေးတွေကို အသုံးများလာကြတော့တာပါပဲ။

စွဲလမ်းစေတတ်တဲ့အရာတွေက ခဏတာမှာတော့ နေလို့ထိုင်လို့ကောင်း စိတ်‌ကလေးအဆင်ပြေတယ်လို ထင်ရပေမယ့် အချိန်ကြာလာတာနဲ့အမျှ ကိုယ့်စိတ်နဲ့ကိုယ်ကို ဒုက္ခပေးတော့တာပါပဲ။

ဒုက္ခပေးနေပြီဆိုတာကို စတင်ခံစားမိတဲ့အချိန်မှာတော့ စွဲလမ်းတဲ့အဆင့် (သူမရှိရင် မနေနိုင်တော့တာ) ကို ရောက်နေပြီဖြစ်တဲ့အတွက် ဖြတ်မရ အခက်တွေ့ပါပြီ။

ဖြတ်ဖို့ကြိုးစားတော့လည်း withdrawal symptoms (စွဲလမ်းစေတဲ့ပစ္စည်းများသုံးစွဲခြင်းကို ရပ်တန့်လိုက်တဲ့အခါ စိတ်နဲ့ခန္ဓာ နေမထိထိုင်မသာဖြစ်တဲ့ လက္ခဏာများ) ကို ကောင်းကောင်းကြီး ခံစားရနိုင်ပါတယ်။

အဲဒီလို ခံစားလာရတော့ ပြန်သုံးမိပါတယ်။ စိတ်ညစ်လို့ စသုံးမိတယ်၊ စွဲလမ်းတယ်၊ အန္တရာယ်ရှိမှန်းသိလာတယ်၊ ဖြတ်ဖို့ကြိုးစားတယ်၊ withdrawal symptoms တွေခံစားလာရတယ်၊ ပြန်သုံးမိတယ်နဲ့ မပြတ်နိုင်တော့ဘဲ သံသရာလည်ပါတယ်။ စိတ်ညစ်လို့ အရက်ကိုသောက်တယ်၊ အရက်သောက်တော့ သိပ်စိတ်ညစ်တယ် ဖြစ်ရပါပြီ။

ဆေးလိပ်၊ အရက်၊ မူးယစ်ဆေး စတာတွေထဲမှာမှ ဖြတ်ဖို့အလွယ်ဆုံးကတော့ ဆေးလိပ်လို့‌ပြော‌ရမှာပါပဲ။ ဆေးလိပ်ဖြတ်ဖို့ မခက်ခဲပါဘူး။ မခက်ခဲပါစေနဲ့။ အဲဒါကြောင့် ဆေးလိပ်ဖြတ်ဖို့ အလွယ်ကူဆုံးနဲ့ အသက်သာဆုံး နည်းလမ်းလေးတွေကို မျှဝေပေးချင်ပါတယ်။

ပထမဦးဆုံးအနေနဲ့ ဆေးလိပ်သောက်တာ မကောင်းဘူး၊ ဖြတ်သင့်တယ်၊ ဖြတ်ရမယ်ဆိုတဲ့ စိတ်ကလေးရှိနေဖို့က အရေးကြီးဆုံးပါပဲ။ ဒါဆိုရင် နောက်ထပ်ဖြတ်ကျော်ရမယ့်အဆင့်လေးတွေက လွယ်ကူသွားမှာပါ။
.

1️⃣ အဆင့်-၁

ဆေးလိပ်သောက်ရင် ကြုံတွေ့ခံစားရမယ့် ကျန်းမာရေးပြဿနာတွေ၊ ရောဂါတွေကို အရင်သိအောင်လုပ်ပါ။ သိပြီးသားလည်း ဖြစ်မယ်ထင်ပါတယ်။ အဲဒီရောဂါဝေဒနာတွေကို ခံစားရမှာ ကြောက်ရင် ဆေးလိပ်ဖြတ်ချင်စိတ်လေး ပေါ်လာပါလိမ့်မယ့်။ ဆေးလိပ်ဖြတ်ဖို့ ရက်သတ်မှတ်ပါ။ ‘ဒီနေ့ကစပြီးဖြတ်မယ်’၊ ‘နောက်သုံးရက်နေမှ ဖြတ်မယ်’ စသဖြင့် ရက်သတ်မှတ်ပါ။
.

2️⃣ အဆင့်-၂

အကူအညီပေးနိုင်မယ့် သူငယ်ချင်း၊ မိတ်ဆွေ၊ မိသားစုဝင်တွေကို ဆေးလိပ်ဖြတ်တော့မှာ ဖြစ်တဲ့အကြောင်း အသိပေးပါ။ ဆေးလိပ်သောက်ဖို့ ကြိုးစားမိနေရင် တားခိုင်းပါ။
.

3️⃣ အဆင့်-၃

🕙 ဆေးလိပ်သောက်လေ့ရှိတဲ့ အချိန်ကို သတိပြုပါ။(ထမင်းစားပြီးချိန်၊ လဘက်ရည်သောက်ပြီးချိန်)

🙅🏾 ဆေးလိပ်သောက်ချင်အောင် ဆွဲဆောင်တဲ့ လူတွေ၊ ပစ္စည်းတွေကို သတိပြုပါ။ (အဖော်တွေနဲ့တွေ့ရင် ဆေး‌လိပ်သောက်ချင်တယ်၊ ရည်းစားနဲ့တွေ့ရင် သောက်ချင်လာတယ်၊ ရုပ်ရှင်ထဲမှာ ဆေးလိပ်သောက်တဲ့ ဇာတ်ဝင်ခန်းပါလာရင် သောက်ချင်တာ၊ ဆေးလိပ် မီးခြစ် စတာတွေမြင်ရင် သောက်ချင်လာတာ)

🙂‍↕️ ဆေးလိပ်ကို သတိရစေတဲ့ ကိုယ့်စိတ်ခံစားချက်တွေကို သိအောင်လုပ်ပါ။ (စိတ်ညစ်လာတဲ့အခါ၊ ဒေါသထွက်လာရင်၊ အဆူခံရရင်၊ ဂိမ်းရှုံးတဲ့အခါ၊ အသည်းကွဲတဲ့အခါ😂)

✅ အဲဒီလိုအချိန်တွေမှာ ဆေး‌လိပ်သောက်ချင်စိတ် ပြင်းပြလာတတ်ပါတယ်။ အဲဒီလိုဖြစ်လာရင် ‘ငါ ဆေးလိပ်သောက်ချင်စိတ် ဖြစ်နေပါလား’လို့ အသိအမှတ်ပြုလိုက်ပါ။ သောက်ချင်စိတ်က ၅ မိနစ်ကနေ ၁၀ မိနစ်လောက်ထိပဲ ကြာတတ်ပါတယ်။ အာရုံလွှဲဖို့ တစ်ခုခုလုပ်လိုက်ပါ (ပီကေဝါးလိုက်တာ၊ အချိုရည်သောက်လိုက်တာ၊ မျက်နှာ ထသစ်လိုက်တာ၊ လမ်းထွက်လျှောက်လိုက်တာ)။
.

အဆင့်- ၁၊ ၂၊ ၃ ကို ဖြတ်ကျော်လာလို့ ဆေးလိပ်မသောက်ဖြစ်တော့ဘူးဆိုရင် အောက်ပါလက္ခဏာတွေ ပေါ်လာတတ်ပါတယ်။

🔺စိတ်ပိုင်းဆိုင်ရာ လက္ခဏာများ

စိတ်ဂနာမငြိမ်တာ
ဒေါသထွက်လွယ်တာ
စိုရိမ်စိတ်များတာ
စိတ်ဓာတ်ကျလာတာ
စိတ်အတက်အကျဖြစ်တာ
အာရုံစိုက်ဖို့ ခက်ခဲနေတာ
ဆေးလိပ်ကို တအားသတိရမိနေတာ
.

😒 ရုပ်ပိုင်းဆိုင်ရာ လက္ခဏာများ 😒

ချောင်းဆိုးမယ်
လည်ချောင်းနာလာမယ်
ခေါင်းကိုက်လာမယ်
ခေါင်းမူးလာတာ
မောလွယ် နုံးလွယ် ဖြစ်လာတာ
ခြေတုန်လက်တုန် ဖြစ်လာတာ
အိပ်ပျော်ဖို့ခက်တာ
စိတ်ပင်ပန်းစေတဲ့ အိပ်မက်တွေမက်တာ
ပျို့ချင်အန်ချင်တာ
ဝမ်းချုပ်တာ

အခုပြောတဲ့ လက္ခဏာတွေက နောက်ဆုံး ဆေးလိပ်သောက်ခဲ့တဲ့ အချိန်ကနေဆို နာရီအနည်းငယ်အတွင်းမှာ စတင်ခံစားရလာနိုင်ပါတယ်။ နှစ်ရက်ကနေ သုံးရက်အတွင်းမှာ အဆိုးဆုံး ခံရတတ်ပါတယ်။ သုံးရက်အတွင်းမှာ ပြန်မသောက်ဘဲ နေနိုင်သွားရင် ဆေးလိပ်ပြတ်ဖို့ သေချာသလောက်ရှိနေပါပြီ။

Withdrawal လက္ခဏာတွေကလည်း တစ်ပတ် နှစ်ပတ်ကြာရင် တဖြည်းဖြည်းချင်း သက်သာလာမှာပါ။ ပိုပြီး နေလို့ ကောင်းလာပါလိမ့်မယ်။
.

✅ ခံစားရတဲ့လက္ခဏာတွေကို ဘယ်လိုကျော်လွှားကြမလဲ ✅

ခံစားနေရတာတွေကို သိပါ။

ခန္ဓာကိုယ်က နီကိုတင်း (ဆေးလိပ်ထဲမှာပါတဲ့ စွဲလမ်းစေတဲ့ ဓာတုပစ္စည်း) ကို လိုအပ်နေလို့ ဒီလိုလေးတွေ ခံစားရတာလို့ တွေးပါ။

ပေါ်လာတဲ့ဝေဒနာတွေဟာ အကြာကြီးရှိမနေနိုင်ပါဘူး။ ခဏပဲ ပေါ်လာတာ၊ တစ်ပတ်နှစ်ပတ်နေရင် အလိုလိုသက်သာသွားမှာပါလို့ ကိုယ့်ကိုယ်ကိုယ် အားပေးပါ။

Withdrawal symptoms တွေကို ဆိုးဆိုးဝါးဝါး ခံစားနေရတယ်ဆိုရင် တတ်ကျွမ်းနားလည်တဲ့ ဆရာဝန်များနဲ့ တိုင်ပင်ပါ။

အာဟာရ ပြည့်အောင်စားတာ၊ အိပ်ရေးဝအောင်အိပ်တာ၊ ကိုယ်လက်လေ့ကျင့်ခန်း လုပ်တာတွေက ဖြစ်ပေါ်နေတဲ့ လက္ခဏာတွေကို သက်သာအောင် တစ်ဖက်တစ်လမ်းက အထောက်အကူပြုပါတယ်။

စိတ်ထဲပေါ်လာတဲ့ ခံစားချက်များကို အရင်းနှီးဆုံး သူငယ်ချင်း၊ မိတ်ဆွေ၊ မိသားစု တစ်ယောက်ယောက်ကို ရင်ဖွင့်ပါ။ အားပေးစကားနဲ့ အကူအညီ ရယူပါ။

ဆေးလိပ်မသောက်တတ်သော သူငယ်ချင်းမိတ်ဆွေများနဲ့အတူ အချိန်ကုန်ဆုံးပါ။
.

🟢 အခုပြောထားတဲ့နည်းလမ်းနဲ့ ဆေးလိပ်ကို အလွယ်တကူဖြတ်နိုင်မှာပါ။

ဆရာဝန်တွေရဲ့ အကူအညီလိုအပ်လာပါက တယ်လီကျန်းမာရဲ့ messenger မှတစ်ဆင့် booking ယူပြီး မေးမြန်းဆွေးနွေး တိုင်ပင်နိုင်ပါတယ်။

ကောင်းကျိုးတစ်စက်မှမရှိတဲ့ ဆေးလိပ်ကို ဖြတ်ပြီး ကျန်းမာပျော်ရွှင်တဲ့ ဘဝကို ပိုင်ဆိုင်နိုင်ကြပါစေ…။

စေတနာဖြင့်
အဓိပတိ

..

..

❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….

မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ

Zero Suicide Hotline သို့ ဆက်သွယ်ရန်

(၁) https://t.me/zeroscbot

(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ

ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)

*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here