မီနူး

Tension Headache ( စိတ်ဖိစီးမှုကြောင့် ခေါင်းကိုက်ခြင်း )(December, 2022)

Tension Headache
( စိတ်ဖိစီးမှုကြောင့် ခေါင်းကိုက်ခြင်း )

Tension headache ဆိုတာ ဦးခေါင်းရဲ့ နေရာအများစုမှာ တင်းပြီးညှစ်ထားသလိုခံစားရတဲ့ ခေါင်းကိုက်ဝေဒနာ ဖြစ်ပါတယ်။
( tension-type headache သို့မဟုတ် muscle contraction headache လို့လည်း ခေါ်ပါတယ်။ )

စိတ်ဖိစီးမှု၊ စိုးရိမ်ပူပန်မှုများတဲ့ သူတွေမှာ တွေ့ရများပါတယ်။

Tension headache ဟာ ခေါင်းကိုက်တဲ့ပုံစံအမျိုးမျိုးထဲမှာ အတွေ့ရဆုံး ဖြစ်ပါတယ်။

လူ (၃)ယောက်မှာ (၂)ယောက်ဟာ ဘဝရဲ့တစ်ချိန်ချိန်မှာတော့ tension headache ကို ခံစားကြရပါလိမ့်မယ်။

ခံစားရသူတော်တော်များများဟာ စိတ်ဖိစီးမှုကြောင့် ခေါင်းကိုက်နေမှန်း မသိတာများပါတယ်။
..
..

Tension headache ဘာ့ကြောင့် ဖြစ်လဲ ?

ဦးရေခွံကြွက်သား၊ နဖူးကြွက်သား၊ လည်ပင်းကြွက်သားတွေ အသုံးများလွန်းလို့ ဖြစ်တာပါ။ ဒီလို အသုံးပြုတာများလာတဲ့အခါ ကြွက်သား​​​တွေ နာကျင်လာတာ၊ တောင့်တင်းလာတာ ဖြစ်တတ်ပြီး ခေါင်းပတ်ပတ်လည်ကို အဝတ်တစ်ခုခုနဲ့ အတင်းအကြပ် စည်းထားသလို ၊ ခေါင်းကို လေးလံတဲ့အလေးတစ်ခုခုနဲ့ ဖိထားသလို ခံစားရတတ်ပါတယ်။

Tension headache ကို ဖြစ်စေတဲ့ အချက်များ

(၁) ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ပင်ပန်းမှု၊ ဖိစီးမှုတေ များလာတဲ့အခါ

ဥပမာ:
– အရမ်း စိုးရိမ်ပူပန်တာ
– တစ်နေကုန် အလုပ်တွေပဲလုပ်ပြီး အနားမယူတာ
– စာဖတ်တာ၊ စာစီစာရိုက်လုပ်တာ၊ တခြား အာရုံစိုက်ရတဲ့ အလုပ်တွေကို အချိန်ကြာလုပ်တာ
– perfect ဖြစ်အောင် မနားတမ်း လုပ်တာ ( perfectionism )

( ၂ ) လည်ပင်းကြွက်သားတွေ တောင့်တင်းလာတဲ့အခါ

ဥပမာ:
– လည်ပင်းအနေအထား မမှန်တာ ( အရှေ့ကို ငိုက်နေတာ )
– လည်ပင်းမှာ ဒဏ်ရာရထားတာ

( ၃ ) စိတ်ခံစားချက် ( ဒေါသ၊ စိတ်ပျက်မှု ) တွေကို ဖိနှိပ်မျိုသိပ်ထားတာ

( ၄ ) အစားအသောက် ကောင်းကောင်းမစားတာ

ဥပမာ:
– ခရီးသွားနေရင်း ကြုံသလိုစားရပြီး ဖိစီးမှုတွေများတာ
..
..

Tension Headache ကို ဘယ်လို ကုသမလဲ ?

အဓိကတော့ နေထိုင်မှုပုံစံကို ပြောင်းလဲဖို့ လိုပါတယ်။

– အစားအသောက် ပုံမှန်စားတာ

– လေ့ကျင့်ခန်း ပုံမှန်လုပ်တာ

– လည်ပင်းကို သတိနဲ့ မတ်မတ်ထားတာ

– စိတ်ဖိစီးမှုတွေ လျှော့ဖို့လိုပါတယ်။

– စိတ်ရော ခန္ဓာကိုယ်ပါ အနားပေးပါ

– တရားထိုင်တာ၊ ယောဂသင်တန်းတွေတက်တာ လုပ်လို့ရပါတယ်

– အရမ်း perfect ဖြစ်ဖို့ မကြိုးစားပါနဲ့၊ ပေါ့ပေါ့ပါးပါးနေပါ

– ခေါင်းကိုက်တဲ့အခါမှာ ရေနွေးကန် (hot bath) ထဲ စိမ်တာ၊ နာတဲ့နေရာကို နွေးပီးခြောက်သွေ့တဲ့ အဝတ်ကပ်​ပေးတာ ( အေးပီး စိုစွတ်တဲ့ အဝတ်ကပ်လို့လည်း ရပါတယ် )

– ခံစားချက်တွေကို မျိုသိပ်မထားပါနဲ့။ မိမိကိုယ်ကို အပြစ်မပုံချပါနဲ့။ မိမိကိုယ်ကို အရှိအတိုင်းလက်ခံပါ။ ဒေါသထွက်ရင်လည်း ထုတ်ဖော်ပြောပါ။

– လည်ပင်းကြွက်သားတွေ နာရင်လည်း နှိပ်ပေးတာ၊ လည်ပင်းလေ့ကျင့်ခန်းတွေလုပ်ပြီး လှုပ်ရှားပေးတာလုပ်ရင် သက်သာစေပါတယ်။

– ဆေးအနေနဲ့ paracetamol လို အကိုက်အခဲပျောက်ဆေး အပျော့စားတွေသောက်ရင် နာကျင်မှုကို သက်သာစေပါတယ်။ အပြင်းစားဆေးတွေ ( စိတ်ငြိမ်ဆေးအပါအဝင် )ကို ဆရာဝန်ရဲ့ ညွှန်ကြားချက်မရှိဘဲ မသောက်သင့်ပါဘူး။

Reference: ????
Murtagh,J ,2016. Murtagh’s patient education. 6th Ed. Australia:Mcgraw-Hill Australia,pp.336

❤️ NUG, MOH တယ်လီကျန်းမာ ၊ လူတိုင်းအတွက်ပါ ❤️

???? တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှ အခမဲ့တိုင်ပင်ဆွေးနွေးနိုင်ပါသည်
*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက်( https://m.me/telehealthmm )ကို နှိပ်ပါ
( နေ့စဉ် မနက် ၈နာရီမှ ည၁၀နာရီအထိ )

#nugmoh#telehealth#telemedicine
#teleconsultation#တယ်လီကျန်းမာ
#tensionheadache#headache#ခေါင်းကိုက်ခြင်း

Ministry of Health,

National Unity Government.

Published on: 20 December 2022
Last Updated: 20 December 2022

ဆက်စပ်ရာ ကျန်းမာရေးဆောင်းပါးများ

အိမ်လေးတစ်လုံးနဲ့ တူတဲ့သူ (A Person Like a Home)

‎🏡 အိမ်လေးတစ်လုံးနဲ့ တူတဲ့သူ (A Person Like a Home)‎‎လူ့ဘဝဆိုတာ ခရီးရှည်ကြီးတစ်ခုပါ။ ဒီခရီးလမ်းမှာ ကျွန်တော်တို့အားလုံးဟာ ခရီးသွားတွေသာ ဖြစ်ကြပါတယ်။ နေပူကျဲကျဲ လမ်းမတွေထက်မှာ လျှောက်လှမ်းရတဲ့အခါရှိသလို မိုးသည်းထန်စွာ ရွာသွန်းတဲ့ မုန်တိုင်းတွေကြား ဖြတ်သန်းရတဲ့ အခါတွေလည်း ရှိပါတယ်။‎ဒီလို ပင်ပန်းနွမ်းနယ်လာတဲ့အခါ လူတိုင်း...

အချဉ်ဖောက်ထားသောအစားအစာများ

‎အစားအစာတွေကို တစ်ခေတ်ဆန်းသစ်စေတဲ့ နည်းလမ်းအမျိုးမျိုးရှိတဲ့အနက် တစ်မျိုးကတော့ အချဉ်ဖောက်ထားတာလို့ဆိုရင် မမှားပါဘူး။ ‎သူတို့ရဲ့ အရသာဟာ ချိုချဉ်ငန်ခါးလို သာမန်အရသာမျိုးမဟုတ်ဘဲ တစ်မျိုးလေး ထူးဆန်းနေတတ်ပါတယ်။‎ဒီလိုအချဥ်ဖောက်ထားတာတွေက ‎ကျန်းမာရေးအတွက်လည်း အကျိုးပြုနေတတ်ပါတယ်။ ဘာလို့လဲဆိုတော့ အူလမ်းကြောင်းထဲမှာ အကျိုးပြုပိုးကောင်လေးတွေကို များပြား၊ ပွားများလာစေပြီး အူလမ်းကြောင်းရဲ့ကိုယ်ခံအားကို ကောင်းစေလို့ပါ။ အဲဒီကနေတစ်ဆင့် တစ်ကိုယ်လုံးရဲ့ ကိုယ်ခံအားကိုလည်း...

Dr Harry နှင့် လည်ပင်းသွေးကြောဒဏ်ရာ

Helloကျွန်တော် Dr Harry ပါ။ တိုက်ပွဲတွေက ဆက်တိုက်ဖြစ်ပြီး ခွဲခန်းမှာ ရဲဘော်တွေ ရော၊ စစ်ရှောင်တွေရော လက်မလည်အောင် ရှုပ်ရှက်ခတ်နေတာနဲ့ စာရေးဖို့ကို ဘယ်လိုမှအာရုံစိုက်လို့မရ ဖြစ်နေတာနဲ့ မရေးဖြစ်တာ ကြာသွားပြန်ပြီ။ လူနာမျိုးစုံ၊ ဒဏ်ရာမျိုးစုံ၊ အဖြစ်အပျက်မျိုးစုံနဲ့ စာရေးမယ်ဆို ရေးစရာတွေက အများကြီးပေမယ့် အချိန်လေးရတုန်း အိပ်ချင်တာနဲ့၊ ပင်ပန်းတာနဲ့၊...

ပြောင်းလဲခြင်းကို အလှပဆုံး လက်ခံတတ်ဖို့‎

‎ကျွန်မတို့ဟာ မိခင်ရဲ့ဝမ်းကနေ မွေးဖွားလာချိန်ကစပြီး ဒီကနေ့အထိ ပြောင်းလဲခြင်းများစွာကို ဖြတ်သန်းခဲ့ကြရပါတယ်။ တချို့သော ပြောင်းလဲမှုတွေက သိမ်မွေ့လွန်းတာကြောင့် ကိုယ်တိုင်တောင် သတိမထားမိဘဲ သဘာဝကျကျ ဖြတ်ကျော်နိုင်ခဲ့ကြပါတယ်။ ‎ဥပမာ - ကလေးဘဝကနေ လူငယ်ဘဝကို ကူးပြောင်းတာမျိုး၊ ကျောင်းသားဘဝကနေ လုပ်ငန်းခွင်ထဲ ရောက်သွားတာမျိုးတွေပေါ့။ ဒီလို အဆင့်ဆင့်ပြောင်းလဲတာတွေက တဖြည်းဖြည်းချင်း ဖြစ်ပေါ်လာတာမို့...