မီနူး

ကိုယ်၀န်သည်တို့ ပျို့အန်ခြင်း Hyperemesis Gravidarum

ကိုယ်ဝန်ဆောင်ကာလမှာ မေမေတို့အနေနဲ့ အထိုင်အထခက်တာ၊ ခါးနာကျောနာတာ၊ စိတ်အတက်အကျဖြစ်တာ စတဲ့အပြောင်းအလဲတွေနဲ့အတူ ဖြစ်လေ့ရှိတာကတော့ ပျို့ခြင်း၊ အန်ခြင်းပါပဲ။

ကိုယ်ဝန်ဆောင်ချိန် ပျို့အန်တာဟာ ပုံမှန်ဖြစ်ပြီး အထူးအဆန်းမဟုတ်ပေမယ့် ဆေးပညာအခေါ်အရ Hyperemesis Gravidarum လို့ခေါ်တဲ့ နေ့စဥ်ဆက်တိုက် အလွန်အမင်း ပျို့အန်နေပြီဆိုရင်တော့ ဂရုစိုက်ဖို့လိုလာပါပြီနော်။

..

..

???? ကိုယ်ဝန်ဆောင်တွေ အလွန်အမင်း ပျို့အန်ရတာဟာ..

(၁) ကိုယ်ဝန်ဆောင်ချိန်မှာ အများအပြား ထုတ်လေ့ရှိတဲ့ HCG ဟော်မုန်း၊ မ ဟော်မုန်း (Oestrogen) စတဲ့ ဟော်မုန်းတွေကြောင့်

(၂) အမွှာကိုယ်ဝန်လွယ်ရတဲ့အခါ

(၃) စပျစ်သီးသန္ဓေလို့ခေါ်တဲ့ အမျိုးသမီးရောဂါတွေကြောင့် ကိုယ်ဝန်ဆောင်ချိန် အလွန်အမင်း ပျို့အန်ခြင်းကို ဖြစ်စေပါတယ်။

..

..

???? ဘယ်လို မိခင်လောင်းတွေမှာ ပိုအဖြစ်များလဲ..

????သားဦးကိုယ်ဝန်

????သက်ကြီးကိုယ်ဝန်

????အဝလွန်မိခင်

????အမွှာကိုယ်ဝန်တွေမှာ ပိုလို့ ဖြစ်စေပါတယ်။

..

..

???? ရောဂါလက္ခဏာတွေကတော့ ..

????တစ်နေ့ သုံးကြိမ်၊ လေးကြိမ်အထိ အလွန်အမင်း ရက်ဆက် အန်နေမယ်။

????မိခင်ကိုယ်အလေးချိန် ၁၀ ပေါင်နဲ့အထက် ကျဆင်းလာမယ်။

????ပျို့တာ၊ ခေါင်းမူးတာ၊ မအီမသာဖြစ်တာ စတာတွေ ခံစားရမယ်။

????ရေဓာတ်ခမ်းခြောက်/ရေဓာတ်ဆုံးရှုံးမှု ဖြစ်မယ်…စတာတွေ ခံစားရနိုင်ပါတယ်။

..

..

???? ဘယ်လို စစ်ဆေးမှုတွေပြုနိုင်လဲ ..

အများအားဖြင့် ရောဂါရာဇဝင်မေးမြန်းခြင်းနဲ့ လူနာကို ကြည့်ရှုစမ်းသပ်ခြင်းကနေ သိနိုင်ပြီး လိုအပ်ရင်တော့ ဓာတ်ခွဲစစ်ဆေးမှုတွေ ဆက်လက်ပြုလုပ်ဖို့ လိုပါလိမ့်မယ်။

.

???? ကိုယ်ဝန်သည်တို့ အလွန်အမင်း ပျို့အန်တဲ့အခါ..

????ရေဓာတ်ဆုံးရှုံးပြီး သွေးပေါင်မငြိမ်တာဖြစ်နိုင်လို့ အရည်ဓာတ်ပြန်ဖြည့်ဖို့ လိုပါတယ်။ သီးစုံဓာတ်ဆား၊ အသီးဖျော်ရည်၊ စွတ်ပြုတ် စတဲ့ အရည်များများပါတာတွေ သောက်နိုင်ပါတယ်။ ကော်ဖီ၊ လက်ဖက်ရည်နဲ့ အားဖြည့်အချိုရည်တွေတော့ မသောက်သင့်ပါဘူး။ အရည်ကို နည်းနည်းစီ ဖြေးဖြေးစီ သောက်ရပါမယ်။ အစာနဲ့ ၁ နာရီလောက်ခြားရင် ပိုကောင်းပါတယ်။ အစာအိမ် အရမ်းတင်းသွားရင် ပျို့ချင်စိတ်ပိုဖြစ်တတ်လို့ပါ။

????ပါးစပ်က ဘယ်လိုမှ မ၀င်တဲ့အခါ လိုအပ်သလို အကြောဆေးတို့ ပုလင်းကြီးတို့ချိတ်ရမှာမို့ ဆရာ၀န်နဲ့ စောလျင်စွာပြသဖို့ လိုပါတယ်။

????အအန်ပျောက် သောက်ဆေး/ထိုးဆေးတွေကို ဆရာဝန်ညွှန်ကြားချက်နဲ့ သုံးစွဲနိုင်ပါတယ်။

????အစာကြေလွယ်တာတွေ စားပေးပါ။

????အစားကို နည်းနည်းစီ မကြာခဏခွဲစားတာက အစာကြေလွယ်ပြီး ပျို့အန်တာကို အထိုက်အလျောက် ကာကွယ်ပေးပါတယ်။ ၂ နာရီ၊ ၃ နာရီ တစ်ခါစီလောက် စားပေးနိုင်ပါတယ်။ မုန့်ကြွပ်၊ ဘီစကစ်၊ ကိတ်ခြောက် စတဲ့ မုန့်ခြောက်လေးတွေ စားပေးပါ။ မာနေရင် မိုင်လို (Milo) ၊ အိုဗာတင်း (Overtine) ၊ နွားနို့ စတာတွေနဲ့ စိမ်စားနိုင်ပါတယ်။

????လက်ကောက်ဝတ်မှာ Acupressure Wrist-Band လို့ခေါ်တဲ့ လက်ပတ်လေးတွေ ဝတ်ထားပေးနိုင်ပါတယ်။

????Vitamin B6 (100 mg မကျော်လွန်ဘဲ) သောက်သုံးတာလည်း ပျို့အန်သက်သာစေတဲ့ နည်းလမ်းတွေထဲက တစ်ခုပါပဲ။

????အချို့သူတွေမှာ ဆီနံ့ ဟင်းနံ့တွေက ပိုပျို့စေတတ်ပါတယ်။ အစားအစာ အနံ့ရတာတောင် ပျို့ချင်လာသူတွေမှာ အသီးခြောက်လေးတွေစားပေးတာ၊ မီးလွတ်အစားအစာတွေ (ပေါင်မုန့်ယိုသုတ်တို့လို) စားပေးတာမျိုး လုပ်ကြည့်နိုင်ပါတယ်။

????အဓိကကတော့ တစ်နေ့တာ အာဟာရဓာတ်နဲ့ အရည်ဓာတ်ပြည့်၀အောင် စားသုံးပေးဖို့လိုပါတယ်။

ပိုပြီးမူးစေ/အန်ချင်စေတဲ့ မိမိမနှစ်မြို့တာတွေကို ရှောင်ပေးပါ။ ဥပမာ အသံဆူတာ၊ အသားညှီနံ့ နံတာ၊ မနှစ်မြိုတဲ့အစားအစာ မြင်တာ/အနံ့ရတာမျိုး၊ အလင်းရောင် တဖျပ်ဖျပ်ဖြစ်နေတာမျိုး စတာတွေ ရှောင်ဖို့လည်း လိုပါတယ်။

..

..

???? ကိုယ်ဝန်ဆောင်ချိန် အလွန်အမင်းပျို့အန်တာဟာ First Trimester လို့ခေါ်တဲ့ ကိုယ်ဝန်လွယ်ပထမကာလ (ကိုယ်ဝန်စဆောင်ချိန်မှ ရက်သတ္တပတ် ၁၂ ပတ်မြောက်သည်အထိ) အတွင်းမှာသာ ဖြစ်လေ့ရှိပြီး မိခင်ရော ကလေးအတွက်ပါ တစ်စုံတစ်ရာ အသက်အန္တရာယ်မဖြစ်စေနိုင်ပါဘူး။

ကိုယ်ဝန်သည်တို့ ပျို့အန်တဲ့အခါ အထက်က နည်းလမ်းတွေ လုပ်ဆောင်ကြည့်ပြီး လိုအပ်ပါက ဆရာဝန် အကူအညီရယူပါနော်…။

???? References :

Cleveland Clinic : Hyperemesis Gravidarum

Hyperemesis diet : Southern new hampshire health

❤️ NUG, MOH တယ်လီကျန်းမာ ၊ လူတိုင်းအတွက်ပါ ❤️

????တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

( နေ့စဉ်မနက် ၈နာရီမှ ည၁၀နာရီအထိ )

Ministry of Health,

National Unity Government.

ဆက်စပ်ရာ ကျန်းမာရေးဆောင်းပါးများ

လူတစ်ယောက်ကို အကဲဖြတ်မိတဲ့အခါ ကျွန်မတို့ ဘာတွေ မှားတတ်ကြသလဲ (Fundamental Attribution Error)

လူတစ်ယောက်ကို အကဲဖြတ်မိတဲ့အခါ ကျွန်မတို့ ဘာတွေ မှားတတ်ကြသလဲ (Fundamental Attribution Error) ကျွန်မတို့ လူမှုပတ်ဝန်းကျင်မှာ နေ့စဉ် ကြုံတွေ့နေရတဲ့ နားလည်မှုလွဲတာတွေ၊ စိတ်ဝမ်းကွဲရတာတွေရဲ့ အဓိက တရားခံဟာ Fundamental Attribution Error (FAE) လို့ခေါ်တဲ့ အခြေခံကျတဲ့ အတွေးအမှားတစ်ခု ဖြစ်နေတတ်ပါတယ်။ ဒါကို...

အေသုံးလုံးနှင့် စူပါဆန်းဒေး

"အေသုံးလုံးနှင့် စူပါဆန်းဒေး" တစ်နေ့သော တနင်္ဂနွေနေ့တစ်ရက် ရုံးပိတ်ရက်ပေါ့လေ။ နှလုံးခွဲစိတ်ဆရာဝန်တစ်ယောက် မနက်စောစော ဆေးရုံမှာ Ward Round ဖို့ ထွက်လာခဲ့တယ်။ ဆေးရုံရောက်တော့ ပြီးခဲ့တဲ့ရက်တွေက ခွဲထားတဲ့ လူနာလေးတွေ၊ ခွဲဖို့စောင့်နေတဲ့ လူနာတွေ ကြည့်နေစဥ် အရေးပေါ်မှ ဖုန်းလာပါလေရော။ "အေသုံးလုံးပါ ဆရာ. . . လူနာ အရေးပေါ်ခန်းထဲမှာပါ။...

ခန္ဓာကိုယ်ထဲသို မေးခိုင်ပိုး ဝင်ရောက်နိုင်သည့် အဖြစ်များသော နည်းလမ်းများ (ဇန်နဝါရီ၊ ၂၀၂၆)

ခန္ဓာကိုယ်ထဲသို့ မေးခိုင်ပိုး ဝင်ရောက်နိုင်သည့် အဖြစ်များသော နည်းလမ်းများ (ဇန်နဝါရီ၊ ၂၀၂၆) ▪️ထိုးသွင်းဒဏ်ရာများ (လက်သည်း သို့မဟုတ် အပ်ကဲ့သို့သော အရာဝတ္ထု တစ်ခုခုကြောင့် ဖြစ်သော ဒဏ်ရာများ သို့မဟုတ် တိရစ္ဆာန်ကိုက်ခြင်း)▪️အညစ်အကြေး၊ ဝမ်း သို့မဟုတ် တံတွေးတို့ဖြင့် ပေကျံနေသော ဒဏ်ရာများ▪️တစ်ရှူးသေများပါရှိသော ဒဏ်ရာများ (ဥပမာ- မီးလောင်ဒဏ်ရာ၊...

သေဆုံးနှုန်း ၄၀% ကျော်ရှိပြီး လတ်တလော အိန္ဒိယမှာ ဖြစ်ပွားနေတဲ့ နီပါ (Nipah) ဗိုင်းရပ်စ်အကြောင်း

❗️သေဆုံးနှုန်း ၄၀% ကျော်ရှိပြီး လတ်တလော အိန္ဒိယမှာ ဖြစ်ပွားနေတဲ့ နီပါ (Nipah) ဗိုင်းရပ်စ်အကြောင်း Nipah ဗိုင်းရပ်စ်ဆိုတာ တိရိစ္ဆာန်များမှ လူသို့ ကူးစက်နိုင်သော (zoonotic) ဗိုင်းရပ်စ်တစ်မျိုး ဖြစ်ပါတယ်။ သစ်သီးစားလင်းနို့ အမျိုးအစားတွေဖြစ်တဲ့ (fruit bats/ flying foxes) တွေဟာ ဒီဗိုင်းရပ်စ်ရဲ့...