ကျွန်မနှင့် စိတ်ကျရောဂါ (၆)
“ကျွန်မ အဆင်မပြေဘူး”
ဒီလို ရင်ဖွင့်တတ်လာတယ်။
အကူအညီလည်း တောင်းတတ်လာပြီ။
နှုတ်က ထုတ်မပြောရင်
ဘယ်သူမှ သိမှာ မဟုတ်ဘူးမလား။
ဒါကို အရင်က မေ့နေခဲ့တာ။
တစ်ယောက်တည်း ကြိတ်မှိတ်ခံစားနေမှ တစ်ကိုယ်ကောင်းမဆန်တာလို့ ယူဆမှားခဲ့တာ။
စိတ်ကို လျှော့ချလိုက်တော့မှ
မျက်စိပွင့်လာသလိုမျိုး …။
နေ့တိုင်းမြင်နေကျ လမ်းဘေးက ပန်းတွေ
အရင်က သတိမထားမိခဲ့ဘူး။
ခုများကြည့်မိတော့ သဘာဝကြီးက လှလိုက်တာ။
ရှေ့ကိုပဲ ဇွတ်ကြည့်ပြီး လျှောက်နေတုန်းက
မော့ကြည့်ဖို့ မေ့ခဲ့တဲ့ တိမ်ဖြူလွှလွှတွေ…
အခုမှပဲ သတိထားမိတော့တာ။
သူတို့က ဒီအတိုင်း ရှိနေခဲ့တာ။
ကျွန်မကသာ အလုပ်ရှုပ်ချင်ယောင်ဆောင်ပြီး ကျော်ဖြတ်ခဲ့တာ။
လှောင်ထားတဲ့ စကားလုံးတွေ
နှုတ်ခမ်းကနေ ထွက်လာသလို
မျက်လုံးကလည်း ပတ်ဝန်းကျင်ကို မြင်လာပြီ။
တကယ်တော့ ဒါဟာ အသေးအဖွဲလေးတွေ။
ဒါပေမယ့်
အဲ့ အသေးအဖွဲလေးတွေကပဲ
ကျွန်မအတွက်တော့
ရှေ့တိုးလာတဲ့ ခြေလှမ်းအသစ်တွေ ဖြစ်လာခဲ့တယ်…။
ရွယ်
မေ၊ ၂၀၂၆
..
..
❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️
👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။
*** ပိတ်ရက်မရှိပါ ***
ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။
(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)
…
…
👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….
မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ
Zero Suicide Hotline သို့ ဆက်သွယ်ရန်
(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ
ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)
*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “/start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***
Ministry of Health,
National Unity Government.

