ကိုယ်ဝန်ဆောင်ဆီးချို (Gestational diabetes) ဆိုတာကတော့ ကိုယ်ဝန်ဆောင်ချိန်မှာမှ ဖြစ်တတ်တဲ့ ဆီးချိုရောဂါ အမျိုးအစားတစ်ခုပါ။ သွေးထဲက သကြားဓာတ်တွေ တအားမြင့်တက်လာပြီး ဖြစ်တာပါ။

ကိုယ်ဝန်ဆောင်ဆီးချိုဟာ များသောအားဖြင့် ကိုယ်ဝန်သက်တမ်း ၂၄ ပတ်နဲ့ ၂၈ ပတ်ကြားမှာ စတင်ဖြစ်ပွားလေ့ရှိပါတယ်။

❓ဘာလို့ ကိုယ်ဝန်ဆောင်ဆီးချို ဖြစ်တာလဲ။

ကိုယ်ဝန်ဆောင်ချိန်မှာ အချင်းကနေထွက်လာတဲ့ ဟော်မုန်းတွေက ခန္ဓာကိုယ်မှာရှိတဲ့ အင်ဆူလင်ရဲ့ အလုပ်လုပ်ပုံကို အနှောင့်အယှက်ပေးနိုင်ပါတယ်။

ဒီလိုဖြစ်လာတဲ့အခါ အင်ဆူလင်က သွေးထဲက သကြားဓာတ်ကို ပုံမှန်အတိုင်း ထိန်းညှိမပေးနိုင်တော့ပါဘူး။ ဒါကြောင့် ကိုယ်ဝန်ဆောင်ဆီးချို ဖြစ်လာရတာ ဖြစ်ပါတယ်။

❓ကိုယ်ဝန်ဆောင်ဆီးချို ဖြစ်နိုင်ခြေ ဘယ်သူတွေမှာ ပိုများသလဲ။

ကိုယ်ဝန်ဆောင်အမျိုးသမီးတိုင်းဟာ ကိုယ်ဝန်ဆောင်ဆီးချို ဖြစ်နိုင်ခြေရှိပါတယ်။ ဒါပေမယ့် အောက်ပါအချက်တွေရှိတဲ့သူတွေမှာတော့ ဖြစ်နိုင်ခြေ ပိုများတတ်ပါတယ်။ ဒါတွေကတော့ . . .

✔ နှလုံးရောဂါအခံရှိခြင်း
✔ သွေးတိုးရောဂါရှိခြင်း
✔ ကိုယ်ဝန်မဆောင်ခင်ကတည်းက အဝလွန်နေခြင်း သို့မဟုတ် ကိုယ်အလေးချိန်များနေခြင်း
✔ အရင်ကိုယ်ဝန်တွေတုန်းက ကိုယ်ဝန်ဆောင်ဆီးချို ဖြစ်ဖူးခြင်း
✔ မိသားစုမျိုးရိုးထဲမှာ ဆီးချိုအမျိုးအစား (၂) ရှိခြင်း
✔ သားဥအိမ်မှာ အရည်အိတ်များစွာရှိသော ရောဂါ (PCOS) ရှိခြင်း
✔ အသက်အရွယ်ကြီးမှ ကိုယ်ဝန်ဆောင်ခြင်း
✔ ဆီးချိုအကြိုအဆင့် (Prediabetes) ရှိခြင်း (အရင်က သွေးတွင်းသကြားဓာတ် ပုံမှန်ထက် မြင့်တက်ဖူးခြင်း)

❓ဆီးချိုထိန်းမထားနိုင်ရင် ဘာတွေဖြစ်နိုင်လဲ။

သွေးတွင်းသကြားဓာတ်ကို ကျန်းမာရေးနဲ့ညီတဲ့ ပမာဏမှာ ထိန်းမထားနိုင်ရင် မိခင်ရော၊ သန္ဓေသားအတွက်ပါ နောက်ဆက်တွဲ ပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။

ကိုယ်ဝန်ဆောင်ဆီးချိုဟာ မိခင်မှာ အောက်ပါအခြေအနေတွေ ဖြစ်နိုင်ခြေကို ပိုများစေပါတယ် . . .

✔ ခွဲမွေးရခြင်း (သန္ဓေသား အရမ်းကြီးလာတဲ့အခါ)
✔ ကိုယ်ဝန်ဆောင် သွေးဆိပ်တက်ခြင်း (ကိုယ်ဝန်ဆောင်ချိန်မှာ သွေးတိုးခြင်း)
✔ ကိုယ်ဝန်ဆောင်ဆီးချို ဖြစ်ဖူးတဲ့ မိခင်သူတွေဟာ နောင်တစ်ချိန်မှာ ဆီးချိုအမျိုးအစား (၂) ဖြစ်နိုင်ခြေ အနည်းငယ် ပိုများခြင်း။

❓ကိုယ်ဝန်ဆောင်ဆီးချိုက ကလေးအပေါ် ဘယ်လိုသက်ရောက်မှုရှိသလဲ။

✔ မွေးဖွားချိန်မှာ ကိုယ်အလေးချိန် ပုံမှန်ထက် များနေခြင်း
✔ မွေးစမှာ အသက်ရှူရခက်ခဲခြင်း
✔ သွေးတွင်းသကြားဓာတ်ကျဆင်းခြင်း (Hypoglycemia) (မွေးကင်းစကလေးငယ်တွေမှာ တက်ခြင်းကို ဖြစ်စေနိုင်ပါတယ်)
✔ နောင်တစ်ချိန်မှာ အဝလွန်ရောဂါ ဖြစ်လာနိုင်ခြင်း
✔ လမစေ့ဘဲ မွေးဖွားခြင်း
✔ ကလေး အရွယ်ရောက်လာတဲ့အခါ ဆီးချိုအမျိုးအစား (၂) ဖြစ်လာခြင်း

❓ကိုယ်ဝန်ဆောင်ဆီးချိုကို ဘယ်လိုကာကွယ်နိုင်မလဲ။

ဒါကို အပြည့်အဝ ကာကွယ်တားဆီးလို့တော့ မရပေမယ့် ဖြစ်နိုင်ခြေကိုလျှော့ချဖို့ လုပ်ဆောင်နိုင်တဲ့ အချက်တွေတော့ ရှိပါတယ်။

✔ ကိုယ်ဝန်မဆောင်ခင်နဲ့ ကိုယ်ဝန်ဆောင်ချိန်တစ်လျှောက်လုံးမှာ မျှတပြီး အာဟာရပြည့်ဝတဲ့ အစားအစာတွေ စားသုံးတာ။

✔ ပုံမှန် ကိုယ်လက်လှုပ်ရှားမှု လုပ်ပေးတာ။

✔ ဆရာဝန်နဲ့ ရက်ချိန်းမှန်မှန်ကိုယ်ဝန်ပြပြီး သွေးစစ် ဆီးစစ်တာတွေ မှန်မှန်လုပ်တာတွေက ကိုယ်ဝန်ဆောင်ဆီးချို လျှော့ချဖို့အချက်တွေပါပဲ။

❓ကိုယ်ဝန်ဆောင်ဆီးချိုရှိပေမယ့် ကလေးက ကျန်းမာနိုင်ပါသလား။

ဟုတ်ကဲ့… ကျန်းမာနိုင်ပါတယ်။ မွေးဖွားလာတဲ့ ကလေးအများစုဟာ ကျန်းမာကြပါတယ်။

လုပ်ဆောင်နိုင်တဲ့ အကောင်းဆုံးအချက်နှစ်ခုကတော့ ကိုယ်ဝန်အပ်တဲ့ ရက်ချိန်းတိုင်းကို မပျက်မကွက်သွားတာနဲ့ ကိုယ်ဝန်ဆောင်ချိန်တစ်လျှောက်လုံး ဆီးချိုကို ကိုယ့်ဘက်က အကောင်းဆုံးဖြစ်အောင် ထိန်းချုပ်နေတာပါပဲ။

Reference : 📖
https:// my. clevelandclinic. org / health/diseases/9012-gestational-diabetes

..

..

❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….

မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ

Zero Suicide Hotline သို့ ဆက်သွယ်ရန်

(၁) https://t.me/zeroscbot

(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ

ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)

*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here