MENU

See our latest stories

written by our lovely staff members

ကလေးထိန်းနည်း

"အသားနာမှ မှတ်မှာ" တဲ့။ ကလေးငယ်တွေအပေါ် လက်ပါတဲ့အခါ အုပ်ထိန်းသူမိဘတွေ ပြောတတ်လေ့ရှိတဲ့ စကားပါ။ အဲဒီအယူအဆဟာ ကလေးတွေကို ရိုက်နှက်ခြင်းအပေါ် ပိုပြီးအားပေးရာလည်း ရောက်ပါတယ်။ ဒါဟာ Physical abuse ပါပဲ။ ရိုက်နှက်ပြီးဆုံးမတာဟာ သင့်တော်တဲ့နည်းလမ်း၊ လိမ္မာအောင်သွန်သင်တဲ့ နည်းလမ်းလို့ မှားယွင်းစွာ လက်ဆင့်ကမ်းခဲ့ကြတာလည်း ပါတာပေါ့။ တချို့မိဘတွေဟာ ကလေးတွေကို လက်ပါမှသာ ဆုံးမရလွယ်တယ်လို့...

ကိုယ်တိုင် မသိထားမိလိုက်ဘဲ ပြုလုပ်နေမိတဲ့ Overgeneralization

ကျွန်မတို့ လူသားတွေဟာ ကောင်းတဲ့အတွေးထက်စာရင် အဆိုးဘက်ကို ပိုပြီးတွေးမိ ခံစားမိတတ်ကြတာ သဘာဝပါပဲ။ အဲဒီလို အနုတ်သဘောဆောင်တဲ့ အတွေးတွေထဲကမှ overgeneralization လို့ခေါ်တဲ့ အတွေးကိုတော့ ကိုယ်တိုင်တောင် သတိမထားမိလိုက်ဘဲ ပိုပြီးတွေးတတ် ပြုလုပ်တတ်ကြပါတယ် ။ မိမိကြုံတွေ့ခံစားလိုက်ရတဲ့ ဖြစ်ရပ်တစ်ခုခု၊ အတွေ့အကြုံတစ်ခုခုကို အခြေခံပြီး ကိုယ့်အတွေးထဲမှာတင် ယေဘုယျသဘောမျိုး ခြုံငုံပြီး ကောက်ချက်ချလိုက်တာကို...

Zero Suicide Hotline

ဖုန်းချလိုက်တဲ့အခါ အသံလှိုင်းလေးက တိတ်ဆိတ်သွားပေမယ့် နားထဲမှာတော့ စကားသံတွေက ပဲ့တင်ထပ်နေတုန်း။ ဝမ်းနည်းပူဆွေးမှုတွေ၊ စိတ်ပျက်အားငယ်မှုတွေ၊ ကြေကွဲနာကျင်မှုတွေရဲ့ အသံတွေ။ တစ်ခါတလေ အသံက တိုးညှင်းလွန်းလို့ ‌ကောင်းကောင်းတောင် ကြားဖို့ခက်တဲ့ အသံတွေ။ ဒီလိုအသံတွေထဲမှာပဲ နားထောင်ပေးမယ့်သူကို လိုအပ်နေတဲ့ ခံစားချက်တွေ၊ အကူအညီမဲ့နေတဲ့ ဝေဒနာတွေ၊ မျှော်လင့်ချက်သေးသေးလေးကို ဆုပ်ကိုင်ထားတဲ့ လူသားတစ်ယောက်ရဲ့ ရုန်းကန်နေရတဲ့အသံတွေကို ရင်ထဲကြားနေရပါတယ်။…… ဒီလိုအသံတွေကို...

စိတ်ဖိစီးမှုကင်းစေရေး နေ့စဥ်ဂရုစိုက်ပေး

ဒီနေ့အချိန်အခါလို အစစအရာရာကျပ်တည်းပြီး ရုန်းကန်အသက်ရှင်နေရတဲ့အချိန်မှာ ကျွန်တော်တို့အတွက် အင်မတန်အရေးကြီးလှတဲ့ စိတ်ကျန်းမာရေးကိုလည်း အတတ်နိုင်ဆုံး ကျန်းမာအောင် ဂရုစိုက်ဖို့လိုအပ်ပါတယ်။ နေ့စဉ် စားရေးသောက်ရေးမှစပြီး ဘဝမှာ စိတ်ဖိစီးမှုများစွာကို ကြုံတွေ့နေကြရပါတယ်။ ဒါပေမယ့် အချိန်ကြာအောင် စိတ်ဖိစီးမှုများတိုးလာတဲ့အခါ စိုးရိမ်စိတ်နှင့် စိတ်ဓာတ်ကျခြင်းစတဲ့ စိတ်ကျန်းမာရေးပြဿနာ များ သို့မဟုတ် နှလုံးနှင့် အူလမ်းကြောင်းဆိုင်ရာ ပြဿနာ...

စိတ်ဒဏ်ရာကြောင့် စကားမပြောနိုင်ခြင်း Traumatic Mutism

ငလျင်ကြီးလိုမျိုး အပြင်းအထန် တုန်လှုပ်မှုတွေ ဖြစ်ပြီးတဲ့နောက်မှာ ကလေးငယ်တွေ စကားမပြောနိုင်တော့တာက တကယ်ဖြစ်တတ်တဲ့ အခြေအနေတစ်ခုပါပဲဒါကို "စိတ်ဒဏ်ရာကြောင့် စကားမပြောနိုင်ခြင်း (Traumatic Mutism)" လို့ ခေါ်ကြပါတယ်။အခုကတော့ ငလျင်ပြီးနောက်ဖြစ်တာမို့ "Post-earthquake Mutism " လို့ သတ်မှတ်ပါတယ် ။ ဒီ Topic ဟာ ကျွန်မ...

ကလေးငယ်များနှင့် ငလျင်ကြောက်စိတ်

"ကလေးငယ်များနှင့် ငလျင်ကြောက်စိတ်" စိတ်မချမ်းမြေ့စရာ ငလျင်သတင်းတွေနဲ့ အတူ ကျွန်မတို့ဟာ မိနစ်တိုင်းစက္ကန့်တိုင်းနီးပါး စိတ်မသက်မသာဖြစ်မှုကို ခံစားနေကြရပါတယ်။ ရှင်သန်သူတွေမှာလည်း ရှင်သန်သူအလျောက် ၊ ငလျင်ဒဏ်မခံလိုက်ရပေမယ့် တက်လာတဲ့သတင်းတွေဖတ်ပြီး ကိုယ်သာ အဲ့နေရာမှာဆိုရင်စတဲ့ ကိုယ်ချင်းစာစိတ်တွေကြောင့် ရင်မောနေသူတွေဟာလည်း ဒီနိုင်ငံမှာ လူလာဖြစ်ရတာ ကံဆိုးလှချည်ရဲ့လို့ပင် မငြီးငြူနိုင်တော့လောက်အောင် ဝေဒနာမီးဟာ ကူးစက်မြန်ပါတယ် ။ ပြိုကျသွားတဲ့...

ခက်ခက်ခဲခဲကျော်ဖြတ်ကြရဦးမယ့် Survivor Guilt 

ငလျင်ဘေးအပြီးမှာ အသက်ရှင်ကျန်ရစ်သူတွေ ခံစားရတတ်တဲ့ survivor guilt ဆိုတာဟာ အလွန်ကိုမှ ပင်ပန်းခက်ခဲလှတဲ့ စိတ်ပိုင်းဆိုင်ရာ အခြေအနေတစ်ခုပါ။  တကယ်တော့ ငလျင်ကပ်ဘေးရယ်လို့မှ မဟုတ်ပါဘူး ကျွန်မတို့တစ်နိုင်လုံးအတိုင်းအတာနဲ့ကတော့ အကြမ်းဖက်မှုတွေ ၊ စစ်ပွဲတွေ ၊ တိုက်ခိုက်မှုတွေ စတဲ့ အဖြစ်အပျက်ဆိုးတွေကနေ ရှင်ကျန်ခဲ့ရသူတွေမှာလည်း ဒီ survivor guilt ကို...

စိတ်ပိုင်းဆိုင်ရာရှေးဦးပြုစုနည်းများ PFA (Psychological First Aid)

အခုအချိန်မှာ လူတိုင်းနီးပါး လိုအပ်နေတဲ့ PFA (Psychological First Aid) လို့ခေါ်တဲ့ စိတ်ပိုင်းဆိုင်ရာရှေးဦးပြုစုနည်းလေးတွေကိုလည်း အကျဉ်းချုံးလေး မျှဝေပေးချင်ပါတယ်။ PFA ဆိုတာ တတ်ကျွမ်းနားလည်တဲ့ ပညာရှင်တွေပဲ လုပ်လို့ရတဲ့အရာမျိုး မဟုတ်ပါဘူးမည်သူမဆို PFA ပေးလို့ရပါတယ်ပညာရှင်များသာမကပဲ စေတနာ့ဝန်ထမ်းတွေ ၊ အရေးပေါ်ကယ်ရေးဝန်ထမ်းတွေအပြင် ပြည်သူလူထုအချင်းချင်း ပေးလို့ရပါသေးတယ် ။မှန်ကန်တဲ့နည်းလမ်းနဲ့...