ကျန်းမာရေးကို မတိုက်ခိုက်ရ “Protect Healthcare” (In Ethnic Languages) (May 2023)

မေတ္တာတွေနဲ့ ဖုံးလွှမ်းထားတဲ့ ကမ္ဘာကြီးမှာ တစ်ခါတလေ လောဘ၊ ဒေါသ၊ မောဟစိတ်တွေကြောင့် စစ်မက်တွေ အကျည်းတန်စွာ ဖြစ်ပေါ်လာရပါတယ်။
..

ဒီတစ်ပတ်မှာတော့….
“ကျန်းမာရေးကို မတိုက်ခိုက်ရ…” အကြောင်းလေးကို ဗဟုသုတအနေနဲ့ မျှဝေပေးချင်ပါတယ်။

အလံဖြူ၊ ကြက်ခြေနီ၊ ကျန်မာရေးအဆောက်အဦး၊ ဘာသာရေးအဆောက်အဦး၊ ပညာရေးအဆောက်အဦး (စာသင်ကျောင်း) မပစ်ခတ်ရ…စတာတွေကို သိသိကြီးနဲ့ စာနာစိတ်ကင်းမဲ့စွာ မတရားတိုက်ခိုက်နေတဲ့ အာဏာသိမ်း လက်နက်ကိုင်အကြမ်းဖက်စစ်တပ်အုပ်စုကတော့ ရည်ရွယ်ချက်ရှိရှိနဲ့ ကျူးလွန်နေဆဲပါ။ ဒီ့အတွက်လည်း တစ်ချိန်ချိန်မှာ နိုင်ငံတကာရဲ့အရေးယူမှုဟာ ဧကန်မလွဲ ရောက်ရှိလာပါလိမ့်မယ်…။

ပညာမတတ် အာဏာရူးတွေအတွက်တော့ ဥပဒေ သတ်မှတ်ချက်စည်းကမ်းဘောင်ကို သိသိကြီးနဲ့ ကျူးလွန်နေတဲ့အတွက် ထိုက်သင့်တဲ့ပြစ်ဒဏ်ဟာ မြေကြီးလက်ခတ်မလွဲ ရောက်ရှိလာပါလိမ့်မယ် ခင်ဗျာ။
..
..

(ဗမာ၊ ကချင်၊ ကယား၊ အရှေ့ပိုးကရင်၊ အနောက်ပိုးကရင်၊ စကောကရင်၊ ချင်း၊ မွန်၊ ထားဝယ်၊ ရခိုင်၊ ရှမ်းဘာသာစကားများနဲ့ ဖော်ပြပေးထားပါတယ် )

#nugmoh#telekyanmar#တယ်လီကျန်းမာ#ethniclanguage#ethnic#ကျန်းမာရေးကိုမတိုက်ခိုက်ရ#Protect_Health_Care

Ministry of Health,

National Unity Government.

Published on: 7 May 2023

Last updated: 7 May 2023

ဆက်စပ်ရာ ကျန်းမာရေးဆောင်းပါးများ

မျိုးရိုးလိုက်သော ဆီးချို

"မျိုးရိုးလိုက်သော ဆီးချို" (လူနာသည် ဆေးစစ်ချက် အဖြေစာရွက်ကို ကိုင်ကာ မျက်နှာမကောင်းစွာဖြင့် ဆရာဝန်ရှေ့သို့ ရောက်လာသည်) ဆရာဝန်။ ကိုဘမောင်… ခင်ဗျားရဲ့ သွေးစစ်တဲ့ အဖြေတွေထဲမှာ ဆီးချိုတွေက အတော်လေးကို တက်နေတာဗျ။ သတိထားမှ ရတော့မယ့် အနေအထားပဲ။ လူနာ။ ဟုတ်ကဲ့ ဆရာ။ ထင်တယ်။ ကျွန်တော်လည်း တစ်နေ့နေ့မှာ ဆီးချို...

မှတ်ဉာဏ်ချွတ်ယွင်းမှုရောဂါ (Dementia) ဝေဒနာရှင်ကို ပြုစုစောင့်ရှောက်သူများအတွက် အမှာစကား

ဒီအခန်းဆက် ဆောင်းပါးလေးမှာ နောက်ဆုံးနဲ့ အရေးအကြီးဆုံးအပိုင်း ဖြစ်ပါတယ်။ လူနာကိုလည်း ပြုစုရင်း မိမိကိုယ်ကိုယ်လည်း ပြန်လည်ရှာဖွေခြင်းလို့ အမည်ပေးထားပါတယ်။ မှတ်ဉာဏ်ချွတ်ယွင်းမှုရောဂါ (Dementia) ဝေဒနာရှင်တစ်ဦးကို အိမ်မှာ အနီးကပ်ပြုစုရတဲ့ မိသားစုဝင်တွေဟာ ကမ္ဘာပေါ်မှာ အပင်ပန်းဆုံးနဲ့ အနစ်နာအခံရဆုံးသူလေးတွေ ဖြစ်ကြပါတယ်။ လူနာရဲ့ စိတ်နေစိတ်ထား ပြောင်းလဲတာတွေ၊ ညဘက် မအိပ်တာတွေကို...

ခန္ဓာကိုယ်တွင်း ဇီဝနာရီ Circadian Rhythm

ဘာလို့ ညဘက်ဆို အလိုလို မျက်စိမှိတ်ချင်လာပြီး မနက်ခင်းဆို အချက်ပေးစက် မမြည်ခင်ကတည်းက အလိုလို နိုးလာတတ်တာလဲ။ ဒါက ကံတိုက်ဆိုင်တာ မဟုတ်သလို အလေ့အကျင့်သက်သက်ကြောင့်လည်း မဟုတ်ပါဘူး။ ကျွန်မတို့ ခန္ဓာကိုယ်ထဲမှာ ၂၄ နာရီပတ်လုံး တိတိကျကျ လည်ပတ်နေတဲ့ သဘာဝ "ဇီဝနာရီ" တစ်လုံး ရှိနေလို့ပဲ ဖြစ်ပါတယ်။...

အယူအဆလွဲများ (၄၀)

❌ အယူအဆလွဲ >>> ထိခိုက်ဒဏ်ရာ၊ အနာ ဒါမဟုတ် ခွဲစိတ်ထားမှုတစ်ခုခု ရှိနေချိန်မှာ ကြက်ဥစားလိုက်ရင် အနာပြည်တည်တတ်တယ်၊ ပုပ်လွယ်တယ်၊ အမာရွတ် ကျန်ခဲ့မယ်။ ☑️ အမှန် >>> ကြက်ဥဟာ အနာကျက်မြန်စေတဲ့ ပရိုတင်း (Protein) နဲ့ အာဟာရဓာတ်တွေ ကြွယ်ဝစွာ ပါဝင်တာကြောင့် အနာရှိချိန်မှာ...