❌ အယူအဆလွဲ >>> သစ်သီးကို ဖျော်ရည်လုပ်သောက်တာက ပိုပြီးသောက်ရလွယ်သလို အာဟာရဓာတ်ရတာလည်း အတူတူပဲ။
☑️ အမှန် >>> သစ်သီးကို အရည်စစ်ထုတ်ပြီး ဖျော်ရည်လုပ်လိုက်တဲ့အခါ အစာခြေစနစ်နဲ့ ကျန်းမာရေးအတွက် အလွန်အရေးကြီးတဲ့ အမျှင်ဓာတ် (Fiber) တွေ အကုန်လုံးနီးပါး ဆုံးရှုံးသွားပါတယ်။
ဒါ့အပြင် ဖျော်ရည်ထဲမှာ ကျန်ခဲ့တဲ့ သကြားဓာတ်ဟာ အမျှင်ဓာတ်မပါတော့တဲ့အတွက် သွေးထဲကို အလွန်မြန်မြန်ရောက်ရှိသွားပြီး အင်ဆူလင် (Insulin) ပမာဏကို ရုတ်တရက် တက်သွားစေပါတယ်။
သစ်သီးကို အလုံးလိုက်စားခြင်းကသာ ဗိုက်ကိုပိုဝစေပြီး သကြားဓာတ်စုပ်ယူမှုကို ထိန်းညှိပေးနိုင်တာကြောင့် ကျန်းမာရေးနဲ့ ပိုပြီးညီညွတ်ပါတယ်…။ 🙏
..
..
❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️
👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။
*** ပိတ်ရက်မရှိပါ ***
ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။
(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)
…
…
👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….
မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ
Zero Suicide Hotline သို့ ဆက်သွယ်ရန်
(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ
ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)
*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “/start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***
Ministry of Health,
National Unity Government.

