အမျိုးသမီးများ သားဥကြွေချိန် နာကျင်ခြင်း “Mittelschmerz Pain” (April 2023)

“အမျိုးသမီးများ သားဥကြွေချိန် နာကျင်ခြင်း (Mittelschmerz pain)”

အမျိုးသမီးတွေတိုင်းမှာ ရာသီစက်ဝန်းနဲ့ ပတ်သက်ပြီး နာနာကျင်ကျင် ခံစားရတဲ့ အချိန် (၂) ချိန် ရှိပါတယ်။

တစ်ချိန်ကတော့ အများသိကြတဲ့အတိုင်း ဓမ္မတာလာတဲ့အချိန် ခံစားရတာဖြစ်ပြီး နောက်တစ်ချိန်ကတော့ ရာသီမတိုင်ခင် (၁၄) ရက် (အတိအကျပြောရရင် သားဥကြွေတဲ့အချိန်) မှာ ခံစားရတဲ့ နာကျင်မှုပဲ ဖြစ်ပါတယ်။ ဒါကိုတော့ ဆေးပညာအခေါ်အဝေါ်အရ Mittelschmerz pain လို့ ခေါ်ပါတယ်။ သူကတော့ ဂျာမန်စကားက ဆင်းသက်လာတာဖြစ်ပြီး Middle pain လို့ အဓိပ္ပာယ်ရပါတယ်။

ဝမ်းဗိုက်အောက်ပိုင်း ဆီးစပ်ရဲ့ တစ်ဘက်မှာပဲ နာကျင်လေ့ရှိပြီး ရာသီစက်ဝန်းရဲ့ ကြားကာလ (တစ်နည်းပြောရရင်) နောက်ထပ်ရာသီလာချိန်မတိုင်ခင် (၁၄) ရက်ခန့်အလိုမှာ နာကျင်တတ်တာ ဖြစ်ပါတယ်။

Mittelschmerz pain ဟာ (၄၀) ရာခိုင်နှုန်းသော အမျိုးသမီးတွေမှာ ပုံမှန်ဖြစ်ပေါ်လေ့ရှိတာကို တွေ့ရပါတယ်။
..
..

????ခံစားရတဲ့ လက္ခဏာတွေကတော့ …

* ဝမ်းဗိုက်ရဲ့ တစ်ဘက်တည်းမှာ နာကျင်လေ့ရှိပါတယ်။

* ရာသီလာစဥ်အချိန်တွေမှာ နာတာနဲ့ အတူတူပါပဲ။

* ရုတ်တရက် စူးအောင့်ပြီးတော့ နာကျင်တာဖြစ်ပါတယ်။

* တစ်ခါတစ်ရံမှာတော့ ရာသီသွေးနည်းနည်းဆင်းတာမျိုးနဲ့ တွဲဖြစ်တတ်ပါတယ်။

* မိနစ်အနည်းငယ်ပဲ နာကျင်တတ်ပေမယ့် တစ်ခါတလေတော့ ရက်ပိုင်းတွေအထိ နာကျင်တာမျိုးတွေလည်း ရှိတတ်ပါတယ်။

* ပြင်းပြင်းထန်ထန် နာကျင်တာမျိုးတော့ ရှားပါတယ်။

* နာကျင်တာက တစ်ဘက်တည်းပဲ လတိုင်းနာကျင်တာ ဖြစ်နိုင်သလို တစ်ခါတစ်ရံမှာ ဘက်ပြောင်းတတ်ပါတယ်။

ကိုယ့်ရဲ့ ရာသီစက်ဝန်းကို လစဥ်မှတ်ထားပြီးတော့ ဒီလိုအချိန်တွေမှာ နာကျင်တယ်၊ ဆေးသောက်စရာမလိုဘဲ ပျောက်ကင်းသွားတယ်ဆိုရင် ဒါဟာ Mittelschmerz pain ဖြစ်ဖို့ များပါတယ်။
..
..

????ဘာကြောင့် Mittelschmerz pain ဖြစ်ရတာလဲ…?

ပုံမှန်အားဖြင့် သားဥလေးတွေကို သားဥအိမ်ထဲမှာရှိတဲ့ follicle လို့ခေါ်တဲ့ အရည်အိတ်ကလေးတွေမှာ သိမ်းထုပ်ထားပါတယ်။ အဲ့ဒီ အိတ်ကလေးတွေထဲမှာ သားဥလေးက တဖြည်းဖြည်း ကြီးလာပါတယ်။ အဲ့ဒီအတွက်ကြောင့် သိမ်းထုပ်ထားတဲ့ အရည်အိတ်လေးတွေကပါ ဆွဲဆန့်ခံရသလိုဖြစ်ပြီး သားဥလေးကြွေဖို့အတွက် အရည်အိတ်လေးက ပေါက်ထွက်ပေးရပါတယ်။ အဲ့ဒါကြောင့် သားဥကြွေတဲ့အချိန် နာကျင်တာဖြစ်တယ်လို့ အဆိုရှိကြပါတယ်။

ဒါ့အပြင် ပျက်စီးသွားတဲ့ သားဥလေးဆီက ထွက်လာတဲ့ အရည်တွေ၊ သွေးတွေက ဝမ်းဗိုက်နံရံတွေကို သွားပြီး လှုံ့ဆော်ပေးသလို ဆွပေးသလို ဖြစ်တဲ့အတွက်ကြောင့်လည်း နာကျင်တာဖြစ်နိုင်တယ်ဆိုပြီး ယူဆချက်တွေ ရှိကြပါတယ်။
..
..

???? ဘယ်လို ကုသလို့ ရနိုင်လဲ…?

အကိုက်အခဲ ပျောက်ဆေးတွေ သောက်သုံးလို့ ရပါတယ်။ ဒါပေမယ့် အကိုက်အခဲပျောက်‌ဆေးတွေမှာ ဘေးထွက်ဆိုးကျိုးတွေ ရှိတဲ့အတွက်ကြောင့် ဆရာဝန် ညွှန်ကြားချက်အတိုင်း သောက်သုံးဖို့ အရေးကြီးပါတယ်။
.

* သားဥကြွေလို့ နာကျင်တာအပြင် အဖျားပါရှိနေရင်

* ဆီးသွားတဲ့အခါ နာကျင်ရင်

* နာတဲ့နေရာမှာ အရေပြားနီနေတာ၊ ဒါမှမဟုတ် ပူစပ်ပူလောင် ခံစားနေရင်

* ပြင်းပြင်းထန်ထန် ပျို့ရင်၊ အန့်ရင်

* ရက်ပိုင်းကြာတဲ့အထိ နာကျင်နေရင်

* အကိုက်အခဲပျောက်ဆေးတွေ သောက်ပြီးတာတောင် မသက်သာခဲ့ရင်

* ရာသီအချိန်မတိုင်ခင် သွေးအများကြီးဆင်းရင် … စတာတွေဖြစ်ရင်တော့ မပေါ့ဆဘဲ ဆရာဝန်နဲ့ စနစ်တကျ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။
..
..

???? အိမ်တွင်းကုသလို့ ရတဲ့ နည်းလမ်းတွေ အနေနဲ့ကတော့…

* နာကျင်တဲ့နေရာကို ရေနွေးအိတ်ကပ်ပေးတာ

* ရေနွေးနဲ့ ရေချိုးတာမျိုးတွေ လုပ်ပေးလို့ ရပါတယ်။
..
..

ဒီလာက်ဆိုရင်တော့ အမျိုးသမီးတွေအနေနဲ့ မိမိတို့ ရာသီစက်ဝန်းဆိုင်ရာ ဗဟုသုတတွေကို ဖတ်ရှုပြီး အသိပညာတိုးလို့ သာယာလှပတဲ့ ရာသီစက်ဝန်းတိုင်းကို ပိုင်ဆိုင်နိုင်ကြပါစေနော်။

Reference – ???? https: //www. mayoclinic. org/diseases-conditions/ mittelschmerz/ symptoms-causes / syc-20375122

https: //www .mayoclinic. org/diseases-conditions /mittelschmerz /diagnosis-treatment/drc-20375126

https: //my. clevelandclinic. org/health/diseases/9134-ovulation-pain-mittelschmerz

❤️ NUG, MOH တယ်လီကျန်းမာ ၊ လူတိုင်းအတွက်ပါ ❤️

???? တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှ အခမဲ့တိုင်ပင်ဆွေးနွေးနိုင်ပါသည်
* ပိတ်ရက်မရှိပါ *

ကြိုတင်ဘိုကင်ယူရန်အတွက်(https://m.me/telehealthmm)ကို နှိပ်ပါ

(နေ့စဥ် မနက် ၈နာရီမှ ည၁၀နာရီအထိ)

#nugmoh#telehealth#telemedicine
#teleconsultation#တယ်လီကျန်းမာ#Telekyanmar#mittleschmerz_pain

Ministry of Health,

National Unity Government.

Published on: 17 April 2023

Last updated: 17 April 2023

ဆက်စပ်ရာ ကျန်းမာရေးဆောင်းပါးများ

မျိုးရိုးလိုက်သော ဆီးချို

"မျိုးရိုးလိုက်သော ဆီးချို" (လူနာသည် ဆေးစစ်ချက် အဖြေစာရွက်ကို ကိုင်ကာ မျက်နှာမကောင်းစွာဖြင့် ဆရာဝန်ရှေ့သို့ ရောက်လာသည်) ဆရာဝန်။ ကိုဘမောင်… ခင်ဗျားရဲ့ သွေးစစ်တဲ့ အဖြေတွေထဲမှာ ဆီးချိုတွေက အတော်လေးကို တက်နေတာဗျ။ သတိထားမှ ရတော့မယ့် အနေအထားပဲ။ လူနာ။ ဟုတ်ကဲ့ ဆရာ။ ထင်တယ်။ ကျွန်တော်လည်း တစ်နေ့နေ့မှာ ဆီးချို...

မှတ်ဉာဏ်ချွတ်ယွင်းမှုရောဂါ (Dementia) ဝေဒနာရှင်ကို ပြုစုစောင့်ရှောက်သူများအတွက် အမှာစကား

ဒီအခန်းဆက် ဆောင်းပါးလေးမှာ နောက်ဆုံးနဲ့ အရေးအကြီးဆုံးအပိုင်း ဖြစ်ပါတယ်။ လူနာကိုလည်း ပြုစုရင်း မိမိကိုယ်ကိုယ်လည်း ပြန်လည်ရှာဖွေခြင်းလို့ အမည်ပေးထားပါတယ်။ မှတ်ဉာဏ်ချွတ်ယွင်းမှုရောဂါ (Dementia) ဝေဒနာရှင်တစ်ဦးကို အိမ်မှာ အနီးကပ်ပြုစုရတဲ့ မိသားစုဝင်တွေဟာ ကမ္ဘာပေါ်မှာ အပင်ပန်းဆုံးနဲ့ အနစ်နာအခံရဆုံးသူလေးတွေ ဖြစ်ကြပါတယ်။ လူနာရဲ့ စိတ်နေစိတ်ထား ပြောင်းလဲတာတွေ၊ ညဘက် မအိပ်တာတွေကို...

ခန္ဓာကိုယ်တွင်း ဇီဝနာရီ Circadian Rhythm

ဘာလို့ ညဘက်ဆို အလိုလို မျက်စိမှိတ်ချင်လာပြီး မနက်ခင်းဆို အချက်ပေးစက် မမြည်ခင်ကတည်းက အလိုလို နိုးလာတတ်တာလဲ။ ဒါက ကံတိုက်ဆိုင်တာ မဟုတ်သလို အလေ့အကျင့်သက်သက်ကြောင့်လည်း မဟုတ်ပါဘူး။ ကျွန်မတို့ ခန္ဓာကိုယ်ထဲမှာ ၂၄ နာရီပတ်လုံး တိတိကျကျ လည်ပတ်နေတဲ့ သဘာဝ "ဇီဝနာရီ" တစ်လုံး ရှိနေလို့ပဲ ဖြစ်ပါတယ်။...

အယူအဆလွဲများ (၄၀)

❌ အယူအဆလွဲ >>> ထိခိုက်ဒဏ်ရာ၊ အနာ ဒါမဟုတ် ခွဲစိတ်ထားမှုတစ်ခုခု ရှိနေချိန်မှာ ကြက်ဥစားလိုက်ရင် အနာပြည်တည်တတ်တယ်၊ ပုပ်လွယ်တယ်၊ အမာရွတ် ကျန်ခဲ့မယ်။ ☑️ အမှန် >>> ကြက်ဥဟာ အနာကျက်မြန်စေတဲ့ ပရိုတင်း (Protein) နဲ့ အာဟာရဓာတ်တွေ ကြွယ်ဝစွာ ပါဝင်တာကြောင့် အနာရှိချိန်မှာ...