မီနူး

‘ရာသီစာ သရက်သီးရဲ့ ကျန်းမာရေး အနှစ်သာရများ’ Health Benefits of Mango (March, 2023)

‘ရာသီစာ သရက်သီးရဲ့ ကျန်းမာရေး အနှစ်သာရများ’

“အသီးမှာ သရက်” ဆိုတဲ့ ဂုဏ်ပုဒ်အတိုင်း အရောင်၊အဆင်း၊ အနံ့၊ အရသာနဲ့ ပြည့်စုံပြီး မြန်မာလူမျိုးတို့အကြိုက် ‘ရာသီစာ သရက်သီး’ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေကို ပြောပြပေးပါမယ်။

???? ပုံမှန်အရွယ်အစား သရက်သီးတစ်လုံးမှာ –

* ကယ်လ်လိုရီ 202 (Kcal)
* ကာဗိုဟိုက်ဒရိတ် 50 ဂရမ် (g)
* ပရိုတင်းဓာတ် 3 ဂရမ် (g)
* အမျှင်ဓာတ် 5 ဂရမ် (g)
* ဖောလစ်ဓာတ် (folate)
* ဗီတာမင် A
* ဗီတာမင် B
* ဗီတာမင် C
* ပိုတက်ဆီယမ်၊ မဂ္ဂနီဆီယမ်
* beta-carotene (ဓာတ်တိုးဆန့်ကျင်ပစ္စည်း)… အစရှိတဲ့ အာဟာရဓာတ်တွေ ပါဝင်ပါတယ်။
..
..

???? ရာသီစာသရက်သီး စားပေးမယ်ဆိုရင် –

➤ ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးတယ်။

သရက်သီးမှာ ရောဂါပိုးတိုက်ထုတ်ရာမှာ အရေးပါတဲ့ ဗီတာမင်စီနဲ့ ဗီတာမင်အေဓာတ် ကြွယ်ဝတာမို့ ကိုယ်ခံအားကောင်းစေရုံသာမက ပြင်ပရောဂါတွေဝင်ရောက်လာခြင်းမှလည်း ကာကွယ်ပေးနိုင်ပါတယ်။
.

➤ ကင်ဆာရောဂါ ဖြစ်ပွားမှုကို လျှော့ချပေးနိုင်ပါတယ်။

ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ လုံလောက်စွာပါဝင်တဲ့ သရက်သီးက ဆဲလ်တွေ ဓာတ်တိုးပျက်စီးခြင်းမှ ကာကွယ်ပေးတာမို့ အိုမင်းရင့်ရော်ခြင်းကို နှေးကွေးစေပြီး အသက်ကြီးလာချိန် ဖြစ်တတ်တဲ့ ဆီးချိုရောဂါ၊ ကင်ဆာနဲ့ အခြားနာတာရှည်ရောဂါတွေ ဖြစ်ခြင်းမှ ကာကွယ်ပေးနိုင်တယ်လို့ လေ့လာတွေ့ရှိထားပါတယ်။
.

➤ အစာအိမ်နဲ့ အူလမ်းကြောင်းကျန်းမာရေးကို ကောင်းမွန်စေပါတယ်။

“ဝမ်းတစ်လုံးကောင်း ခေါင်းမခဲ” ဆိုသလို သရက်သီးမှာပါဝင်တဲ့ amylase က အစာခြေစနစ်ကို ပံ့ပိုးပေးပြီး အမျှင်ဓာတ်နဲ့ ရေဓာတ်ကြွယ်ဝမှုကလည်း အူနံရံတွေကို ကျန်းမာစေကာ ဝမ်းမှန်စေပါတယ်။
.

➤ နှလုံးကျန်းမာရေးကို အထောက်အကူပြုပါတယ်။

သရက်သီးမှာပါဝင်တဲ့ ပိုတက်ဆီယမ်နဲ့ မဂ္ဂနီဆီယမ်ဓာတ်တွေက သွေးကြောတွေရဲ့ လုပ်ငန်းဆောင်တာ (function) ကို ပုံမှန်လည်ပတ်စေတာမို့ သွေးလည်ပတ်မှုကောင်းမွန်စေပြီး သွေးပေါင်ချိန်ကို ထိန်းညှိပေးပါတယ်။
.

➤ မျက်လုံးလေးတွေ အားရှိဖို့ စားပေးသင့်တဲ့ အသီးဖြစ်ပါတယ်။

မျက်လုံးအတွက် မရှိမဖြစ် အာဟာရဓာတ်ဖြစ်တဲ့ ဗီတာမင်အေ ကြွယ်ဝတာမို့ ဗီတာမင်အေ ချို့တဲ့ပြီး မျက်လုံးခြောက်တာ၊ ကြက်မျက်သင့်တာ စတဲ့လက္ခဏာတွေကို ကာကွယ်ပေးနိုင်ပါတယ်။
.

➤ သန္ဓေသားဖွံ့ဖြိုးမှုကို အထောက်အကူပေးတယ်။

???? DNA ဆဲလ်ပွားခြင်းနဲ့ သွေးနီဥထုတ်ရာမှာ အရေးပါတဲ့ ဖောလစ်ဓာတ် (folate) နဲ့ ကော့ပါး (copper) ပါဝင်တာမို့ သရက်သီးဟာ ကိုယ်ဝန်ဆောင်မိခင်တွေအတွက် စားပေးသင့်တဲ့ အသီးဖြစ်ပါတယ်။
..
..

???? သတိထားဖို့လိုတဲ့အချက်တွေကတော့…

???? အမှည့်လွန် သရက်သီး အလွန်အကျွံစားရာကနေ ဝမ်းပျက်ဝမ်းလျှောနဲ့ ဗိုက်နာတာ ဖြစ်နိုင်လို့ လတ်ဆတ်ပြီး သဘာဝအတိုင်းမှည့်တဲ့ သရက်သီးကိုပဲ သင့်တင့်တဲ့ပမာဏသာ စားသုံးသင့်ပါတယ်။

???? အချိုလွန်ကဲတဲ့ သရက်သီးဟာ သွေးတွင်းသကြားဓာတ် မြင့်တက်စေနိုင်တာကြောင့် ဆီးချိုလူနာတွေအတွက် ဂရုစိုက်သင့်ပါတယ်။
.

???? မြန်မာနိုင်ငံမှာ အနံ့၊ အရသာပေါ်မူတည်ပြီး သရက်သီးမျိုးစိတ်တွေလည်းများ၊ အမျိုးမျိုး ပြင်ဆင်ပြီး စားပုံစားနည်းလေးတွေလည်း မတူကွဲပြားကြတာမို့ ဘယ်လိုလုပ်ပြီး စားရတာကို အကြိုက်ဆုံးလဲ ဆိုတာလေးကိုလည်း ပြောပြသွားပါဦးနော်…

Reference : ????
https://www.healthline.com/nutrition/mango…

❤️ NUG, MOH တယ်လီကျန်းမာ ၊ လူတိုင်းအတွက်ပါ ❤️

???? တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှ အခမဲ့တိုင်ပင်ဆွေးနွေးနိုင်ပါသည်

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက်( https://m.me/telehealthmm )ကို နှိပ်ပါ
( နေ့စဉ် မနက် ၈နာရီမှ ည၁၀နာရီအထိ )

#nugmoh#telehealth#telemedicine
#teleconsultation#တယ်လီကျန်းမာ
#mango#သရက်သီး

Ministry of Health,

National Unity Government.

Published on: 21 March 2023
Last Updated: 21 March 2023

ဆက်စပ်ရာ ကျန်းမာရေးဆောင်းပါးများ

အိမ်လေးတစ်လုံးနဲ့ တူတဲ့သူ (A Person Like a Home)

‎🏡 အိမ်လေးတစ်လုံးနဲ့ တူတဲ့သူ (A Person Like a Home)‎‎လူ့ဘဝဆိုတာ ခရီးရှည်ကြီးတစ်ခုပါ။ ဒီခရီးလမ်းမှာ ကျွန်တော်တို့အားလုံးဟာ ခရီးသွားတွေသာ ဖြစ်ကြပါတယ်။ နေပူကျဲကျဲ လမ်းမတွေထက်မှာ လျှောက်လှမ်းရတဲ့အခါရှိသလို မိုးသည်းထန်စွာ ရွာသွန်းတဲ့ မုန်တိုင်းတွေကြား ဖြတ်သန်းရတဲ့ အခါတွေလည်း ရှိပါတယ်။‎ဒီလို ပင်ပန်းနွမ်းနယ်လာတဲ့အခါ လူတိုင်း...

အချဉ်ဖောက်ထားသောအစားအစာများ

‎အစားအစာတွေကို တစ်ခေတ်ဆန်းသစ်စေတဲ့ နည်းလမ်းအမျိုးမျိုးရှိတဲ့အနက် တစ်မျိုးကတော့ အချဉ်ဖောက်ထားတာလို့ဆိုရင် မမှားပါဘူး။ ‎သူတို့ရဲ့ အရသာဟာ ချိုချဉ်ငန်ခါးလို သာမန်အရသာမျိုးမဟုတ်ဘဲ တစ်မျိုးလေး ထူးဆန်းနေတတ်ပါတယ်။‎ဒီလိုအချဥ်ဖောက်ထားတာတွေက ‎ကျန်းမာရေးအတွက်လည်း အကျိုးပြုနေတတ်ပါတယ်။ ဘာလို့လဲဆိုတော့ အူလမ်းကြောင်းထဲမှာ အကျိုးပြုပိုးကောင်လေးတွေကို များပြား၊ ပွားများလာစေပြီး အူလမ်းကြောင်းရဲ့ကိုယ်ခံအားကို ကောင်းစေလို့ပါ။ အဲဒီကနေတစ်ဆင့် တစ်ကိုယ်လုံးရဲ့ ကိုယ်ခံအားကိုလည်း...

Dr Harry နှင့် လည်ပင်းသွေးကြောဒဏ်ရာ

Helloကျွန်တော် Dr Harry ပါ။ တိုက်ပွဲတွေက ဆက်တိုက်ဖြစ်ပြီး ခွဲခန်းမှာ ရဲဘော်တွေ ရော၊ စစ်ရှောင်တွေရော လက်မလည်အောင် ရှုပ်ရှက်ခတ်နေတာနဲ့ စာရေးဖို့ကို ဘယ်လိုမှအာရုံစိုက်လို့မရ ဖြစ်နေတာနဲ့ မရေးဖြစ်တာ ကြာသွားပြန်ပြီ။ လူနာမျိုးစုံ၊ ဒဏ်ရာမျိုးစုံ၊ အဖြစ်အပျက်မျိုးစုံနဲ့ စာရေးမယ်ဆို ရေးစရာတွေက အများကြီးပေမယ့် အချိန်လေးရတုန်း အိပ်ချင်တာနဲ့၊ ပင်ပန်းတာနဲ့၊...

ပြောင်းလဲခြင်းကို အလှပဆုံး လက်ခံတတ်ဖို့‎

‎ကျွန်မတို့ဟာ မိခင်ရဲ့ဝမ်းကနေ မွေးဖွားလာချိန်ကစပြီး ဒီကနေ့အထိ ပြောင်းလဲခြင်းများစွာကို ဖြတ်သန်းခဲ့ကြရပါတယ်။ တချို့သော ပြောင်းလဲမှုတွေက သိမ်မွေ့လွန်းတာကြောင့် ကိုယ်တိုင်တောင် သတိမထားမိဘဲ သဘာဝကျကျ ဖြတ်ကျော်နိုင်ခဲ့ကြပါတယ်။ ‎ဥပမာ - ကလေးဘဝကနေ လူငယ်ဘဝကို ကူးပြောင်းတာမျိုး၊ ကျောင်းသားဘဝကနေ လုပ်ငန်းခွင်ထဲ ရောက်သွားတာမျိုးတွေပေါ့။ ဒီလို အဆင့်ဆင့်ပြောင်းလဲတာတွေက တဖြည်းဖြည်းချင်း ဖြစ်ပေါ်လာတာမို့...