မီနူး

အစားအစာတွေနဲ့ ဖြည့်စွက်အားဆေးတွေမှာပါတဲ့ (ကောင်းကျိုးပေးတဲ့) ဘက်တီးရီးယားတွေ” Probiotics and Prebiotics” (April 2023)

Probiotics နဲ့ Prebiotics ဆိုတာ ဘာတွေလဲ?

လွယ်လွယ်ပြောရရင် Probiotic ဆိုတာ ခန္ဓာကိုယ်အတွက် အထောက်အကူပြုတဲ့ (ကောင်းကျိုးပေးတဲ့) ဘက်တီးရီးယားတွေဖြစ်ပြီး၊ Prebiotic ဆိုတာကတော့ ဒီဘက်တီးရီးယားတွေအတွက် စားသုံးဖို့ အစားအစာဖြစ်ပါတယ်။

ဒီ (၂) မျိုးလုံးက ကျန်းမာရေးအတွက် အရေးပါပါတယ်။ ဒါပေမယ့် အခန်းကဏ္ဍတွေတော့ ကွဲပြားပါတယ်။

.

Probiotics

Probiotics ဟာ တချို့သော အစားအစာတွေနဲ့ ဖြည့်စွက်အားဆေးတွေမှာပါတဲ့ ဘက်တီးရီးယားတွေ ဖြစ်ပါတယ်။ Probiotics တွေက ကျန်းမာရေးအတွက် ကောင်းကျိုးများစွာ ရှိပါတယ်။

.

Prebiotics

လူသားတွေ ခြေဖျက်နိုင်စွမ်းမရှိတဲ့ ကာဘိုဟိုက်ဒြိတ် (အထူးသဖြင့် fiber) ကနေ Prebiotic ကို ရရှိပါတယ်။ အူလမ်းကြောင်းမှာရှိတဲ့ ခန္ဓာကိုယ်အတွက် အကျိုးပြုတဲ့ ဘက်တီးရီးယားတွေကို ဆေးပညာစကားအရ gut flora လို့ ခေါ် ပါတယ်။ Gut flora တွေက ဒီ fiber ကို စားသုံးကြပါတယ်။

Gut flora ဘက်တီးရီးယားတွေဟာ ခန္ဓာကိုယ်အတွက် အရေးကြီးတဲ့ လုပ်ငန်းများစွာကို ဆောင်ရွက်ပေးပါတယ်။

Probitics နဲ့ Prebiotics ကို မျှမျှတတ စားသုံးခြင်းက gut flora ကို ကျန်းကျန်းမာမာ ရှိစေပါတယ်။

..

..

???? Gut flora တွေက ခန္ဓာကိုယ်အတွက် ဘယ်လို အကျိုးပြုလဲ ?

အစာခြေလမ်းကြောင်းမှာရှိတဲ့ ခန္ဓာကိုယ်အကျိုးပြု ဘက်တီးရီးယား (Gut flora) တွေက အန္တရာယ်ရှိတဲ့ ဘက်တီးရီးယားနဲ့ မှို (fungi) တွေကနေ ကာကွယ်ပေးပါတယ်။

ဒါ့အပြင်…

– Gut flora တွေက ကိုယ်ခံအားကောင်းစေပါတယ်။

– စိတ်ကျရောဂါလက္ခဏာတွေ သက်သာစေပါတယ်။

– အဝလွန်ခြင်းမှ ကာကွယ်ပေးတဲ့အပြင် တခြား ကောင်းကျိုးများစွာရှိကြောင်းလည်း သုတေသနစစ်တမ်းတွေက ဆိုပါတယ်။

.

???? ဒီ့အပြင် အူလမ်းကြောင်းမှာရှိတဲ့ တစ်ချို့ ဘက်တီးရီးယားတွေက Vitamin K နဲ့ SCFAs (short chain fatty acids) ဆိုတဲ့ အဆီတွေကိုလည်း ထုတ်လုပ်ပါတယ်။

???? SCFAs ဆိုတာဟာ….

– အူမကြီးရဲ့ အတွင်းမျက်နှာပြင်ကို အုပ်ထားတဲ့ ဆဲလ်တွေအတွက် အဓိက အာဟာရအရင်းအမြစ် ဖြစ်ပါတယ်။

– အူလမ်းကြောင်းမှာ ခိုင်မာတဲ့ အကာအကွယ်တစ်ခု ဖြစ်စေပြီး အန္တရာယ်ရှိတဲ့ အရာတွေ၊ ဗိုင်းရပ်စ်နဲ့ ဘက်တီးရီးယားတွေကနေ ကာကွယ်ပေးပါတယ်။

– အူရောင်ရမ်းမှုကို သက်သာစေနိုင်ပြီး ကင်ဆာအန္တရာယ်ကို လျော့ချပေးပါတယ်။

..

..

???? အစားအစာတွေက gut flora ပေါ် ဘယ်လို အကျိုးသက်ရောက်မှု ရှိလဲ?

???? စားလိုက်တဲ့ အစားအစာတွေက အူမှာရှိတဲ့ ကောင်းတဲ့ ဘက်တီးရီးယားနဲ့ မကောင်းတဲ့ ဘက်တီးရီးယား မျှခြေအပေါ် သက်ရောက်မှု ရှိပါတယ်။

???? သကြားနဲ့ အဆီဓာတ်များတဲ့ အစာတွေက gut bacteria ကို ထိခိုက်စေပြီး သွေးတွင်းသကြားဓာတ်ကိုထိန်းညှိပေးတဲ့ ဟော်မုန်းဖြစ်တဲ့ အင်ဆူလင်ကို တုန့်ပြန်ခြင်း မရှိတော့တာ (insulin resistance) နဲ့ တခြားရောဂါတွေလည်း ဖြစ်နိုင်ပါ တယ်။

???? ဒါ့အပြင် ပိုးသတ်ဆေး (pesticides) သုံးထားတဲ့ စားစရာတွေကလည်း gut flora အပေါ် ဆိုးရွားစွာ သက်ရောက်ပါတယ်။

???? မကောင်းတဲ့ဘက်တီးရီးယားတွေကို ပုံမှန် အစာကျွေးနေတဲ့အခါ ပိုမိုလွယ်ကူစွာ ကြီးထွားပွားများလာကြတာကြောင့် ကောင်းတဲ့ ဘက်တီးရီးယားတွေက ၎င်းတို့ကို တားဆီးနိုင်စွမ်း မရှိတော့ပါ။

???? အူလမ်းကြောင်းမှာ မကောင်းတဲ့ ဘက်တီးရီးယားများတာဟာ ခန္ဓာကိုယ်အလေးချိန်များတာ/ BMI (body mass index) များတာ (ဒါမှမဟုတ်) အဝလွန်တာနဲ့ ဆက်စပ်နေပါတယ်။

???? ပဋိဇီဝပိုးသတ်ဆေး (Antibiotics) တွေကြောင့်လည်း တစ်ချို့ဘက်တီးရီးယားတွေမှာ ထာဝရအတွက် အပြောင်းအလဲ ဖြစ်သွားတတ်ပါတယ်။ အထူးသဖြင့် ကလေးဘဝနဲ့ ဆယ်ကျော်သက်အရွယ်တွေမှာ ဖြစ်တတ်တယ်လို့ သုတေသီတွေက ဆိုပါတယ်။

..

..

???? ဘယ်အစားအစာတွေက Prebiotics လဲ ?

???? ဈေးကြီးတဲ့ prebiotics ပါတဲ့ အားဆေးတွေ မသောက်ခင်မှာ ပုံမှန် အစားအစာ အတော်များများမှာ prebiotics ပါနေတာကို သတိရပေးပါ…

???? Prebiotics က ဟင်းသီးဟင်းရွက်၊ အသီးအနှံနဲ့ ကောက်ပဲသီးနှံတွေမှာ ပါဝင်တဲ့ အမျှင် (fiber) အမျိုးအစားတွေ ဖြစ်ပါတယ်။

???? လူသားတွေက ဒီ fiber ကို ချေဖျက်နိုင်စွမ်း မရှိပေမယ့် အူလမ်းကြောင်းမှာရှိတဲ့ လူသားအကျိုးပြု ကောင်းတဲ့ ဘက်တီးရီးယားတွေက ချေဖျက်နိုင်ပါတယ်။

????Prebiotics ကြွယ်ဝတဲ့ အစားအစာ တချို့ကတော့…

– ပဲအမျိုးမျိုး

– ဂျုံ

– ငှက်ပျောသီး

– ဘယ်ရီသီးအမျိုးမျိုး

– ကြက်သွန်ဖြူ

– ကြက်သွန်နီ

– ကြက်သွန်မြိတ်… တို့ ဖြစ်ပါတယ်။

..

..

???? ဘယ်အစားအစာတွေက Probiotics လဲ?

???? ဒိန်ချဉ်လိုမျိုး သဘာဝအတိုင်း Probiotics ကြွယ်ဝတဲ့ အစားအစာတွေ ရှိပါတယ်။

???? ဒါ့အပြင် ကစော်ဖောက်ထားတဲ့ အစားအစာတွေမှာလဲ Probiotics တွေ ပါပါတယ်။ ဥပမာအားဖြင့်…

– ဂေါ် ဖီထုပ်ချဥ်

– ကင်မ်ချီ

– သနပ်အချဥ် စတာမျိုးတွေပါ။

???? တချို့အစားအစာတွေမှာ Probiotics ရော Prebiotics ရော ပါဝင်တတ်ပါတယ်။ Synbiotic လို့ ခေါ် ပါတယ်။

ဥပမာ- ဒိန်ခဲ၊ ဂေါ်ဖီထုပ်ချဥ်

..

..

???? Probiotics ကို ဖြည့်စွက်အားဆေးအနေနဲ့ သောက်သင့်လား?

???? Probiotics ဟာ သောက်ဆေး၊ ဆေးအမှုန့်၊ ဆေးရည် စသဖြင့် ရှိပါတယ်။ လူသိများပြီး အလွယ်တကူလည်း ဝယ်ယူရရှိနိုင်ပါတယ်။

???? Probiotics supplement တွေမှာ ပါဝင်တဲ့ဘက်တီးရီးယားတွေ မတူကြသလို ပြင်းအားလည်း မတူတဲ့အတွက် ကျွမ်းကျင်သူနဲ့ ဆွေးနွေးတိုင်ပင်ပြီးမှ သောက်တာ ကောင်းပါတယ်။

Prebiotics နဲ့ Probiotics ကြွယ်ဝတဲ့ အစာတွေ များများစားခြင်းက အူလမ်းကြောင်းမှာရှိတဲ့ ကောင်းတဲ့ ဘက်တီးရီးယားနဲ့ မကောင်းတဲ့ဘက်တီးရီးယားကို မျှတစေဖို့အထောက်အကူဖြစ်စေပါတယ်။

Reference: ????

https:// www. healthline .com /nutrition/probiotics-and-prebiotics#bottom-line

❤️ NUG, MOH တယ်လီကျန်းမာ ၊ လူတိုင်းအတွက်ပါ ❤️

???? တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှ အခမဲ့တိုင်ပင်ဆွေးနွေးနိုင်ပါသည်

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ၏ messenger ကို ဆက်သွယ်ပါ

( နေ့စဥ် မနက် ၈နာရီမှ ည၁၀နာရီအထိ )

#nugmoh#telehealth#telemedicine

#teleconsultation#တယ်လီကျန်းမာ#Telekyanmar

#prebiotic#probiotic

Ministry of Health,

National Unity Government.

Published on: 6 April 2023

Last updated: 6 April 2023

ဆက်စပ်ရာ ကျန်းမာရေးဆောင်းပါးများ

လူတစ်ယောက်ကို အကဲဖြတ်မိတဲ့အခါ ကျွန်မတို့ ဘာတွေ မှားတတ်ကြသလဲ (Fundamental Attribution Error)

လူတစ်ယောက်ကို အကဲဖြတ်မိတဲ့အခါ ကျွန်မတို့ ဘာတွေ မှားတတ်ကြသလဲ (Fundamental Attribution Error) ကျွန်မတို့ လူမှုပတ်ဝန်းကျင်မှာ နေ့စဉ် ကြုံတွေ့နေရတဲ့ နားလည်မှုလွဲတာတွေ၊ စိတ်ဝမ်းကွဲရတာတွေရဲ့ အဓိက တရားခံဟာ Fundamental Attribution Error (FAE) လို့ခေါ်တဲ့ အခြေခံကျတဲ့ အတွေးအမှားတစ်ခု ဖြစ်နေတတ်ပါတယ်။ ဒါကို...

အေသုံးလုံးနှင့် စူပါဆန်းဒေး

"အေသုံးလုံးနှင့် စူပါဆန်းဒေး" တစ်နေ့သော တနင်္ဂနွေနေ့တစ်ရက် ရုံးပိတ်ရက်ပေါ့လေ။ နှလုံးခွဲစိတ်ဆရာဝန်တစ်ယောက် မနက်စောစော ဆေးရုံမှာ Ward Round ဖို့ ထွက်လာခဲ့တယ်။ ဆေးရုံရောက်တော့ ပြီးခဲ့တဲ့ရက်တွေက ခွဲထားတဲ့ လူနာလေးတွေ၊ ခွဲဖို့စောင့်နေတဲ့ လူနာတွေ ကြည့်နေစဥ် အရေးပေါ်မှ ဖုန်းလာပါလေရော။ "အေသုံးလုံးပါ ဆရာ. . . လူနာ အရေးပေါ်ခန်းထဲမှာပါ။...

ခန္ဓာကိုယ်ထဲသို မေးခိုင်ပိုး ဝင်ရောက်နိုင်သည့် အဖြစ်များသော နည်းလမ်းများ (ဇန်နဝါရီ၊ ၂၀၂၆)

ခန္ဓာကိုယ်ထဲသို့ မေးခိုင်ပိုး ဝင်ရောက်နိုင်သည့် အဖြစ်များသော နည်းလမ်းများ (ဇန်နဝါရီ၊ ၂၀၂၆) ▪️ထိုးသွင်းဒဏ်ရာများ (လက်သည်း သို့မဟုတ် အပ်ကဲ့သို့သော အရာဝတ္ထု တစ်ခုခုကြောင့် ဖြစ်သော ဒဏ်ရာများ သို့မဟုတ် တိရစ္ဆာန်ကိုက်ခြင်း)▪️အညစ်အကြေး၊ ဝမ်း သို့မဟုတ် တံတွေးတို့ဖြင့် ပေကျံနေသော ဒဏ်ရာများ▪️တစ်ရှူးသေများပါရှိသော ဒဏ်ရာများ (ဥပမာ- မီးလောင်ဒဏ်ရာ၊...

သေဆုံးနှုန်း ၄၀% ကျော်ရှိပြီး လတ်တလော အိန္ဒိယမှာ ဖြစ်ပွားနေတဲ့ နီပါ (Nipah) ဗိုင်းရပ်စ်အကြောင်း

❗️သေဆုံးနှုန်း ၄၀% ကျော်ရှိပြီး လတ်တလော အိန္ဒိယမှာ ဖြစ်ပွားနေတဲ့ နီပါ (Nipah) ဗိုင်းရပ်စ်အကြောင်း Nipah ဗိုင်းရပ်စ်ဆိုတာ တိရိစ္ဆာန်များမှ လူသို့ ကူးစက်နိုင်သော (zoonotic) ဗိုင်းရပ်စ်တစ်မျိုး ဖြစ်ပါတယ်။ သစ်သီးစားလင်းနို့ အမျိုးအစားတွေဖြစ်တဲ့ (fruit bats/ flying foxes) တွေဟာ ဒီဗိုင်းရပ်စ်ရဲ့...