မီနူး

Proton Pump Inhibitors (အစာအိမ်ဆေး) (October, 2022)

အစာအိမ်ဆေးကို စနစ်တကျဘယ်လိုသောက်သင့်ပါသလဲ?

အစာအိမ်ရောဂါဟာ ဆေးတစ်မျိုးတည်းကိုပဲ အားကိုးနေ၊ ဖြစ်တိုင်းသောက်၊ ရေရှည်စွဲသောက်နေလို့ မပျောက်ကင်းနိုင်၊ မသက်သာနိုင်ပါဘူး။ ဆရာ၀န်ညွှန်ကြားတဲ့အတိုင်း ဆေးသေချာသောက်တာအပြင် ဖြစ်စေတဲ့အကြောင်းရင်းတွေကိုလည်း ရှောင်ရမှာပါ။

ဥပမာ-

၁) အစာအချိန်မှန်မှန်မစားတာ၊ အစာလွန်တာ

၂) အပူအစပ်တွေစားတာ

၃) ကော်ဖီ လက်ဖက်ရည် ခဏခဏသောက်တာ

၄) ဆေးလိပ်၊အရက်၊ ဘီယာ

၅) အကိုက်အခဲပျောက်ဆေးတွေ

၆) steroids ပါတဲ‌ဆေးတွေ

၇) စိတ်ဖိစီးမှုများတာ စတာတွေက အစာအိမ်ရောဂါဖြစ်စေတဲ့အကြောင်းရင်းတွေပါ။ ဒါတွေကို တတ်နိုင်သမျှ ရှောင်ရပါမယ်။

အစာအိမ်ဆေး (Proton pump inhibitors-PPI) တွေကို အကြောင်းရင်းမရှိဘဲ ဆရာ၀န်မညွှန်ကြားဘဲ စွဲမသောက်ရပါဘူး။ အစာအိမ်ဆေး(PPI)​ဟာ အစာအိမ်နဲ့ပတ်သက်ပြီး ခွဲစိတ်မှုတွေ အတော်နည်းသွားသည်အထိ အရမ်းအသုံး၀င်၊ အရမ်းကောင်းတဲ့ဆေးဖြစ်ပေမယ့် ဆိုးကျိုးမရှိတာတော့ မဟုတ်ပါဘူး။

????စွဲသောက်ရင် ဘာဖြစ်တတ်လဲ?

???? အတိအကျတော့ ၁၀၀% မဟုတ်ပေမယ့် ဖြစ်နိုင်ချေရှိတယ်ဆိုပြီး လေ့လာထားတဲ့စာတမ်းတွေအရ ကိုယ်၀န်ဆောင်တွေမှာဆိုရင် ပုံမှန်မဟုတ်တဲ့ကလေးမွေးလာနိုင်ပါတယ်။ အူ၊ ဆီးလမ်းကြောင်းနဲ့ အသက်ရှုလမ်းကြောင်းမှာ ပိုး၀င်လွယ်တယ်လို့ ဆိုပါတယ်။ အစာအိမ်မှာ အသားပို‌လုံးတွေ၊ ကင်ဆာတွေပါဖြစ်နိုင်တယ်လို့လည်း ပြောပါတယ်။ သွေးကျဲဆေး clopidogrel သောက်နေတဲ့သူတွေအနေနဲ့ အစာအိမ်ဆေး (PPI) ကို တွဲမသောက်သင့်ဘူး ၊ နှလုံးအတွက်မကောင်းဘူးလို့သိရပါတယ်။

????ဘယ်လိုလူတွေမှာ ရေရှည်သောက်လို့ အကျိုးရှိပါသလဲ?

???? ရေရှည်သောက်သင့်သူတွေကတော့

– အစာရေမျိုပြွန်ရောင်ရောဂါ (healing and maintenance)

– စားချဉ်ပြန်ရောဂါ

– အကြောင်းရင်းမရှိ အစာအိမ်နာရောဂါ

– Zollinger Ellison $

– အကိုက်အခဲပျောက်ဆေး စွဲသောက်နေသူများ

– သွေးကျဲဆေးသောက်နေသူများတွင် အသက် ၆၅ နှင့်အထက် / steroids ပါသောက်နေသူ / အခြားသွေးမခဲဆေးသောက်နေသူ / အစာအိမ်ရောဂါရှိသူဖြစ်နေလျှင် ရေရှည်စွဲသောက်သင့်ပါတယ်။

???? ရက်သတ္တပါတ် (၄)ပါတ်မှ (၁၂)ပါတ်အထိသောက်သင့်တဲ့အခြေအနေတွေကတော့

– အစာရေမျိုပြွန်ရောင်ရောဂါ (healing)

– အစာအိမ်ပိုး(H.pylori) ကုသတဲ့အခါ

– အသည်းအသန်နေမကောင်းသောသူများတွင် stress ulcer မဖြစ်အောင်ကြိုတင်ကာကွယ်တဲ့အခါ

– အစာအိမ်မှာ ပြဿနာမရှိပဲ အစာမကြေ၊ ရင်ပြည့်ရင်ကယ်ဖြစ်တဲ့အခါ (functional dyspepsia)

– အစာအိမ်ရောဂါ (treatment and maintenance)

– အစာအိမ်သွေးယိုသူများ အစာအိမ်မှန်ပြောင်းမကြည့်ခင်

– အစာအိမ်သွေးယိုနိုင်ချေရှိသူများ အစာအိမ်မှန်ပြောင်းကြည့်ပြီးနောက် အစာအိမ်ဆေးကို (၁)လ မှ (၄)လ အထိသောက်သင့်ပါတယ်။

???? အစာအိမ်ဆေး မလိုအပ်သူများ

– အကိုက်အခဲပျောက်ဆေးမပါဘဲ steroids တစ်မျိုးတည်းသောက်နေသူတွေ

– အသည်းခြောက်ရောဂါသည်တွေမှာ အစာအိမ် မထိအောင် ကြိုသောက်သူတွေ

– မုန့်ချိုအိတ်ရောင်‌တဲ့သူတွေ

– အသည်းအသန်ရောဂါသည်မဟုတ်ပဲ stress ulcer မဖြစ်အောင်ကြိုတင်ကာကွယ်သူတွေမှာတကယ်တော့ အစာအိမ်ဆေးက သောက်ဖို့ မလိုအပ်ပါဘူး။

????
????
????

တစ်ခါတစ်ရံမှာ အစာအိမ်ဆေးစွဲသောက်ပြီးလည်း မှေးမနေသင့်ပါဘူး။ အသက် (၄၅)နှစ်နဲ့အထက်လူတွေမှာ အစာအိမ်ရောဂါရှိလို့ အစာအိမ်ဆေး တစ်လသောက်ပြီး ဆေးရပ်လိုက်တဲ့အခါမှာ အစာမကြေ၊ ရင်ပြည့်ရင်ကယ်ဖြစ်တာ ဆက်ရှိနေရင် အစာအိမ်မှန်ပြောင်းကြည့်သင့်ပါတယ်။

Reference ????

https://pubmed.ncbi.nlm.nih.gov/28219434/

❤️ NUG, MOH တယ်လီကျန်းမာ ၊ လူတိုင်းအတွက်ပါ ❤️

???? တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှ အခမဲ့တိုင်ပင်ဆွေးနွေးနိုင်ပါသည်

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက်( https://m.me/telehealthmm )ကို နှိပ်ပါ

( နေ့စဉ်မနက် ၈နာရီမှ ည၁၀နာရီအထိ )

Ministry of Health,

National Unity Government.

Published on: 2 October 2022
Last Updated: 2 October 2022

ဆက်စပ်ရာ ကျန်းမာရေးဆောင်းပါးများ

အိမ်လေးတစ်လုံးနဲ့ တူတဲ့သူ (A Person Like a Home)

‎🏡 အိမ်လေးတစ်လုံးနဲ့ တူတဲ့သူ (A Person Like a Home)‎‎လူ့ဘဝဆိုတာ ခရီးရှည်ကြီးတစ်ခုပါ။ ဒီခရီးလမ်းမှာ ကျွန်တော်တို့အားလုံးဟာ ခရီးသွားတွေသာ ဖြစ်ကြပါတယ်။ နေပူကျဲကျဲ လမ်းမတွေထက်မှာ လျှောက်လှမ်းရတဲ့အခါရှိသလို မိုးသည်းထန်စွာ ရွာသွန်းတဲ့ မုန်တိုင်းတွေကြား ဖြတ်သန်းရတဲ့ အခါတွေလည်း ရှိပါတယ်။‎ဒီလို ပင်ပန်းနွမ်းနယ်လာတဲ့အခါ လူတိုင်း...

အချဉ်ဖောက်ထားသောအစားအစာများ

‎အစားအစာတွေကို တစ်ခေတ်ဆန်းသစ်စေတဲ့ နည်းလမ်းအမျိုးမျိုးရှိတဲ့အနက် တစ်မျိုးကတော့ အချဉ်ဖောက်ထားတာလို့ဆိုရင် မမှားပါဘူး။ ‎သူတို့ရဲ့ အရသာဟာ ချိုချဉ်ငန်ခါးလို သာမန်အရသာမျိုးမဟုတ်ဘဲ တစ်မျိုးလေး ထူးဆန်းနေတတ်ပါတယ်။‎ဒီလိုအချဥ်ဖောက်ထားတာတွေက ‎ကျန်းမာရေးအတွက်လည်း အကျိုးပြုနေတတ်ပါတယ်။ ဘာလို့လဲဆိုတော့ အူလမ်းကြောင်းထဲမှာ အကျိုးပြုပိုးကောင်လေးတွေကို များပြား၊ ပွားများလာစေပြီး အူလမ်းကြောင်းရဲ့ကိုယ်ခံအားကို ကောင်းစေလို့ပါ။ အဲဒီကနေတစ်ဆင့် တစ်ကိုယ်လုံးရဲ့ ကိုယ်ခံအားကိုလည်း...

Dr Harry နှင့် လည်ပင်းသွေးကြောဒဏ်ရာ

Helloကျွန်တော် Dr Harry ပါ။ တိုက်ပွဲတွေက ဆက်တိုက်ဖြစ်ပြီး ခွဲခန်းမှာ ရဲဘော်တွေ ရော၊ စစ်ရှောင်တွေရော လက်မလည်အောင် ရှုပ်ရှက်ခတ်နေတာနဲ့ စာရေးဖို့ကို ဘယ်လိုမှအာရုံစိုက်လို့မရ ဖြစ်နေတာနဲ့ မရေးဖြစ်တာ ကြာသွားပြန်ပြီ။ လူနာမျိုးစုံ၊ ဒဏ်ရာမျိုးစုံ၊ အဖြစ်အပျက်မျိုးစုံနဲ့ စာရေးမယ်ဆို ရေးစရာတွေက အများကြီးပေမယ့် အချိန်လေးရတုန်း အိပ်ချင်တာနဲ့၊ ပင်ပန်းတာနဲ့၊...

ပြောင်းလဲခြင်းကို အလှပဆုံး လက်ခံတတ်ဖို့‎

‎ကျွန်မတို့ဟာ မိခင်ရဲ့ဝမ်းကနေ မွေးဖွားလာချိန်ကစပြီး ဒီကနေ့အထိ ပြောင်းလဲခြင်းများစွာကို ဖြတ်သန်းခဲ့ကြရပါတယ်။ တချို့သော ပြောင်းလဲမှုတွေက သိမ်မွေ့လွန်းတာကြောင့် ကိုယ်တိုင်တောင် သတိမထားမိဘဲ သဘာဝကျကျ ဖြတ်ကျော်နိုင်ခဲ့ကြပါတယ်။ ‎ဥပမာ - ကလေးဘဝကနေ လူငယ်ဘဝကို ကူးပြောင်းတာမျိုး၊ ကျောင်းသားဘဝကနေ လုပ်ငန်းခွင်ထဲ ရောက်သွားတာမျိုးတွေပေါ့။ ဒီလို အဆင့်ဆင့်ပြောင်းလဲတာတွေက တဖြည်းဖြည်းချင်း ဖြစ်ပေါ်လာတာမို့...