မီနူး

“Milia လို့ခေါ်တဲ့ အဆီဖုလေးများ” (May 2023)

“Milia လို့ခေါ်တဲ့ အဆီဖုလေးများ”

မျက်နှာမှာဖြစ်လေ့ရှိတဲ့ အဖြူရောင်အဖုသေးသေးလေးတွေကို Milia လို့ခေါ်ကြပါတယ်။ အများစုက ဒီအဖုလေးတွေအကြောင်း သိပ်မသိကြသလို အန္တရာယ်လည်းမရှိတာကြောင့် ထွေထွေထူးထူးကုသဖို့လည်း မလိုပါဘူး။

..

◾Milia ဆိုတာ ဘာလဲ ?

Milia ဆိုတာ အရေပြားပေါ်မှာ ဖြစ်လေ့ရှိတဲ့ သေးငယ်တဲ့ အဖြူရောင်အဖုအပိန့် (ဝက်ခြံ/အရည်ကြည်) တွေပဲ ဖြစ်ပါတယ်။ Milia ဟာ မွေးကင်းစကလေးငယ်တွေရဲ့မျက်နှာမှာ အဖြစ်များပြီး လူကြီး/လူငယ်၊ ကျား/မ မရွေး ခန္ဓာကိုယ်ရဲ့ ဘယ်အစိတ်အပိုင်းမှာမဆို ဖြစ်နိုင်ပါတယ်။ Milk spots or Oil seeds လို့လည်း ခေါ်ကြပြီး မွေးကင်းစကလေးငယ်တွေရဲ့ ၄၀-၅၀ % လောက်မှာ ဖြစ်လေ့ရှိပါတယ်။

..

..

◾Milia ရဲ့ ရောဂါလက္ခဏာတွေက ဘာတွေလဲ ?

Milia ဟာ ပါးပြင်၊ မေးစေ့ (ဒါမှမဟုတ်) နှာခေါင်းမှာ ဖြစ်လေ့ရှိတဲ့ အဖြူရောင်အဖုသေးသေးလေးတွေ ဖြစ်ပါတယ်။ ခန္ဓာကိုယ်အနှံ့ အထူးသဖြင့် ကိုယ်လုံးနဲ့ ခြေလက်တွေမှာလည်း ဖြစ်နိုင်ပါတယ်။ Epstein pearls လို့ခေါ်တဲ့ အလားတူအခြေအနေမျိုးကို သွားဖုံး (သို့) အာခေါင်တို့မှာ တွေ့ရတတ်ပါတယ်။ ဒီ Epstein pearls တွေဟာ မွေးကင်းစကလေးတွေမှာ အလွန်အဖြစ်များပါတယ်။

Milia တွေဟာ ပုံမှန်အားဖြင့် ရောဂါလက္ခဏာပြလေ့မရှိပါဘူး။ နာကျင်တာ၊ ယားယံတာမျိုးလည်း မရှိပါဘူး။ ရောင်ရမ်းတာ၊ နာကျင်တာနဲ့ အရည်လေးတွေထွက်လာတာလိုမျိုး ပိုဆိုးလာတဲ့လက္ခဏာတွေကတော့ ဝက်ခြံရဲ့လက္ခဏာတွေ ဖြစ်ပါတယ်။

..

..

◾ဘာတွေကြောင့် Milia ဖြစ်နိုင်လဲ ?

ခန္ဓာကိုယ်အရေပြားက ဆဲလ်သေတွေကို ဖယ်ရှားပေးပြီး ဆဲလ်အသစ်အသစ်တွေကို ဖြစ်ပေါ်စေပါတယ်။ အရေပြားဆဲလ်သေတွေ မကွာကျတဲ့အခါ Milia အဖုလေးတွေ ဖြစ်ပေါ်လာပါတယ်။ ဆဲလ်သေတွေဟာ အရေပြားအသစ်အောက်မှာ ပိတ်မိပြီး Milia ဖြစ်လာတာပဲ ဖြစ်ပါတယ်။

* အဖုအပိန့်၊ ဒဏ်ရာ၊ နေရောင်ခြည်ထိတွေ့မှု စတာတွေကြောင့် အရေပြားပျက်စီးမှု

* စတီးရွိုက်ဆေးတွေကို ရေရှည်အသုံးပြုတာနဲ့

* Autoimmune ရောဂါအခြေအနေတွေကြောင့်လည်း Milia ဖြစ်နိုင်ပါတယ်။

ကလေးတွေဟာ Milia ဖြစ်နိုင်ခြေ များပါတယ်။ ကလေးတွေရဲ့အရေပြားဟာ သူ့အလိုလိုအစားထိုးနည်းကို သင်ယူနေဆဲဖြစ်တာကြောင့် တစ်ခါတလေ Milia နဲ့ Baby Acne တွေ ဖြစ်တတ်ပါတယ်။

..

..

◾Milia ကို ပိုဖြစ်စေနိုင်တဲ့အချက်တွေကတော့ …

* အသားအရေကို ကောင်းစွာမထိန်းသိမ်းတာ

* ချွေးပေါက်ပိတ်စေတဲ့ အလှကုန်ပစ္စည်း (cosmetics and makeup) တွေ သုံးတာ

* အိပ်ရေးမဝတာ

* ဗောက်၊ နှင်းခူစတဲ့ အရေပြားပြဿနာတွေပဲ ဖြစ်ပါတယ်။

..

..

◾Milia ကို ဘယ်လိုကုသလို့ ရနိုင်လဲ ?

Milia အဖုလေးတွေဟာ ရက်သတ္တပတ် (သို့) လအနည်းငယ်ကြာတဲ့အခါ သူ့အလိုလိုပျောက်သွားတတ်ပါတယ်။ တစ်ခါတစ်ရံ အဖုလေးတွေကို ထိုးဆွချင်စိတ်တွေ ဖြစ်တတ်ပါတယ်။ ဒါပေမယ့် ဒီလိုလုပ်ခြင်းဟာ ပိုဆိုးစေနိုင်ပြီး နောက်ဆက်တွဲပိုးဝင်တာနဲ့ အမာရွတ်ကျန်ခဲ့တာတွေ ဖြစ်လာနိုင်ပါတယ်။

အသက် ၁၈ နှစ်အထက် လူကြီးတွေမှာတော့ အဖုလေးတွေပျောက်ကင်းဖို့ salicylic acid, alpha hydroxy acid လိုမျိုး အရေပြားဆဲလ်သေတွေကို ဖယ်ရှားပေးနိုင်တဲ့ exfoliating cosmetics တွေနဲ့ retinoid တွေ သုံးနိုင်ပါတယ်။

ကလေးငယ်ရဲ့အရေပြားဟာ နူးညံ့လွန်းတာကြောင့် အဆီ၊ လိုးရှင်းနဲ့ အခြား cosmetics တွေ မသုံးသင့်ပါဘူး။ ကလေးငယ်ရဲ့ မျက်နှာကို ရေနွေး၊ ကလေးဆပ်ပြာတို့နဲ့ နေ့စဉ်ဆေးကြောပေးပြီး သေချာခြောက်သွေ့အောင် လုပ်ပေးနိုင်ပါတယ်။

အပေါ်ကနည်းလမ်းတွေနဲ့ မသက်သာဘူးဆိုရင်တော့ ဆရာဝန်နဲ့ပြသပြီး ကုသမှုခံယူသင့်ပါတယ်။ ရှားရှားပါးပါး တစ်ခါတလေ အရေပြားဆရာဝန်တွေက ခွဲစိတ်ဖယ်ရှားနည်းကို သုံးတတ်ပါတယ်။

..

..

◾Milia မဖြစ်အောင် ဘယ်လိုကာကွယ်လို့ရနိုင်လဲ ?

Milia လုံးဝမဖြစ်အောင်တော့ ကာကွယ်လို့မရနိုင်ပါဘူး။ ဒါပေမယ့် အသားအရေကို သေချာဂရုစိုက်မယ်ဆိုရင်တော့ Milia ဖြစ်တာသက်သာစေနိုင်ပါတယ်။

* နေရောင်ကာခရင်မ်နဲ့ အစိုဓာတ်ထိန်းပေးတဲ့ moisturizer ကို အသုံးပြုပါ။ Milia ဟာ နေရောင်နဲ့ အလွန်အကျွံထိတွေ့မိတဲ့အခါ ဖြစ်တတ်ပါတယ်။ ဒီအခါမှာ အရေပြားဟာ သားရေလိုမျိုးဖြစ်လာပြီး ဆဲလ်သေတွေကိုဖယ်ရှားဖို့ ခက်ခဲလာတတ်ပါတယ်။

နေရောင်ကာခရင်မ်နဲ့ အစိုဓာတ်ထိန်းခရင်မ်တွေဟာ အသားအရေကို နူးညံ့ပျော့ပျောင်းစေပါတယ်။ ဆောင်းရာသီနဲ့ အိမ်တွင်းပြတင်းပေါက်တွေအနီးမှာ အချိန်ကြာမြင့်စွာ နေတဲ့အခါမျိုးတွေမှာတောင် နေရောင်ကာခရင်မ်ကို အသုံးပြုသင့်ပါတယ်။

* လိမ်းဆေးတွေ ထူထဲစွာလိမ်းတာကို ရှောင်ပါ။ ဒါတွေက အရေပြားကို ယားယံစေပြီး ချွေးပေါက်တွေကို ပိတ်ဆို့စေနိုင်ပါတယ်။

* မျက်နှာကို သန့်ရှင်းအောင်ထားပါ။ Cosmetics တွေ သုံးတဲ့အခါ မိတ်ကပ်ဖျက်ဆေးကို သေချာပြန်သုံးပေးရပါမယ်။ အညစ်အကြေးနဲ့ ချွေးတွေဟာ ချွေးပေါက်တွေကို ပိတ်ဆို့လာစေပြီး ဝက်ခြံနဲ့ အရေပြားပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ မျက်နှာပေါ်က အညစ်အကြေးတွေကို နေ့စဉ်ဖယ်ရှားပေးရင် အသားအရေကို ဖြူဝင်းလာစေပြီး ဆဲလ်သေတွေကို ဖယ်ရှားပေးနိုင်ပါတယ်။

* သင်နဲ့ သင့်ကလေးဟာ milia breakouts ဖြစ်နိုင်တယ်ဆိုရင် အသားအရေကိုကာကွယ်ဖို့ အရေးကြီးကြောင်း ကလေးတွေကို သင်ပေးပါ။ ကလေးငယ်တွေ အသက်ကြီးလာတာနဲ့အမျှ နေရောင်ကာခရင်မ်အသုံးပြုတာ၊ ဦးထုပ်နဲ့ အခြားနေရောင်ခြည် အကာအကွယ်အဝတ်အစားတွေ ဝတ်ဆင်တာတို့ကို သင်ကြးပေးထားခြင်းဖြင့် နေရောင်ခြည်ဒဏ်မှ ကာကွယ်သင့်ပါတယ်။

Reference ????:

https://www.webmd.com/skin…/what-to-know-about-milia

❤️ NUG, MOH တယ်လီကျန်းမာ ၊ လူတိုင်းအတွက်ပါ ❤️

???? တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှ အခမဲ့တိုင်ပင်ဆွေးနွေးနိုင်ပါသည်

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် (https://m.me/telehealthmm) ကို နှိပ်ပါ

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

#nugmoh#telehealth#Telekyanmar#telemedicine#teleconsultation#တယ်လီကျန်းမာ#Milia#အဆီဖုလေးများ

Ministry of Health,

National Unity Government.

Published on: 18 May 2023

Last updated: 18 May 2023

ဆက်စပ်ရာ ကျန်းမာရေးဆောင်းပါးများ

‎ဦးနှောက် Error တက်ခြင်း (သို့) ခဏခဏမေ့တတ်တဲ့ပြဿနာ

‎ဦးနှောက် Error တက်ခြင်း (သို့) ခဏခဏမေ့တတ်တဲ့ပြဿနာ‎‎ဖြစ်စဥ် (၁) - မနက်ခင်းမှာ ကော်ဖီသောက်ဖို့ မီးဖိုချောင်ကို ဝင်လိုက်တယ်။ တံခါးဝရောက်တော့မှ "ငါ ဘာလာလုပ်တာပါလိမ့်" ဆိုပြီး ဖြစ်သွားတယ်။ ကော်ဖီခွက်က လက်ထဲမှာရှိနေတယ်။ ရေနွေးအိုးကိုလည်း မြင်‌နေရတယ်။ ဒါပေမယ့် ဦးနှောက်က ဘာလုပ်ရမှန်း မသိတော့ဘူး။‎‎ဖြစ်စဥ်...

အမေ့လျော့ခံ သူရဲကောင်းလေး ဇင့် (Zinc)‎

‎‎အမေ့လျော့ခံ သူရဲကောင်းလေး ဇင့် (Zinc)‎‎ဇင့်ဓာတ် (Zinc) ဆိုတဲ့ သွပ်ဓာတ်ဟာ ခန္ဓာကိုယ်ရဲ့ ကိစ္စအဝဝမှာ ဇာတ်ပို့အဖြစ် လုပ်ဆောင်ပေးတဲ့ သူရဲကောင်းတစ်ယောက်ပါ။ နေမကောင်းဖြစ်ရင် ဗီတာမင် စီ (vitamin C) ကိုသောက်ဖို့ သတိရကြပေမယ့် ဇင့်ဓာတ်ဟာ နာလန်ထစလူနာတွေအတွက် မရှိမဖြစ်ပါ။ တချို့တွေမှာဆို ငယ်ငယ်တုန်းက လက်သည်းပန်းကုံးလေးတွေ...

Endorphins သိုမဟုတ် နာကျင်မှုတွေကြားက အပြုံးပန်းတစ်ပွင့်‎

ကျွန်တော့်မိတ်ဆွေတစ်ယောက်ရဲ့ သူအသည်းကွဲတုန်းကအကြောင်းကို ပြန်ပြီးဖောက်သည်ချပြပါရစေ။‎‎အရင်က သူဟာ အားကစားဆို ဝေးရော။ လမ်းလျှောက်တာလေးလောက်ကိုတောင် မလုပ်ချင်တဲ့သူပါ။ ဒါပေမယ့် အသည်းကွဲပြီးနောက်ပိုင်း နေမရထိုင်မရ ဖြစ်နေရှာတာနဲ့ "စိတ်ထွက်ပေါက်အဖြစ် Gym လေးသွားဆော့ကြည့်ပါလား" လို့ ကျွန်တော်က အကြံပေးလိုက်ပါတယ်။‎‎အစပိုင်းမှာတော့ သူက ညည်းပါတယ်။ "တစ်ကိုယ်လုံး ကိုက်ခဲနေတာပဲ။ မသွားချင်တော့ဘူး" လို့...

‎မှီခိုလွန်းသော စရိုက် (Dependent Personality Trait)

လူသားတစ်ဦး၏ စိတ်နေစရိုက် ဖွံ့ဖြိုးမှုတွင် ကလေးဘဝသည် အရေးအကြီးဆုံး အုတ်မြစ်ဖြစ်ပါသည်။ ထိုအုတ်မြစ်ကို ချစ်ခြင်းမေတ္တာ၊ နွေးထွေးနားလည်မှု၊ ဂရုစိုက်ကြင်နာမှုတို့ဖြင့် တည်ဆောက်ရမည်ဖြစ်သော်လည်း တစ်ခါတစ်ရံတွင် မိဘများ၏ "အလိုလိုက်မှု လွန်ကဲခြင်း" နှင့် "အကာအကွယ်‌ပေးမှု လွန်ကဲခြင်း" ကြောင့် ကလေး၏ ကိုယ်ပိုင်ရပ်တည် ရှင်သန်နိုင်စွမ်းကို သိသိသာသာ ထိခိုက်စေတတ်ပါသည်။‎‎အရွယ်ရောက်ပြီးသော်လည်း...