‎ဆေးလိပ်သောက်ပြီးရင် အိမ်သာထဲ ဘာလို့ပြေးရတာလဲ။

‎ယောကျ်ားလေးအိမ်သာအများစုမှာ ဆေးလိပ်နံ့နဲ့ ဆေးလိပ်တိုတွေကို သတိထားမိဖူးကြမယ်ထင်ပါတယ်။ ဒါဟာ ဆေးလိပ်သောက်ရင်းနဲ့ အိမ်သာတက်သူတွေရှိတယ်ဆိုတာကို သက်သေပြနေတာပါ။

‎” ဆေးလိပ်က တစ်လိပ်မကုန်သေးဘူး။ ဗိုက်နာလာလို့ အိမ်သာထဲ ပြေးရတဲ့ကိစ္စ” ကို တကယ်လည်း ဆေးလိပ်သောက်သူတွေ ကိုယ်တွေ့ကြုံဖူးကြမှာပေါ့။ ဒါဟာ ဆေးလိပ်မှာပါတဲ့ နီကိုတင်းက အူလမ်းကြောင်းမှာရှိတဲ့ အာရုံကြောစနစ်ကို လှုံဆော်လို့ဖြစ်ရတာပါ။ ဒီအခါမှာ အူရဲ့လှုပ်ရှားမှုကို မြန်ဆန်သွားစေတာကြောင့်အိမ်သာအမြန်တက်ချင်စိတ် ဖြစ်လာတာပါနော်။

‎ဒါပေမယ့် ဝမ်းချုပ်တတ်သူတွေအတွက် ဆေးလိပ် ဒါမှမဟုတ် နီကိုတင်းပါတဲ့ အရာတွေဟာ ကုထုံးမဟုတ်ပါဘူး။ ဆေးလိပ်သောက်ခြင်းကြောင့် တခြား ခန္ဓာကိုယ်အစိတ်အပိုင်းတွေကိုလည်း မလိုအပ်ဘဲ လှုံ့ဆော်မှုဖြစ်စေပါတယ်။ အူလမ်းကြောင်းမှာဆိုရင်လည်း အချဉ်ရည် ပြန်တက်တာ၊ ကင်ဆာဖြစ်ဖို့ အားပေးနိုင်တာနဲ့ သွေးကြောထိခိုက်စေတာတွေ ဖြစ်လာနိုင်ပါတယ်။

‎ဒါ‌ကြောင့်မို့ နှစ်သစ်မှာ ဆေးလိပ်ကို လျှော့သောက်‌စေချင်ပါတယ်။ တတ်နိုင်ရင် ဆေးလိပ်ပြတ်အောင်လည်း တဖြည်းဖြည်းနဲ့ ကြိုးစားကြမယ်။ နောက်ဆုံး မဖြတ်နိုင်သေးရင်တောင် မိမိကြောင့် ထိခိုက်လွယ်တဲ့သူတွေ (ကိုယ်ဝန်ဆောင်၊ ကလေးငယ် စတဲ့သူတွေ) မှာ တစ်ဆင့်ခံ အငွေ့ရှူရတာ (Passive smoker) ဖြစ်‌စေနိုင်တာကြောင့် ကိုယ့်အတွက်နဲ့ တခြားသူကျန်းမာရေး ထိခိုက်ရတာမျိုး မဖြစ်အောင် ကြိုးစားကြပါလို့ တိုက်တွန်းလိုက်ပါရစေ…။

‎Ref : 📖
‎https:// www. goodrx. com / conditions/ smoking-cessation/ does-nicotine-make-you-poop?srsltid=AfmBOoowKJkseL6kUPD1P5k7khWrhB-emE46FuDeiWjzYrrnYsTgznA7

..

..

❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….

မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ

Zero Suicide Hotline သို့ ဆက်သွယ်ရန်

(၁) https://t.me/zeroscbot

(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ

ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)

*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here