မီနူး

လည်ပင်းနာခြင်း/ ဇက်ကြောတက်ခြင်း Painful Neck (February, 2023)

လည်ပင်းနာခြင်း/ ဇက်ကြောတက်ခြင်း (Painful Neck)

လည်ပင်းနာတယ်ဆိုတာ အဓိကအားဖြင့် လည်ပင်းမှာရှိတဲ့ ကြွက်သားနဲ့ လည်ပင်းအရိုးဆစ်လေးတွေ ဒဏ်ရာရလို့ နာတာဖြစ်ပါတယ်။ တစ်ခါတစ်ရံမှာ လည်ပင်းအဆစ်တွေကြားမှာရှိတဲ့ ချပ်ပြားလေးတွေ ဒဏ်ရာရပြီးလည်း နာတတ်ပါတယ်။ အသက်ကြီးတဲ့သူမှာ လည်ပင်းအဆစ်တွေ ရောင်ရမ်းတတ်ပါတယ်။

???? လည်ပင်းနာ/ ဇက်ကြောတက်စေတဲ့ အကြောင်းအရာတွေက….

❗လည်ပင်းကို ရုတ်တရက် ထိခိုက်မိတဲ့ ဒဏ်ရာတွေကြောင့်….
ဥပမာ:
– ယာဥ်တိုက်မှုဖြစ်တာ
– လက်ဝှေ့(ဒါမှမဟုတ်) နပန်းစတဲ့ အားကစားပွဲတွေမှာဦးခေါင်းကို ထိုးနှက်ခံရတာ
– အကြောင်းတစ်ခုခုကြောင့် ဦးခေါင်းအထက်မှာရှိတဲ့ အရာဝတ္တုတစ်ခုခုနဲ့ ခေါင်းနဲ့ဆောင့်မိတာ ( ဥပမာ ကားစီးရင်း ခေါင်းနဲ့ ကားခေါင်မိုး ဆောင့်မိတာမျိုး ) နဲ့
– ချော်လဲတဲ့အခါတွေမှာလည်း ဖြစ်နိုင်ပါတယ်။

❗အနားယူ/အိပ်နေတဲ့အချိန်တွေမှာ လည်ပင်းပုံစံမူမမှန်နေမိတာ
– လည်ပင်းအနေအထားပုံစံမမှန်ပဲ အိပ်မိတာ (ဥပမာ- လည်ပင်းကို လိမ်ပြီးအိပ်မိတာ) နဲ့ ကိုယ်အိပ်နေကျ ခေါင်းအုံးမဟုတ်ပဲ အိပ်မိတာ (ဥပမာ- ခေါင်းအုံးအမာနဲ့အိပ်မိတာ/ ခေါင်းအုံးအမြင့်နဲ့အိပ်မိတာ) စတာတွေကြောင့်လည်း အိပ်ယာနိုးတဲ့အခါ လည်ပင်း အရမ်းနာတတ်ပါတယ်။

???? ရောဂါလက္ခဏာတွေကတော့ …

အထူးသဖြင့် လည်ပင်းတစ်​လျှောက် တောင့်တင်းပြီး နာကျင်တတ်ပါတယ်။ ဦးခေါင်း၊ မျက်လုံး ပတ်ချာလည်နဲ့ နားရွက် (ဒါမှမဟုတ်) ပုခုံးနဲ့ လက်မောင်းတွေထိ နာတာ ဖြစ်နိုင်ပါတယ်။
ကျောရိုးတိုင်မှ ပထမကျောရိုးဆစ် (၇) ခု ( လည်ပင်းကျောရိုးဆစ် (ခေါ် ) cervical spine) မှာဖြစ်တဲ့ ပြဿနာတွေကလည်း လည်ပင်း (ဒါမှမဟုတ်) လက်မောင်းတစ်လျှောက် ဆူးနဲ့ထိုးသလို နာကျင်တာ၊ ထုံတာ၊ ကျဉ်တာ စတာတွေ ဖြစ်စေပါတယ်။

???? လည်ပင်းနာတာ/ဇက်ကြောတက်တာ သက်သာအောင်….

????လည်ပင်းနာဝေဒနာဟာ တအားပြင်းထန်ဆိုးဝါးတာမျိုးအထိဖြစ်ခဲပြီး များသောအားဖြင့် ရက်သတ္တပတ်အနည်းငယ်အတွင်း သူ့အလိုလို (ဒါမှမဟုတ်) လေ့ကျင့်ခန်းကုထုံးတွေ လုပ်ပေးတာမျိုးနဲ့တင် သက်သာပျောက်ကင်းလေ့ ရှိပါတယ်။
????လည်ပင်း လေ့ကျင့်ခန်းလုပ်ပေးတာ၊ ဖြည်းဖြည်းချင်း နှိပ်ပေးတာ၊ ပုံမှန် လှုပ်ရှားမှု လုပ်ပေးတာက လည်ပင်းနာတာကို အတော်လေး သက်သာစေပါတယ်။
????ရက်ရှည်လည်ပင်းနာတာ (ဒါမှမဟုတ်) ခဏခဏ လည်ပင်းနာတာမျိုး ဖြစ်လာပြီဆိုရင်တော့ ဆရာဝန်နဲ့တိုင်ပင်ပြီး လိုအပ်သလို ဓါတ်မှန်ရိုက် စမ်းသပ် စစ်ဆေးတာ လုပ်ရပါမယ်။ လည်ပင်းလေ့ကျင့်ခန်းတွေ ပုံမှန်လုပ်ပေးဖို့လိုအပ်နိုင်ပါတယ်။
????ကျီးပေါင်းလည်ပတ် (Cervical Collar) အသုံးပြုပေးတာကလည်း လည်ပင်းနာတာကို ခဏတာ သက်သာစေနိုင်ပါတယ်။ ဒါပေမယ့် တစ်ပတ်၊ ဆယ်ရက်ထက် ပိုမသုံးသင့်ပါဘူး။ ညအိပ်တဲ့အခါမှာလည်း ကျီးပေါင်းလည်ပတ်ကို ချွတ်ထားသင့်ပါတယ်။

???? ရှောင်ရန်များ

❗အချိန်ကြာကြာ ခေါင်းမော့ထားတာ (ဥပမာ – မျက်နှာကျက် ဆေးသုတ်တဲ့ အခါမျိုး)
❗လည်ပင်းနာတဲ့ဘက်ကို မကြာခဏ ခေါင်းလှည့်တာ (ဥပမာ – ကားနောက်ဆုတ်တဲ့ အခါ ခေါင်းလှည့်ကြည့်တာမျိုး)
❗လည်ပင်း အရှေ့ငိုက်ပြီး အလေးအပင်မတာ (ဒါမှမဟုတ်) ပခုံးအပေါ်ဖက်အားကို သုံးပြီး ပစ္စည်းအလေးတွေဆွဲမ တင်တာ
❗️ပခုံးပေါ် အလေးအပင်တွေ တင်တာ / ထမ်းတာ
❗လည်ပင်းအရှေ့ငိုက်/ ခေါင်းငုံ့ပြီး အချိန်ကြာကြာ အလုပ်လုပ်တာ၊ စာဖတ်တာ
❗ကျီးပေါင်းလည်ပတ် (Cervical Collar) တွေကို အရမ်းမှီခိုတာ
❗ လည်ပင်းကို ဂျွတ်ကနဲ မြည်အောင် ဇက်ချိုးတာ
❗ခေါင်းအုံးတွေအများကြီး ဆင့်ပြီး အိပ်တာ……. စတာတွေကို ရှောင်ရှားသင့်ပါတယ်။

???? ဆောင်ရန်များ

???? စာဖတ်တဲ့အခါ၊ စာရိုက်တဲ့အခါ လည်ပင်းကို မတ်မတ်ထားပါ။
???? ခန္ဓာကိုယ်အနေအထားကို ပုံစံမှန်အောင် ထိန်းသိမ်းထားပါ။
???? ပုံမှန် (ဒါမှမဟုတ်) နိမ့်ပြီး အရွယ်အစားသင့်တော်တဲ့ ခေါင်းအုံးအမျိုးအစားကို ရွေးချယ်အိပ်ပါ။
???? အပူဓာတ်ပေးတာ (ဒါမှမဟုတ်) ဖြည်းဖြည်းချင်း နှိပ်ပေးတာ လုပ်လို့ရပါတယ်။ လည်ပင်းကို ကိုက်ခဲတာသက်သာစေမယ့် လိမ်းဆေးလိမ်းပြီး တစ်နေ့ သုံးကြိမ်လောက် သေချာ နှိပ်ပေးလို့ ရပါတယ်။
????ဝေဒနာပြင်းထန်လာရင် အကိုက်အခဲပျောက်ဆေး အပျော့စားတွေကို ဆရာဝန်ညွှန်ကြားထားတဲ့အတိုင်း သောက်သုံးလို့ရပါတယ်။
???? လည်ပင်းကို လေ့ကျင့်ခန်းလုပ်ပေးတာဟာ တောင့်တင်းနေတဲ့ အဆစ်တွေကို ဖြေလျှော့ပေးဖို့နဲ့ ကြွက်သားတွေ အားကောင်းစေဖို့ အကောင်းဆုံး ကုသနည်းတစ်ခု ဖြစ်ပါတယ်။
????အရိုးအကြောဆရာဝန် (ဒါမှမဟုတ်) ကျွမ်းကျင်တဲ့ပညာရှင်တွေနဲ့ တိုင်ပင်ပြီး ကြွက်သားနဲ့ အဆစ်တွေကို ညင်သာစွာ လှုပ်ရှားပေးပါက လည်ပင်းနာတာကို သက်သာစေနိုင်ပါတယ်။

.???? ဆရာဝန် နဲ့ ဘယ်ချိန်မှာ အရေးပေါ် ပြသရမလဲ?

???? အမြင့်မှ ပြုတ်ကျခြင်း (သို့) ထိခိုက်ဒဏ်ရာ ရပြီး လည်ပင်းထဲမှ ထိုးနာလျှင်
???? လည်ပင်းနာ ဇက်ကြောတက်ခြင်းနှင့် တွဲ၍ ခြေလက်များ ထုံကျဉ်ခြင်း၊ လှုပ်ရှားရခက်ခြင်း၊ ဆီးသွား၊ ဝမ်းသွားရခက်ခဲခြင်း ၊ ဖျားနာခြင်း၊ ခေါင်းကိုက်၊ ခေါင်းမူးခြင်း၊ အန်ခြင်း။
???? အကိုက်အခဲပျောက်ဆေးများ သောက်သော်လည်း မသက်သာခြင်း စသည်များရှိပါက ကျွမ်းကျင်တဲ့ ဆရာဝန်များကို ပြသဖို့ လိုကြောင်း ကိုလည်း မှာပါရစေ။

*****
????လည်ပင်းနာတာက ပုံမှန်ဆို ခဏတာလေးနဲ့ သက်သာပျောက်ကင်းနိုင်ပေမယ့် ခဏခဏ ဖြစ်တာ (ဒါမှမဟုတ်) ရက်ရှည်မပျောက်တာတွေဖြစ်ရင်တော့ ပေါ့ပေါ့ဆဆ မနေပဲ ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးကုသဖို့အကြံပေးပါရစေနော်????
*****
Reference:
Murtagh,J ,2016. Murtagh’s patient education. 6th Ed. Australia:Mcgraw-Hill Australia,pp.194

❤️ NUG, MOH တယ်လီကျန်းမာ ၊ လူတိုင်းအတွက်ပါ ❤️

???? တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှ အခမဲ့တိုင်ပင်ဆွေးနွေးနိုင်ပါသည်

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက်( https://m.me/telehealthmm )ကို နှိပ်ပါ

( နေ့စဉ် မနက် ၈နာရီမှ ည၁၀နာရီအထိ )

#nugmoh#telehealth#telemedicine
#teleconsultation#တယ်လီကျန်းမာ
#လည်ပင်းနာ#ဇက်ကြောတက်#painful_neck

Ministry of Health,

National Unity Government.

Published on: 9 February 2023
Last Updated: 9 February 2023

ဆက်စပ်ရာ ကျန်းမာရေးဆောင်းပါးများ

အိမ်လေးတစ်လုံးနဲ့ တူတဲ့သူ (A Person Like a Home)

‎🏡 အိမ်လေးတစ်လုံးနဲ့ တူတဲ့သူ (A Person Like a Home)‎‎လူ့ဘဝဆိုတာ ခရီးရှည်ကြီးတစ်ခုပါ။ ဒီခရီးလမ်းမှာ ကျွန်တော်တို့အားလုံးဟာ ခရီးသွားတွေသာ ဖြစ်ကြပါတယ်။ နေပူကျဲကျဲ လမ်းမတွေထက်မှာ လျှောက်လှမ်းရတဲ့အခါရှိသလို မိုးသည်းထန်စွာ ရွာသွန်းတဲ့ မုန်တိုင်းတွေကြား ဖြတ်သန်းရတဲ့ အခါတွေလည်း ရှိပါတယ်။‎ဒီလို ပင်ပန်းနွမ်းနယ်လာတဲ့အခါ လူတိုင်း...

အချဉ်ဖောက်ထားသောအစားအစာများ

‎အစားအစာတွေကို တစ်ခေတ်ဆန်းသစ်စေတဲ့ နည်းလမ်းအမျိုးမျိုးရှိတဲ့အနက် တစ်မျိုးကတော့ အချဉ်ဖောက်ထားတာလို့ဆိုရင် မမှားပါဘူး။ ‎သူတို့ရဲ့ အရသာဟာ ချိုချဉ်ငန်ခါးလို သာမန်အရသာမျိုးမဟုတ်ဘဲ တစ်မျိုးလေး ထူးဆန်းနေတတ်ပါတယ်။‎ဒီလိုအချဥ်ဖောက်ထားတာတွေက ‎ကျန်းမာရေးအတွက်လည်း အကျိုးပြုနေတတ်ပါတယ်။ ဘာလို့လဲဆိုတော့ အူလမ်းကြောင်းထဲမှာ အကျိုးပြုပိုးကောင်လေးတွေကို များပြား၊ ပွားများလာစေပြီး အူလမ်းကြောင်းရဲ့ကိုယ်ခံအားကို ကောင်းစေလို့ပါ။ အဲဒီကနေတစ်ဆင့် တစ်ကိုယ်လုံးရဲ့ ကိုယ်ခံအားကိုလည်း...

Dr Harry နှင့် လည်ပင်းသွေးကြောဒဏ်ရာ

Helloကျွန်တော် Dr Harry ပါ။ တိုက်ပွဲတွေက ဆက်တိုက်ဖြစ်ပြီး ခွဲခန်းမှာ ရဲဘော်တွေ ရော၊ စစ်ရှောင်တွေရော လက်မလည်အောင် ရှုပ်ရှက်ခတ်နေတာနဲ့ စာရေးဖို့ကို ဘယ်လိုမှအာရုံစိုက်လို့မရ ဖြစ်နေတာနဲ့ မရေးဖြစ်တာ ကြာသွားပြန်ပြီ။ လူနာမျိုးစုံ၊ ဒဏ်ရာမျိုးစုံ၊ အဖြစ်အပျက်မျိုးစုံနဲ့ စာရေးမယ်ဆို ရေးစရာတွေက အများကြီးပေမယ့် အချိန်လေးရတုန်း အိပ်ချင်တာနဲ့၊ ပင်ပန်းတာနဲ့၊...

ပြောင်းလဲခြင်းကို အလှပဆုံး လက်ခံတတ်ဖို့‎

‎ကျွန်မတို့ဟာ မိခင်ရဲ့ဝမ်းကနေ မွေးဖွားလာချိန်ကစပြီး ဒီကနေ့အထိ ပြောင်းလဲခြင်းများစွာကို ဖြတ်သန်းခဲ့ကြရပါတယ်။ တချို့သော ပြောင်းလဲမှုတွေက သိမ်မွေ့လွန်းတာကြောင့် ကိုယ်တိုင်တောင် သတိမထားမိဘဲ သဘာဝကျကျ ဖြတ်ကျော်နိုင်ခဲ့ကြပါတယ်။ ‎ဥပမာ - ကလေးဘဝကနေ လူငယ်ဘဝကို ကူးပြောင်းတာမျိုး၊ ကျောင်းသားဘဝကနေ လုပ်ငန်းခွင်ထဲ ရောက်သွားတာမျိုးတွေပေါ့။ ဒီလို အဆင့်ဆင့်ပြောင်းလဲတာတွေက တဖြည်းဖြည်းချင်း ဖြစ်ပေါ်လာတာမို့...