ကျွန်မနှင့် စိတ်ကျရောဂါ (၅)

ဥမင်ထဲက ထွက်လာခဲ့တော့လည်း မျက်စိကျိန်းစရာ အလင်းရောင်တွေက ကျွန်မကို ချက်ချင်း ကြိုဆိုမနေခဲ့ဘူး။ လမ်းက ဖြောင့်ဖြူးမနေသလို တချို့နေ့တွေမှာ နောက်ပြန်ခြေလှမ်းတွေ ပြန်လျှောက်မိတာမျိုးလည်း ရှိခဲ့တယ်။ အလုပ်တွေ၊ တာဝန်တွေနဲ့ အလိုရမ္မက်တွေနောက် အတင်းလိုက်တယ်။

ပန်းတိုင်မရောက်ခင် သတိထားမိတာ တစ်ခုက . . . သုံးမိနစ်စာ သီချင်းတစ်ပုဒ်ကိုတောင် အစကနေ အဆုံးထိ ဆုံးအောင် နားမထောင်ဖြစ်ခဲ့တာ ဘယ်လောက်ကြာမှန်း မသိတော့ဘူးဆိုတာကိုပေါ့။

အချိန်အတော်ကြာထိ ကျွန်မရဲ့ စိတ်တွေက တောင်စဉ်ရေမရ ပျံ့လွင့်နေခဲ့တာ။

ဒီနေ့တော့ အနားယူဖို့ ဆုံးဖြတ်လိုက်တယ်။

နားကျပ်လေးတပ်၊ မျက်လုံးလေးမှိတ်ပြီး သီချင်းသံစဉ်တွေထဲ စိတ်ကို ပစ်ချလိုက်တဲ့အခါ… ရင်ထဲမှာ လှိုက်ခနဲ။

တစ်ခုခုက ပြေလျော့သွားသလို
တစ်ခုခုက ပြည့်စုံသွားသလို
တစ်ခုခုက လွတ်လပ်သွားသလို…။

ဘာမဟုတ်တဲ့ အသေးအဖွဲလေးဆိုပေမယ့် ကျွန်မတကယ်လိုအပ်နေခဲ့တာက ဒီလို ခဏတာငြိမ်သက်ခြင်းမျိုး ဖြစ်လိမ့်မလား။ တစ်ချိန်ကျရင်ဆိုတဲ့ မရေရာတဲ့ မျှော်လင့်ချက်တွေထက် အခုလက်ရှိ နားထောင်နေတဲ့ သီချင်းသံစဉ်တစ်ခုက ကျွန်မကို ပိုပြီးကုစားပေးနိုင်ခဲ့တယ်။

ပုံမှန်ပြန်ဖြစ်ဖို့ဆိုတာ ချက်ချင်းကြီးတော့ မဖြစ်နိုင်သေးဘူးမလား။ ဒီလို သီချင်းတစ်ပုဒ်ကို အဆုံးထိ နားထောင်နိုင်လာတာကပဲ ကျွန်မအတွက်တော့ ရှေ့ကိုလှမ်းတဲ့ ခြေလှမ်းသစ်တစ်ခု ဖြစ်တယ်။

ကျွန်မရဲ့ကမ္ဘာလေးထဲမှာ သီချင်းသံတွေ ပြန်လည်စိမ့်ဝင်လာပြီ။

ကျွန်မ… ဆက်ပြီး ကြိုးစားနေဆဲပါပဲ….။

ရွယ်
မေ၊ ၂၀၂၆

..

..

❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….

မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ

Zero Suicide Hotline သို့ ဆက်သွယ်ရန်

(၁) https://t.me/zeroscbot

(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ

ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)

*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “/start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here