မီနူး

“ဂရုပြုစရာ မှဲ့ကင်ဆာ (Melanoma)”

“ဂရုပြုစရာ မှဲ့ကင်ဆာ (Melanoma)”

မှဲ့ကင်ဆာဆိုတာ အင်မတန်အန္တရာယ်များလှတဲ့ အရေပြားကင်ဆာတစ်မျိုးပါ။ မှဲ့ကင်ဆာဟာ မှဲ့တစ်မျိုးတည်းကနေ ဖြစ်ပေါ်လာတာမဟုတ်ဘဲ အများစုဟာ ပုံမှန်အရေပြားကနေ ဖြစ်ပွားတတ်တယ်လို့လည်း ဆိုပါတယ်။

????မှဲ့ကင်ဆာ ဆိုတာ…

ကျွန်တော်တို့ ခန္ဓာကိုယ်အရေပြားဆဲလ်တွေမှာ အရေပြားအရောင်ကို ဖြစ်ပေါ်စေတဲ့ Melanocyte လို့ခေါ်တဲ့ ရောင်ခြယ်ဆဲလ်တွေ အမြောက်အများရှိပါတယ်။

ဒီ ရောင်ခြယ်ထုတ်လုပ်ဖန်တီးပေးတဲ့ Melanocyte ဆဲလ်ကလေးတွေ ​ပုံစံပြောင်းလဲဖောက်ပြန်ရာကနေ မှဲ့ကင်ဆာ စတင်ဖြစ်ပွားပါတယ်။

မှဲ့ကင်ဆာဟာ အမည်းစက်ပုံစံ၊ တင်းတိပ်ပုံစံ၊ မှဲ့ပုံစံ အမျိုးမျိုးဖြစ်နိုင်ပြီး အညို၊ အနက် စသဖြင့် အရောင်အမျိုးမျိုးလည်း ဖြစ်ပွားနိုင်ပါတယ်။

လူ ၆၀ မှာ တစ်ဦးနှုန်းနဲ့ မှဲ့ကင်ဆာဖြစ်ပွားနိုင်ခြေရှိတယ်လို့လည်း သုသေတနစာတမ်းတွေက ဆိုပါတယ်။ အသက် ၁၅ နှစ်ကနေ ၄၀ နှစ်အရွယ် လူလတ်ပိုင်းတွေမှာ အဖြစ်များပြီး၊ အသက်အရွယ်ကြီးရင့်လာလေ မှဲ့ကင်ဆာဖြစ်ပွားနိုင်ခြေ ပိုများလာလေဖြစ်ပါတယ်။

..

..

????မှဲ့ကင်ဆာ အဖြစ်များနိုင်တဲ့ သူတွေကတော့

– မှဲ့ အများအပြားရှိတဲ့သူတွေ

– တင်းတိပ်၊ အမည်းစက် အခံရှိသူတွေ

– အသားဖြူတဲ့သူတွေ

– နေလောင်လွယ်ပြီး အထိအခိုက်မခံတဲ့ အသားအရည်ပိုင်ရှင်တွေ

– ခရမ်းလွန်ရောင်ခြည်နဲ့ အထိအတွေ့များသူတွေ၊ နေရောင်ရခံပါများသူတွေ

– ခန္ဓာကိုယ်ခုခံအားနည်းနေသူတွေနဲ့

– မိသားစုမှာ မှဲ့ကင်ဆာ/ အရေပြားကင်ဆာ ဖြစ်တဲ့မျိုးရိုးရှိရင် မှဲ့ကင်ဆာဖြစ်ဖို့ ပိုလို့အခွင့်အလမ်းများပါတယ်။

မှဲ့ကင်ဆာ ဘာလို့ဖြစ်ရတယ်ဆိုပြီး တိတိကျကျ မသိနိုင်သေးပေမယ့် နေလောင်ခံရတာများတဲ့အခါနဲ့ ခရမ်းလွန်ရောင်ခြည် ထိတွေ့ခံရပါများသူတွေမှာ အဖြစ်များတယ်လို့ လေ့လာမှုတွေကဆိုပါတယ်။

????မှဲ့ကင်ဆာ ဖြစ်ပွားတတ်တဲ့ အရေပြားနေရာတွေကတော့…

အဓိကအားဖြင့် နေရောင်ထိတွေ့တာများတဲ့ အရေပြားနေရာတွေမှာ ဖြစ်ပွားပါတယ်။

အမျိုးသားတွေမှာ ခြေထောက်နဲ့ အမျိုးသမီးတွေမှာဆိုရင် နောက်ကျောဘက်တွေမှာ ပိုအဖြစ်များလေ့ရှိတယ် ဆိုပါတယ်။

မျက်လုံးထဲက အာရုံခံမြင်လွှာ (Retina)၊ လက်သည်းခွံအောက်ဘက်နေရာတွေ၊ နှာခေါင်းအတွင်း၊ ပါးစပ်နဲ့ လည်ချောင်းထဲ၊ မိန်းမကိုယ်နေရာ စတဲ့ နေရောင်ခြည်မထိတဲ့ အရေပြားနေရာတွေမှာလည်း မှဲ့ကင်ဆာဖြစ်ပွားတတ်ပါတယ်။

????ဂရုပြုဖွယ် မှဲ့ကင်ဆာ လက္ခဏာတွေကတော့ …

• အရေပြားကနေ ပုံမှန်မဟုတ်တဲ့ အစက်အပြောက်လေး၊ အလုံးလေး၊ အရောင်ပြောင်းတာလေးကနေ မှဲ့ကင်ဆာ စတင်နိုင်သလို…

• ရှိရင်းစွဲ မှဲ့ကနေ အညို၊ အနက်၊ အနီ၊ အပြာ၊ အဖြူ စသည်ဖြင့် အရောင်ပြောင်းလာမယ်…

• မှဲ့အရွယ်အစား ကြီးထွားလာမယ်၊ ပိုလို့ထူထူထဲထဲ ဖြစ်လာမယ်…

• မှဲ့ဘေးပတ်လည်အ​ရေပြားနေရာတွေဟာ ပုံမှန်လို ချောမွေ့မနေတော့ဘူး

• မှဲ့ကနေ သွေးထွက်မယ်၊ ယားယံနေတတ်မယ် စတဲ့ လက္ခဏာတွေဟာ မှဲ့ကင်ဆာစတင်ဖြစ်ပွားဖို့ ကနဦးလက္ခဏာတွေပါပဲ။

မှဲ့ကင်ဆာဟာ စောစောသိ စောစောကုသရင် အမြစ်ပြတ်ပျောက်ကင်းစေတတ်တဲ့ အရေပြားကင်ဆာတစ်မျိုးဖြစ်လို့ ကိုယ့်ရဲ့အရေပြားမှာ ပုံမှန်မဟုတ်တဲ့ အဖုအလုံး၊ အစက်အပြောက်တွေပေါ်လာရင် (ဒါမှမဟုတ်) ရှိရင်းစွဲ မှဲ့ကနေ မူမမှန်ပြောင်းလဲမှုတွေကို စတင်သတိထားမိရင် မှဲ့ကင်ဆာသံသယအဖြစ် မှတ်ယူပြီး ဆရာဝန်နဲ့ပြသစစ်ဆေးကြည့်ဖို့ တိုက်တွန်းပါရစေ။

???? မှဲ့ကင်ဆာကို ဘယ်လိုအဖြေရှာ ကုသလဲ ?

အရေပြားဆရာဝန်က အဏုကြည့်မှန်ပြောင်းနဲ့ ကြည့်ရှုစစ်ဆေးပြီး၊ လိုအပ်ရင် အသားစယူပြီး မှဲ့ကင်ဆာ အတည်ပြုပေးပါလိမ့်မယ်။

မှဲ့ကင်ဆာဟာ အဆင့်နိမ့် ရောဂါနုစဥ်မှာ မြန်မြန်ခွဲစိတ်ဖယ်ထုတ် ကုသမှုပြုနိုင်ပြီး၊ စောစီးစွာ ခွဲစိတ်ဖယ်ထုတ်သူတွေရဲ့ ၉၅% ဟာ မှဲ့ကင်ဆာ ပျောက်ကင်းသက်သာတယ်လို့ စစ်တမ်းတွေက ဆိုပါတယ်။

ခွဲစိတ်ပြီးတဲ့အခါလည်း အရေပြားကို မှန်မှန်စစ်ဆေးဖို့ ဆရာဝန်က လိုအပ်သလို ညွှန်ကြားပါလိမ့်မယ်။

????မှဲ့ကင်ဆာ မဖြစ်ပွားရလေအောင် ဆောင်ရန်၊ ရှောင်ရန်တွေအနေနဲ့…

– ခရမ်းလွန်ရောင်ခြည်မှ ကာကွယ်ပါ

– နေပူထဲသွားတိုင်း နေရောင်ကာကွယ်လိမ်းဆေးခရင်မ် (Suncream) တွေလိမ်းပါ။

– ဦးထုပ်၊ အင်္ကျီလက်ရှည်၊ ဘောင်းဘီရှည် စတဲ့ နေပူခံတဲ့ အဝတ်စားတွေ ဝတ်ဆင်ပါ။

– နေပူရှိန်ပြင်းလွန်းတဲ့ မနက် (၁၀) နာရီကနေ ညနေ (၃) နာရီအချိန်အတွင်း အပြင်ထွက်တာ အတတ်နိုင်ဆုံး ရှောင်ပါ။

..

..

❗ ဂရုပြုပါ

ပုံမှန်မဟုတ်တဲ့ အရေပြားပြောင်းလဲမှု၊ မှဲ့ ​အရောင်နဲ့ ပုံသဏ္ဍာန်ပြောင်းလဲမှုတွေ ဖြစ်လာတိုင်း မှဲ့ကင်ဆာသံသယရှိပြီး ဆရာဝန်နဲ့ပြသပါ။ မှဲ့ကင်ဆာ ဖြစ်ပွားပါက စောစီးစွာ ကုသမှုခံယူပါ။

နေရောင်ခံပြီး အသားအရေညိုအောင် ပြုလုပ်ခြင်း (Tanning) ကို ရှောင်ရှားပါ။

စောစောအတည်ပြု စောစောကုသလို့ မှဲ့ကင်ဆာကို အနိုင်ယူကြရအောင်….။

References ????

????Mayo Clinic | Melanoma

????John Murtagh’s Patient Education; Sixth Edition : pg-303 Melanoma

❤️ NUG, MOH တယ်လီကျန်းမာ ၊ လူတိုင်းအတွက်ပါ ❤️

???? တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှ အခမဲ့တိုင်ပင်ဆွေးနွေးနိုင်ပါသည်

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် (https://m.me/telehealthmm) ကိုနှိပ်ပါ

နေ့စဥ် မနက် (၈) နာရီမှ ည (၁၀) နာရီအထိ

#nugmoh#telehealth#telemedicine

#teleconsultation#တယ်လီကျန်းမာ#Telekyanmar

#melanoma#မှဲ့ကင်ဆာ

Ministry of Health,

National Unity Government.

ဆက်စပ်ရာ ကျန်းမာရေးဆောင်းပါးများ

အိမ်လေးတစ်လုံးနဲ့ တူတဲ့သူ (A Person Like a Home)

‎🏡 အိမ်လေးတစ်လုံးနဲ့ တူတဲ့သူ (A Person Like a Home)‎‎လူ့ဘဝဆိုတာ ခရီးရှည်ကြီးတစ်ခုပါ။ ဒီခရီးလမ်းမှာ ကျွန်တော်တို့အားလုံးဟာ ခရီးသွားတွေသာ ဖြစ်ကြပါတယ်။ နေပူကျဲကျဲ လမ်းမတွေထက်မှာ လျှောက်လှမ်းရတဲ့အခါရှိသလို မိုးသည်းထန်စွာ ရွာသွန်းတဲ့ မုန်တိုင်းတွေကြား ဖြတ်သန်းရတဲ့ အခါတွေလည်း ရှိပါတယ်။‎ဒီလို ပင်ပန်းနွမ်းနယ်လာတဲ့အခါ လူတိုင်း...

အချဉ်ဖောက်ထားသောအစားအစာများ

‎အစားအစာတွေကို တစ်ခေတ်ဆန်းသစ်စေတဲ့ နည်းလမ်းအမျိုးမျိုးရှိတဲ့အနက် တစ်မျိုးကတော့ အချဉ်ဖောက်ထားတာလို့ဆိုရင် မမှားပါဘူး။ ‎သူတို့ရဲ့ အရသာဟာ ချိုချဉ်ငန်ခါးလို သာမန်အရသာမျိုးမဟုတ်ဘဲ တစ်မျိုးလေး ထူးဆန်းနေတတ်ပါတယ်။‎ဒီလိုအချဥ်ဖောက်ထားတာတွေက ‎ကျန်းမာရေးအတွက်လည်း အကျိုးပြုနေတတ်ပါတယ်။ ဘာလို့လဲဆိုတော့ အူလမ်းကြောင်းထဲမှာ အကျိုးပြုပိုးကောင်လေးတွေကို များပြား၊ ပွားများလာစေပြီး အူလမ်းကြောင်းရဲ့ကိုယ်ခံအားကို ကောင်းစေလို့ပါ။ အဲဒီကနေတစ်ဆင့် တစ်ကိုယ်လုံးရဲ့ ကိုယ်ခံအားကိုလည်း...

Dr Harry နှင့် လည်ပင်းသွေးကြောဒဏ်ရာ

Helloကျွန်တော် Dr Harry ပါ။ တိုက်ပွဲတွေက ဆက်တိုက်ဖြစ်ပြီး ခွဲခန်းမှာ ရဲဘော်တွေ ရော၊ စစ်ရှောင်တွေရော လက်မလည်အောင် ရှုပ်ရှက်ခတ်နေတာနဲ့ စာရေးဖို့ကို ဘယ်လိုမှအာရုံစိုက်လို့မရ ဖြစ်နေတာနဲ့ မရေးဖြစ်တာ ကြာသွားပြန်ပြီ။ လူနာမျိုးစုံ၊ ဒဏ်ရာမျိုးစုံ၊ အဖြစ်အပျက်မျိုးစုံနဲ့ စာရေးမယ်ဆို ရေးစရာတွေက အများကြီးပေမယ့် အချိန်လေးရတုန်း အိပ်ချင်တာနဲ့၊ ပင်ပန်းတာနဲ့၊...

ပြောင်းလဲခြင်းကို အလှပဆုံး လက်ခံတတ်ဖို့‎

‎ကျွန်မတို့ဟာ မိခင်ရဲ့ဝမ်းကနေ မွေးဖွားလာချိန်ကစပြီး ဒီကနေ့အထိ ပြောင်းလဲခြင်းများစွာကို ဖြတ်သန်းခဲ့ကြရပါတယ်။ တချို့သော ပြောင်းလဲမှုတွေက သိမ်မွေ့လွန်းတာကြောင့် ကိုယ်တိုင်တောင် သတိမထားမိဘဲ သဘာဝကျကျ ဖြတ်ကျော်နိုင်ခဲ့ကြပါတယ်။ ‎ဥပမာ - ကလေးဘဝကနေ လူငယ်ဘဝကို ကူးပြောင်းတာမျိုး၊ ကျောင်းသားဘဝကနေ လုပ်ငန်းခွင်ထဲ ရောက်သွားတာမျိုးတွေပေါ့။ ဒီလို အဆင့်ဆင့်ပြောင်းလဲတာတွေက တဖြည်းဖြည်းချင်း ဖြစ်ပေါ်လာတာမို့...