❌ အယူအဆလွဲ >>> အလုပ်လုပ်ရက်တွေမှာ တစ်နေ့ ၄-၅ နာရီပဲအိပ်ပြီး ပိတ်ရက်ရောက်မှ တစ်နေ့လုံး အိပ်လိုက်ရင် ခန္ဓာကိုယ်က ပုံမှန်အတိုင်း ပြန်ဖြစ်သွားမယ်။
☑️ အမှန် >>> အိပ်စက်ခြင်းဆိုတာ ဘဏ်အကောင့်ထဲ ငွေစုသလိုမျိုး မဟုတ်ပါဘူး။ အလုပ်ရက်တွေမှာ ဆုံးရှုံးသွားတဲ့ “အိပ်စက်မှု အကြွေး” (Sleep Debt) ကို ပိတ်ရက်မှာ အများကြီးအိပ်ရုံနဲ့ ပြန်မဆပ်နိုင်ပါ။ အိပ်ရေးပျက်ခြင်းကြောင့် ဖြစ်လာတဲ့ ဦးနှောက်ပင်ပန်းမှုနဲ့ ဟော်မုန်းမညီမျှမှုတွေဟာ ပိတ်ရက်မှာ ပြန်အိပ်ရုံနဲ့ ချက်ချင်း ပုံမှန်ပြန်မဖြစ်သွားပါဘူး။
တကယ်တော့ အိပ်ချိန်မမှန်ခြင်းက ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မစက်ဝန်း (Circadian Rhythm) ကို ပိုပြီး ကမောက်ကမ ဖြစ်စေနိုင်ပါတယ်။ သိပ္ပံနည်းကျ လေ့လာမှုတွေအရ အလုပ်ရက်တွေမှာ တစ်ပတ်စာ အိပ်ရေးပျက်ထားမှုကို ပြန်ဖြည့်ဖို့အတွက် အနည်းဆုံး တစ်ပတ်ကျော်ခန့် ပုံမှန်အတိုင်း ပြန်အိပ်စက်ဖို့ လိုအပ်တာကြောင့် ပိတ်ရက် တစ်ရက်နှစ်ရက်လောက်နဲ့တင် မလုံလောက်နိုင်ပါဘူး။ ဒါ့အပြင် ပိတ်ရက်မှာ အလွန်အကျွံ အိပ်စက်ခြင်းဟာ နောက်နေ့ရောက်တဲ့အခါ ခန္ဓာကိုယ်ကို ပိုပြီးနုံးခွေစေသလို ညဘက်အိပ်မပျော်တဲ့ သံသရာထဲကိုလည်း ပြန်လည်ရောက်ရှိသွားစေနိုင်ပါတယ်…။
..
..
❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️
👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။
*** ပိတ်ရက်မရှိပါ ***
ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။
(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)
…
…
👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….
မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ
Zero Suicide Hotline သို့ ဆက်သွယ်ရန်
(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ
ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)
*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “/start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***
Ministry of Health,
National Unity Government.

