အလုပ်ထဲမှာ ပျောက်ဆုံးမသွားအောင် ကိုယ့်ဘဝကို ဘယ်လိုပြန်ရှာမလဲ (Work-Life Balance)

“အောင်မြင်ချင်ရင် အလုပ် တအားကိုကြိုးစားရမယ်” ဆိုတဲ့ စကားကို ကျွန်မတို့အားလုံး ငယ်ငယ်ကတည်းက ကြားဖူးခဲ့ကြပါတယ်။ ဒါပေမယ့် လက်တွေ့ဘဝမှာတော့ အလုပ်တွေကိုပဲ အာရုံစိုက်ရင်း ကိုယ့်ရဲ့ကျန်းမာရေး၊ စိတ်အေးချမ်းမှုနဲ့ ပျော်ရွှင်စရာ အခိုက်အတန့်လေးတွေကို လမ်းမှာ ထားခဲ့မိ၊ ကျန်ရစ်ခဲ့မိတာမျိုး ဖြစ်နေပြီလား။

တကယ်တော့ Work-Life Balance ဆိုတာ အလုပ်နဲ့ ဘဝကို အချိန်အတိအကျ ခွဲတာထက် ကိုယ့်ရဲ့ ခန္ဓာကိုယ်နဲ့ စိတ်ဝိညာဉ်ကို “ပြန်လည်အားဖြည့်ဖို့” အချိန်ပေးခြင်းပဲ ဖြစ်ပါတယ်။ အောင်မြင်အောင် ကြိုးစားနေသူတွေလည်း အလုပ်နဲ့ ဘဝကို မျှတအောင် ဘယ်လိုနေထိုင်မလဲဆိုတဲ့ အချက်အလက်လေးတွေကို မျှဝေပေးချင်ပါတယ်။

၁။ “ခဏနားခြင်း” ဟာ အလုပ်ပျက်ခြင်း မဟုတ်ပါ။

(၂၄) နာရီလုံး အလုပ်အကြောင်း တွေးနေတာဟာ Productive ဖြစ်တာမဟုတ်ဘဲ ဦးနှောက်ကို ပင်ပန်းနွမ်းနယ် (Burnout) စေပါတယ်။ နားချိန်မရှိတဲ့ ဦးနှောက်က အကောင်းဆုံး ဖန်တီးမှုတွေကို မထုတ်ပေးနိုင်ပါဘူး။ ဒါကြောင့် အလုပ်ချိန်ပြီးရင် အလုပ်ကိစ္စတွေကို ခေါင်းထဲကနေ ခဏထုတ်ထားဖို့ လေ့ကျင့်ရပါမယ်။
.

၂။ ကိုယ်လက်လှုပ်ရှားမှုနဲ့ စိတ်ဖိစီးမှုကို လျှော့ချပါ။

အလုပ်တွေ ဘယ်လောက်ပဲ များနေပါစေ၊ တစ်နေ့တာရဲ့ အချိန်အနည်းငယ်ကို ကိုယ်နှစ်သက်တဲ့ အားကစားတစ်ခုခုအတွက် ဖယ်ထားပါ။ ဥပမာ – တစ်ပတ်မှာ (၃) ရက်လောက် လမ်းလျှောက်တာ၊ ပြေးတာ၊ ကြက်တောင်ရိုက်တာမျိုး ဒါမှမဟုတ် Pilates နဲ့ Yoga လုပ်တာမျိုးပေါ့။ ဒီလို လှုပ်ရှားမှုတွေက ခန္ဓာကိုယ်ထဲက စိတ်ဖိစီးမှုတွေကို ထွက်သွားစေပြီး စိတ်ကြည်လင်မှုကို ပေးစွမ်းနိုင်ပါတယ်။
.

၃။ အစားအသောက်နဲ့ နေထိုင်မှုပုံစံ

Work-Life Balance ဆိုတာ နေထိုင်မှုပုံစံနဲ့လည်း ဆက်စပ်နေပါတယ်။ အလုပ်တွေများနေလို့ အစားကို ဖြစ်သလိုစားမယ့်အစား ကိုယ့်ခန္ဓာကိုယ်အတွက် သင့်တော်တဲ့ အစားအသောက်မျိုးကို စနစ်တကျ စားချိန်ပေးပါ။ ကျန်းမာတဲ့ ခန္ဓာကိုယ်ရှိမှ အလုပ်ကို အကောင်းဆုံး လုပ်နိုင်မှာပါ။
.

၄။ “Me Time” သီးသန့်ထားပါ။

တစ်နေ့တာရဲ့အဆုံးမှာ အလုပ်ဖုန်းတွေ၊ social media တွေနဲ့ ဝေးရာမှာ ကိုယ့်အတွက်သီးသန့် (Me Time) မိနစ် ၃၀ လောက် ပေးကြည့်ပါ။ စာဖတ်တာပဲဖြစ်ဖြစ်၊ တရားထိုင်တာပဲဖြစ်ဖြစ်၊ ဘာမှမလုပ်ဘဲ နားနေတာပဲဖြစ်ဖြစ် လုပ်ကြည့်ပေးပါ။ အဲဒီအချိန်ဟာ သင့်စိတ်ကို ပြန်လည်နုပျိုစေမယ့် အချိန်ဖြစ်ပါတယ်။

ကျွန်မတို့ဟာ အလုပ်လုပ်ဖို့အတွက်ပဲ မွေးဖွားလာတာမဟုတ်ဘဲ ဘဝကို ပျော်ရွှင်စွာ ဖြတ်သန်းဖို့အတွက်လည်း မွေးဖွားလာတာပါ။ အလုပ်ကို အကောင်းဆုံး လုပ်သလို ကိုယ့်ကိုယ်ကိုယ်လည်း အကောင်းဆုံး ပြန်ချစ်ပေးပါ။ အဲဒီလို မျှတအောင် နေထိုင်ခြင်းကသာ ရေရှည်တည်တံ့တဲ့ အောင်မြင်မှုဆီ ခေါ်ဆောင်သွားမှာ ဖြစ်ပါတယ်….။

..

..

❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….

မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ

Zero Suicide Hotline သို့ ဆက်သွယ်ရန်

(၁) https://t.me/zeroscbot

(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ

ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)

*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “/start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here